Google က ထိုင်းမှာ ဒေတာ နဲ့ Cloud စင်တာ တည်ဆောက်ဖို့ ဒေါ်လာ ၁ ဘီလီယမ် ရင်းနှီးမြှပ်နှံမည်
========================================================
မြန်မာ အိမ်နီးချင်း ထိုင်း နိုင်ငံကိုတော့ ကမ္ဘာ့ ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးတွေ ရင်းနှီးမြှပ်နှံဖို့ ကြိုးစားနေကြပါတယ်။ Microsoft က ထိုင်းမှာ ဒေတာ စင်တာ တည်ဆောက်ဖို့ ရင်းနှီးမြှပ်နှံမယ်လို့ အရင်က ပြောထားပါတယ်။
အခုတော့ Google ကလည်း ထိုင်းမှာ ဒေတာနဲ့ Cloud စင်တာ တည်ဆောက်ဖို့ ထိုင်းမှာ ဒေါ်လာ ၁ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီအတွက် ထိုင်းမှာ ၂၀၂၉ ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှ အလုပ်သမား ၁၄,၀၀၀ အလုပ်ရကြမှာ ဖြစ်ပါတယ်။
Google က အရှေ့တောင်အာရှမှာ မြင့်မားလာတဲ့ Cloud လိုအပ်ချက်ကို ဖြည့်ဆည်းဖို့နဲ့ AI အသုံးပြုမှု မြင့်မားဖို့အတွက် ထိုင်းမှာ ရင်းနှီးမြှပ်နှံတာလို့ ပြောပါတယ်။ ၂၀၂၉ ခုနှစ် အရောက်မှာ Google ဟာ ထိုင်းမှာ ဒေါ်လာ ၄ ဘီလီယမ်အထိ ရင်းနှီးမြှပ်နှံလာနိုင်တယ်လို့ ပြောပါတယ်။
ထိုင်း ဝန်ကြီးချုပ် ပေတုန်တန်က နိုင်ငံရဲ့ Cloud First မူဝါဒနဲ့ Google ရဲ့ ရင်းနှီးမြှပ်နှံမှုဟာ ကိုက်ညီတယ်လို့ ပြောပါတယ်။ သူမဟာ Alphabet နဲ့ Google ရဲ့ ဥက္ကဌနဲ့ ရင်းနှီးမြှပ်နှံမှု အကြီးတန်း အရာရှိ Ruth Porat နဲ့ အောက်တိုဘာလ ၁ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
Kaung Myat
Delete Comment
Are you sure that you want to delete this comment ?