2 yrs - Translate

တရုတ်အိုးပင်း၌ မူချိုဗာ ဆီမီးဖိုင်နယ်တက်ခဲ့
----------------------

ချက်တင်းနစ်မယ် မူချိုဗာဟာ တရုတ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်မှာ ဆီဒင်အဆင့်-၁ ရထားတဲ့ ဆာဘာလန်ကာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မူချိုဗာနဲ့ ဆာဘာလန်ကာတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။

ဆီဒင် အဆင့်-၁ ရထားသလို ကမ္ဘာ့အဆင့်ရပ်တည်မှုလည်း မြင့်တဲ့ ဆာဘာလန်ကာအတွက် အခက်အခဲမရှိနိုင်ဘူးလို့ အများစုက ထင်ကြေးပေးခဲ့ကြပေမယ့် တကယ်တမ်း ပွဲကစားချိန်မှာတော့ ဆာဘာလန်ကာက အမှားအယွင်းတွေ ပိုများခဲ့တာကို တွေ့ရပါတယ်။

မူချိုဗာကလည်း သူမရဲ့အကောင်းဆုံးလက်စွမ်းနဲ့အတူ ဆာဘာလန်ကာကို တုန့်ပြန် နိုင်ခဲ့လို့ ပွဲကအကြိတ်အနယ်ရှိခဲ့တာပါ။

ပွဲကစားချိန်ကြာလာတာနဲ့အမျှ ဆာဘာလန်ကာရဲ့ပုံစံက ပင်ပမ်းလာတဲ့ အနေအထားမျိုးမှာရှိနေခဲ့ပြီး ပွဲကစားချိန် (၃)နာရီနီးပါး အကြိတ်အနယ်ယှဉ်ပြိုင်အပြီးမှာတော့ မူချိုဗာက (၇း၆၊၂း၆၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

မူချိုဗာအတွက်ကတော့ ဆာဘာလန်ကာနဲ့ ဆုံတွေ့တဲ့ နောက်ဆုံး ၃ ကြိမ်ဆက်တိုက်အနိုင်ရတာဖြစ်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်မှာတော့ တရုတ်တင်းနစ်မယ် ကျန်ကွင်းဝမ် နဲ့ ဆက်လက်ယှဉ်ပြိုင်ရတော့မှာလည်းဖြစ်ပါတယ်။

image
2 yrs - Translate

ချင်းမိုင် ရေကြီးမှုတွင် ဆင်များကိုကယ်ဆယ်
----------------
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်က ရေကြီးရေလျှံမှုမှာ ဆင်တွေ၊ ဝက်တွေနဲ့ ကျွဲတွေကို အာဏာပိုင်တွေနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင်တွေက အလျင်အမြန် ကယ်ဆယ်ဖို့ ကြိုးပမ်းနေကြောင်း အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။

ဆင်စောင့်ရှောက်ရေး သဘာဝဥယျာဉ်ကနေ ဆင်ကောင်ရေ ၁၁၇ ကောင်ကို ကယ်တင်နိုင်ခဲ့ပြီး အကူအညီလိုနေတဲ့ နောက်ထပ် ဆင် ၉ ကောင် ကျန်နေ‌ သေးတယ်လို့ ဒုတိယဝန်ကြီးချုပ် ဖွမ်သမ် ဝိချာရာချိုင်က ပြောပါတယ်။

အနည်းဆုံး ဆင်နှစ်ကောင် ရေနစ်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းတွေက ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသမှာ သြဂုတ်လက စတင်တဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၄၉ ဦး သေဆုံးပြီး ထောင်ချီတဲ့ မိသားစုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

အခုလို ရေကြီးရေလျှံမှုတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေအထဲမှာ စိုက်ပျိုးရေးအတွက် မြေယာအသုံးပြုမှု ပြောင်းလဲတာ၊ ရပ်ရွာတိုးချဲ့တာနဲ့ တောမီးတွေ ပိုမိုပြင်းထန်လာတာ‌ တွေပါဝင်ပါတယ်။

သစ်တောဧရိယာတွေ ကျုံ့သွားတာနဲ့အမျှ ဒေသရဲ့ ရေစုပ်ယူနိုင်စွမ်းကျဆင်းပြီး လျှပ်တစ်ပြက်ရေကြီးမှုကို သိသိသာသာ အထောက်အကူဖြစ်စေပါတယ်။

ဒါ့အပြင် သင့်တော်တဲ့ မြို့ပြစီမံကိန်းမရှိဘဲ မြို့ပြချဲ့ထွင်တာကလည်း ရေနုတ်မြောင်းစနစ်တွေကို အနှောင့်အယှက်ဖြစ်စေပြီး ရေကြီးမှုကို ပိုမိုဆိုးရွားစေတယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

image
2 yrs - Translate

သီတင်းကျွတ် ပိတ်ရက်လဲရောက်တော့မယ်ဆိုတော့ ယူတို့ကော တောင်တန်းတွေဆီ အလည်သွားမှာလား ပင်လယ်တွေဆီ အလည်သွားမှာလား ပြောပြခဲ့ဦးနော် ….. 🤍

2 yrs - Youtube

2 yrs - Translate

ရန်ကုန်မြစ်ထဲ ထူးကဲဒီရေတက်နိုင်မယ်ဆိုတာ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကြေငြာထားတာတွေ့ပါတယ်။
အခုလက်ရှိပဲခူးမြစ်ရေ၊ လှိုင်မြစ်ရေတွေက ပုံမှန်ရေအမှတ်အထိကျနေပြီး ငမိုးရိပ်တမံကလဲ ရေပြန်ကျနေပြီဖြစ်တာကြောင့် ငမိုးရိပ်ချောင်းဘေးအနိမ့်ပိုင်းရပ်ကွက်များကလွဲရင် စိုးရိမ်စရာမရှိပါ။
မိုးရွာနိုင်မယ်ဆိုရင်တောင် မိုးများနိုင်မှာမဟုတ်ပေမဲ့ TIDE-FORECAST က တင်ထားတဲ့ ရန်ကုန်မြစ်ရေအမြင့်က ၁၈-၁၉-၂၀ ၃ ရက်၊ နံနက်အစောပိုင်း အိပ်ကောင်းချိန်တွေမှာ အမြင့်ဆုံး ၂၃.၀၇ ပေအထိရှိနိုင်ကြောင်း ထုတ်ပြန်ထားတာလဲရှိနေတာကြောင့် - ငမိုးရိပ်ချောင်းဘေးတဘက်တချက်က ရေဝင်တတ်တဲ့ အနိမ့်ပိုင်းရပ်ကွက်တွေကတော့ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ သတိထားကြရပါဦးမယ်။
အောက်တိုဘာ ၅ ရက် နံနက် ၁၁ နာရီ
Reference : https://www.tide-forecast.com/......./Rangoon.../tides
တိုင်နှင့်ပြည်နယ်များမှ မြို့များ၏ မိုးလေဝသအခြေအနေကြည့်ရန် -
https://www.mmweather.org/divi....sional-cities-weathe
U Win Naing

imageimage
2 yrs - Youtube

2 yrs - Translate

Ransom negotiating ?
ဈေးဆစ်တဲ့ စကေးတပေါက် 😁

2 yrs - Translate

ဘိုင်အိုဂျက်ဆစ် နံပါတ်တစ် 😁

image