2 yrs - Translate

06 Oct 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,580
USD Sell - MMK 4,680
EUR Buy - MMK 4,930
EUR Sell - MMK 5,070
SGD Buy - MMK 3,430
SGD Sell - MMK 3,540
THB Buy - MMK 135.14
THB Sell - MMK 138.89
JPY Buy - MMK 30.20
JPY Sell - MMK 31.04
MYR Buy - MMK 1,050
MYR Sell - MMK 1,090
CNY Buy - MMK 635
CNY Sell - MMK 655

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,975,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,350,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
2 yrs - Translate

ချစ်တယ်ဆိုတာ လုပ်ရပ်တွေနဲ့ ဆိုင်တယ်။

ပန်းပင်လေးကို ချစ်တယ်ပြောပြီး ရေမလောင်းသလိုမျိုးပေါ့
ချစ်တယ်ပြောပြီး အလေးနက်မှ မထားရင်၊
ချစ်တယ်ပြောပြီး ဂရုစိုက်ကြင်နာမှုမရှိရင်
ဒီပန်းပင်လေးက ကြာကြာဘယ်ရှင်သန်နိုင်ပါ့မလဲ၊

အရာရာဟာ မေတ္တာဓါတ်တွေလိုအပ်တယ်။
ယုယကြင်နာမှုတွေလိုတယ်။ လေးနက်မှုတွေလိုတယ်။
ဖေးမမှုတွေလိုတယ်။

ချစ်တယ်ပြောပြီး ချစ်ခြင်းရဲ့ အမူအရာတွေမပြရင်တော့
ဒီပန်းပင်လေးကသေသွားအုံးမှာပဲ

image
2 yrs - Translate

My Fri - နင်ကဘာflagလဲ
Me - 🫠

image
2 yrs - Translate

ငါတို့နှစ်ယောက်ကြားက တိတ်ဆိတ်ခြင်းကို
ဘယ်စကားလုံးနဲ့ပြန်အသက်သွင်းမလဲ
မင်းကနေနိုင်တယ် ၊
ငါကနေနိုင်ချင်ယောင်ဆောင်တယ်
တကယ့်ငရဲပဲ !

အောင်ချိမ့်

image
2 yrs - Translate

ကျွန်တော့်ဘေးမှာ အချိန်အကြာကြီး
ဘယ်သူမှ မနေနိုင်ကြဘူး။

ဒီစာဟာ သူတို့ကို အပြစ်ပြောနေတာ
မဟုတ်ပါဘူး ကျွန်တော့ကိုယ်ကျွန်တော်
အပြစ်တင်မိတာပါ။

ကျွန်တော့်စိတ်က အမြဲလိုလို Overthinking
တွေများလွန်းတော့ တစ်ခါတစ်ခါ သိပ်ကို
နားလည်ရခက်တယ်။

တစ်ယောက်ထဲနေရင်းနဲ့လည်း တွေးချင်ရာတွေ
တွေးနေမိတာ အတွေးတွေရောက်လာတာနဲ့
အရာအာလုံးက မှောင်မိုက်သွားသလိုပဲ
အထီးကျန်ဆန်ပြီးလဲ အားငယ်မိတယ်။

ကျွန်တော့်ကိုချစ်တဲ့သူရော ကျွန်တော်က
ချစ်တဲ့ သူတွေရော ကျွန်တော့် ဘေးမှာ
နေခဲ့ရတာ သိပ်ပင်ပန်း နေခဲ့ကြမှာပဲ
ကျွန်တော် အားနာမိပါရဲ့ ။

ဘာပဲဖြစ်ဖြစ် အခုတော့ ကျွန်တော်
တစ်ယောက်ထဲ ရအောင်နေတတ်ဖို့
ကြိုးစားနေပါတယ် ဘယ်သူ့အတွက်မှ
အနှောင့်အယှက် မဖြစ်စေချင်တော့သလို
ကျွန်တော် ကိုယ်တိုင်လည်း
ရင့်ကျက်ဖို့ လိုနေပြီထင်ပါရဲ့ ။

တစ်ခုခုဆိုထိရှလွယ်လွန်းလို့တဲ့ စိတ်ကိုရအောင်
ဖျောက်မယ် လူစုလူဝေးတွေကို မသွားတော့ဘူး
တစ်ယောက်ထဲ နေတတ်အောင်လေ့ကျင့်မယ်။

ကျွန်တော်အတွက်လည်း ...
လူတွေအများကြီး မလိုအပ်တော့ပါဘူး
ကျွန်တော့်ကို နားလည်ပေးနိုင်တဲ့ လူတစ်ချို့
မဟုတ်တောင် လူအနည်းစုလေးနဲ့တင်ပဲ
လုံလောက်နိုင်ပါတယ်။

#2001
//crd

image
2 yrs - Translate

မီ တူ မိုင် ဘွိုင်းဖရန့်....😗

image
2 yrs - Translate

ဖြစ်နေကျအရာတွေပဲ😄

image
2 yrs - Translate

အိမ်ပြန်ရောက်ရင်
-----------------

ဒီတစ်ကြိမ် အိမ်ပြန်ရောက်ရင်
အမေချက်တဲ့ ငါးဟင်းလည်း
မငြင်းဘဲ စားမယ်

အိမ်တွင်းနတ်စင်က ပိုက်ဆံ
မခိုးတော့ဘူးလို့ ကတိပေးမယ်

အမေယုံတဲ့
အဆောင်လက်ဖွဲ့ ကြိုးအနီလေးလည်း ပတ်ထားမယ်

တကယ်ဝေးရမှန်းသိရင်
အမေချက်တဲ့ ဟင်းတွေမှာ
ငြင်းရက်စရာ တစ်ခွက်မှ မရှိဘူး ။

ဆန်းကျော်စွာဝင်း

image
2 yrs - Translate

🥴

image
2 yrs - Translate

မင်းကဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကို သူဟာ မင်းအပြင် တခြားတစ်ယောက်ကိုချစ်မိလာတဲ့အခါမှ သိလာမှာဖြစ်ပြီး...

မင်းကဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို…မင်းကိုချစ်ပါတယ်ဆိုတဲ့သူတစ်ယောက်နဲ့ ဆုံတွေ့တဲ့အချိန်မှသာမင်းလဲကိုယ့်တန်ဖိုးကိုယ်သိလာမှာပဲဖြစ်ပါတယ်။

ကိုယ်မရှိလဲ ဖြစ်ပါတယ်ဆိုတဲ့ သူကိုပစ်ချပြီး
ကိုယ်မရှိလို့ မဖြစ်ပါဘူးဆိုတဲ့ သူကိုပဲရွေးချယ်ပါ။

တစ်စုံတစ်ယောက်အတွက် စျေးပေါနေမဲ့အစား
တစ်စုံတစ်ယောက်ရဲ့ တန်ဖိုးရှိတဲ့သူပဲဖြစ်ပါစေ။

💭 || 2.10.2024

image