Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပုဇွန်ငရုတ်သီးစိမ်းအစပ်ချက်
~~~~~~~~~~~~~~~~~~~~~~~~~
ပုဇွန်၃၀သားအတွက်ဆီ၅ကျပ်သားကြက်သွန်နီအနေတော်၄လုံးကြက်သွန်ဖြူ၁၀မွှာငရုတ်သီးစိမ်းအစပ်ကြိုက်သလောက်ချယ်ရီခရမ်းချဉ်သီး၁၀လုံးငါးပိစိမ်းစားအရည်ဖျော်ထမင်းစားဇွန်းနဲ့၃ဇွန်းရေနွေးတဖန်ခွက်လိုပါတယ်ရှင့်
ဆီအိုးတည်ပြီးဆီပူလာရင်ကြက်သွန်ဖြူနီထောင်းထားတာထည့်ပါနနွင်းနဲနဲထည့်ပါပုဇွန်အခွံ့တဝက်ခွာထားတာထည့်ပါခရမ်းချဉ်သီးခြမ်းထားတာထည့်ပါပြီးရင်ငရုတ်သီးစိမ်းမညက်တညက်ထောင်းထားတာထည့်ပါ
ရေနွေးတဖန်ခွက်ထည့်ပြီးအပေါ့အငန်စိတ်ကြိုက်ထည့်ပါ၂မိနစ်လောက်နေရင်တော့ပုဇွန်ငရုတ်သီးစိမ်းချက်ပူစပ်ပူလောင်လေးကိုထမင်းပူပူရေနွေးပူပူနဲ့တခြားဘာဟင်းမှမလိုဘဲစားလို့ရပါပြီရှင့်
တန်ဟတ်အနာဂတ်ကို မိမိမဆုံးဖြတ်ဟု ရက်ကလစ်ဖ်ပြော
----------------------
နည်းပြ တန်ဟတ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေကို သူကိုယ်တိုင်ဆုံးဖြတ်သွားမှာမဟုတ်ဘူးလို့ မန်ယူအသင်း ရှယ်ယာပိုင်ရှင် ရက်ကလစ်ဖ်က ပြောလိုက်ပါတယ်။
မန်ယူအသင်းရှယ်ယာအချို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဝယ်ယူခဲ့ပြီးနောက် ရက်ကလစ်ဖ်ဟာ အသင်းရဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ စီမံပိုင်ခွင့်ကို ရယူခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် ပြီးခဲ့တဲ့ ဇူလိုင်လက နည်းပြတန်ဟတ်ကို ၁ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပေမယ့် မန်ယူအသင်းဟာ အခုရာသီအစမှာ ပုံစံကောင်းပျောက်ဆုံးနေသလို ရလဒ်တွေကလည်း ဆိုးရွားနေခဲ့တာ ဖြစ်ပါ တယ်။
ဒါ့ကြောင့် တန်ဟတ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ရက်ကလစ်ဖ်က နည်းပြရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်ခွင့်က အသင်းရဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်နေပြီး သူ့အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ ဖြေကြားသွားခဲ့တာပါ။
တန်ဟတ်ကို ထောက်ခံနေသေးလားဆိုတဲ့ မေးခွန်းတွေနဲ့ပတ်သက်လို့လည်း ရက်ကလစ်ဖ်က အခုချိန်မှာ မဖြေချင်ပါဘူးလို့ ပြန်လည်ပြောကြားသွားခဲ့ပါ တယ်။
မန်ယူနည်းပြ တန်ဟတ်ကတော့ အသင်းရဲ့လုပ်ငန်းစဉ်တွေက ပုံမှန်အတိုင်းဆက်သွားနေဆဲဖြစ်တာကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်အားပေးဖို့လိုအပ်တယ်လို့ ပြောထားပါတယ်။
မန်ယူဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး အခုရာသီစ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၃ ပွဲသာအနိုင်ရထားခဲ့တာဖြစ်ပါတယ်။
Nandi Chit
Delete Comment
Are you sure that you want to delete this comment ?