ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကုလအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုအကူအညီပေးမှုများကို ပိတ်ဆို့တားဆီးမှုမရှိဟု နိုင်ငံခြားရေးဝန်ကြီးပြော
ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုအကူအညီပေးမှုတွေကို ပိတ်ဆို့တားဆီးမှုမရှိဘဲ လုံခြုံရေးဆောင်ရွက်ပေးနိုင်တဲ့ ဒေသအားလုံးကို ခွင့်ပြုဆောင်ရွက်ပေးနေတယ်လို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ၈ရက်က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနဲ့ ကုလသမဂ္ဂအေဂျင်စီတွေက ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံရှင်းလင်းပွဲမှာ အခုလိုပြောကြားလိုက်တာပါ။
နိုင်ငံတော်အစိုးရအနေနဲ့ လူသားချင်းစာနာမှုအကူအညီ အမှန်တကယ်လိုအပ်နေသူတွေဆီကို ခွဲခြားမှုမရှိ ဖြန့်ဝေပေးနိုင်ရေးအတွက် အလေးထားသလို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ခရီးသွားလာခြင်းကို လုံခြုံရေးကိစ္စ အလေးထားစီစဉ်ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ မြန်မာနိုင်ငံအခြေအနေမှန်တွေကို သမာသမတ်ကျကျ ဘက်လိုက်မှုမရှိဘဲ နိုင်ငံတကာအသိုက်အဝန်းကို အသိပေးစေလိုတယ်လို့လည်း ဦးသန်းဆွေက ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ-MOFA