Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အမြဲတမ်းသည်းခံနေတဲ့လူတစ်ယောက်
ပေါက်ကွဲသွားတဲ့အခါ
ဒီလောက်လေးနဲ့ အဲ့လောက်ဖြစ်စရာမလိုပါဘူးဆိုတဲ့
စကားတွေနဲ့
အပြစ်တွေ တင်တတ်ကြတယ် ။
အမြဲတမ်း နားလည်ပေးနေတဲ့လူတစ်ယောက်က
နားလည်မပေးတော့တဲ့အခါ
ဒီလောက်လေးတောင် နားလည်မပေးနိုင်ဘူးလားဆိုတဲ့
စကားတွေနဲ့
စကားနာထိုးတတ်ကြတယ် ။
ဘယ်အရာမဆို
အတိုင်းအတာ ဆိုတာရှိတယ်ဆိုတာမှန်း
လူတိုင်းက နားမလည်တတ်ကြဘူး
သူတို့မှ မနာကျင်ဖူးရင်သူတို့မှ မနစ်နာဖူးရင်
သူတို့ ဖြစ်တာမှ မဟုတ်ရင်
ဒဏ်ရာဆိုတာကို သူ့တို့က ဟာသလို့ပဲ ထင်ကြတာ ။
#2001
Good Night ပါ ... ကလေးရေ ...
အများကြီး ပင်ပန်းစေခဲ့ပြီထင်ပါတယ်
အများကြီး နာကျင်ခဲ့ပြီထင်ပါတယ်
ညတွေ မအိပ်ဖြစ်တာလဲ ကြာပြီထင်ပါတယ်
ကြည့်...
မျက်နှာ ပြည့်ပြည့်ဖောင်းဖောင်းလေးကနေ
နည်းနည်းလေး ပိန်ကျသွားခဲ့ပြီ
ကြည်ကြည်လင်လင်မျက်လုံးလေးက
တဖြေးဖြေး မျက်ရည်တွေနဲ့
ပြည့်နှက်လာတယ်ဆိုပါတော့
မျက်တွင်းလေးလဲ မဲလို့
ညတွေ မအိပ်ပဲ ဘာလို့နေလဲဆိုတဲ့
မေးခွန်းတွေတော့ မေးမနေတော့ပါဘူး
ပျော်ရမယ်ထင်ပြီး
ဟာသတွေ ကြည့်နေမယ်ဆိုလဲသိတယ်
စိတ်ပြေလက်ပျောက်ဆိုပြီး
ဇာတ်ကားတွေ ကြည့်နေမှာလဲသိတယ်
ဒါပေမယ့်
အိပ်ချိန် ကျော်တဲ့ထိတော့
ကိုယ့်ကိုယ်ကိုယ် မနာကျင်စေနဲ့ပေါ့
မပျော်ရတဲ့ ဟာသတွေကြည့်ပြီး
ငိုမနေနဲ့ပေါ့ ...
ဒီတစ်ည ...
အများကြီး ငိုခဲ့ပြီးသွားပြီမလား
ခေါင်းလေးချ
မျက်လုံးလေး မှိတ်
အိပ်မက်လှလှမက်ပါစေဆိုတဲ့ ဆု မပေးတော့ပါဘူး
ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့်
ညလေးပဲ ဖြစ်စေချင်တော့တယ်
Good Night ပါ ကလေးရေ ...🤍🤍🤍
#ကျေးကို
⏱အချိန်က ခဏလေးမို့ ချစ်ချစ်ခင်ခင် နေခြင်းက အကောင်းဆုံးပဲ
🙍♂️မိတ်ဆွေဖြစ်ဖြစ်🤍
👩❤️💋👨ချစ်သူဖြစ်ဖြစ်🤍
👫ခင်သူဖြစ်ဖြစ်🤍
👩👩👦👦မိသားစုဝင်ဖြစ်ဖြစ်🤍ခင်မင်ရင်းနီးစွာနဲ့ နေတာ မေတ္တာ တွေပေးတာအကောင်းဆုံးပဲ။
⏱နာရီတိုင်းက တန်ဖိုးရှိတဲ့ အမှတ်တရဖြစ်ရင်း
ချစ်ခြင်းနဲ့ အနားမှာရှိရတာပဲ အရေးကြီးတယ်။
တစ်ယောက်ထဲလည်း အဆင်ပြေတယ်ဆိုတဲ့စိတ် ကျွန်တော့်မှာရှိတယ်
ကမ်းလှမ်းလာတဲ့ မေတ္တာအရိပ်အယောင်တွေမှာ
ကျွန်တော်လိုလားတောင်းတတဲ့ ချစ်ခြင်းမေတ္တာမျိုးသာ မပါခဲ့ရင် တစ်ယောက်ထဲနေသွားဖို့ ကျွန်တော်ရွေးချယ်မိလိမ့်မယ်
တစ်စုံတစ်ယောက်ရှိနေခြင်းဟာ နွေးထွေးသလို
တစ်ယောက်ထဲရှင်သန်ခြင်းဟာလည်း အေးချမ်းကြောင်း အရွယ်တစ်ခုအရောက်မှာသိလာမိတယ်
ပျော်ရွှင်ခြင်းကို ကိုယ်တိုင်ဖန်တီးပြီး
ဘယ်သူ့ကြောင့်မှ မျက်ရည်ကျရခြင်း မရှိတဲ့ဘဝမျိုးဆိုရင် အထီးကျန်ပါစေဦး မွေ့လျော်မိမှာပဲ
ဘဝက ထင်သလောက် သိပ်မကြာဘူးမဟုတ်လား
ဘယ်သူ့မျက်နှာအရိပ်အခြေမှ ကြည့်စရာမလိုဘဲ လုပ်ချင်သမျှအကုန်လုပ်နိုင်တာလည်း ကျွန်တော်သတ်မှတ်တဲ့ နေချင်စဖွယ်လောကပါပဲ။
#2001
//crd