Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
💚 Garden Quartz 💚
💚 Chakraအားလုံးကို ကိုယ်စားပြုပြီးအဓိကအားဖြင့် Spiritual နှင့်စိတ်ပိုင်းဆိုင်ရာ Crown Chakra ဖြစ်ပါတယ်
💚 အစိမ်းရင့်ရောင်နဲ့ အနက်ရောင်ရှိတဲ့ Quartzလေးတွေက မိမိနဲ့ မိမိရဲ့ ပတ်ဝန်းကျင်က
Negative vibes တွေကို စုပ်ယူပေးပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်က vibes တွေကို သန့်စင်စေပါတယ်
💚 Earth Star Chakra ကို Healing လုပ်စေတာ
ကြောင့် စိတ်တည်ငြိမ် စူးစိုက်မှု အားကောင်းစေပြီး Heart Chakra မှ Upper Chakra အားလုံးကို
တဆက်တည်း အားကောင်းမျှတစေပါတယ်
💚 ကိန်းအောင်းနေတဲ့ အရည်ချင်းတွေကို ထင်ရှားသိမြင်စေပြီး လက်တွေ့ မှာအသုံးချ လာနိုင်တဲ့အထိ အကျိုးပြုပေးတယ်
💚 Garden Quartz နဲ့တရားထိုင် ပြီးရင် စိတ်အတွင်းပိုင်းကို Declutter လုပ်ပြီးရင် လူသစ်တစ်ယောက်လိုကို လန်းဆန်းဖြစ်တည်လာတာကို တွေ့ရမှာဖြစ်ပါတယ်
💚 မိမိမှာရှိတဲ့Energyကို ထောက်ပံ့ပေးပြီး မိမိနဲ့ မိမိ ပတ်ဝန်းကျင်က Negative Vibesများကိုလည်း သန့်စင်ပေးပါတယ်
💚 ကျောက်ကလေးတွေအခုမှစဆောင်မယ့်သူတွေအတွက်အသင့်တော်ဆုံးပါနော်
💚 Energy အရမ်းကောင်းတဲ့ အစိမ်းရောင် Garden Quartz အကိတ်ကြီးပါ
#ruby
ပေါ်တူဂီအသင်းနှင့် ရော်နယ်ဒို ပူးပေါင်း
------------------
အယ်နာဆာအသင်းရဲ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ နေးရှင်းလိဂ်ပြိုင်ပွဲကစားမယ့် ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့ အောက်တိုဘာလ(၈)ရက်နေ့မှာ စတင်ပူးပေါင်းခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုတွင်းပွဲစဉ်နှစ်ပွဲကစားခဲ့ရာမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားသလို ရလဒ်ကောင်းတွေ ထပ်ရဖို့အတွက် လေ့ကျင့် မှုတွေကို စတင်ပြုလုပ်နေတာပါ။
နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ခရိုအေးရှား၊ ပိုလန်၊ စကော့တလန် အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့အတွက် ရလဒ်ကောင်းတွေရရှိဖို့ ကြိုတင်ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
အုပ်စုတွင်းပွဲစဉ်မှာ ခရိုအေးရှားအသင်းနဲ့ စကော့တလန်အသင်းတို့ကို အနိုင်ရထားတဲ့ ပေါ်တူဂီ အသင်းဟာ အောက်တိုဘာလ(၁၂)ရက်နေ့မှာ ပိုလန်အသင်း၊ (၁၆)ရက်နေ့မှာ စကော့တလန်အသင်းတို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ ခက်ခဲတဲ့အုပ်စုအတွင်းမှာ ကျရောက်နေခဲ့တာကြောင့် ပေါ်တူဂီအသင်းအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ကစားရခက်ခဲလာနိုင်တယ်လို့လည်း ပရိသတ်တွေက ကြိုတင် သုံးသပ်မှုတွေ ရှိလာခဲ့ပါတယ်။
ထမင်းစားတဲ့အခါ...ထမင်းမြိန်စေဖို့...🥗🥗🥗
သရက်ချဉ်သုပ်
ပါ၀င်ပစ္စည်း
၁။သရက်ချဉ် ၅ ကျပ်သား
၂။ကြက်သွန်နီ (၂) လုံး
၃။ဆီ
၄။ဆား
၅။အချိုမှုန့်
၆။နှမ်း
သုပ်နည်း
၁။သရက်ချဉ်ကိုရေဆေးပြီး ပန်းကန်ထဲထည့်ပါ။
၂။ကြက်သွန်နီကို အခွံခွာ ထိပ်ဖွင့် ပါးပါးလှီး ရေဆေးပြီး သရက်ချဉ်ပန်းကန်ထဲထည့်ပါ။
၃။ထို့နောက် ဆီ ၊ဆား ၊ အချိုမှုန့်၊နှမ်း ထည့်ပြီး သမအောင်မွှေပေးပါ။
ဒါဆိုရင် သရက်ချဉ်သုပ်လေးရပြီပေါ့နော်...
သရက်ချဉ်သုပ် ကို သတ်သတ်လွတ်စားသူတွေလဲ သုပ်စားနိုင်ပါတယ်
ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေးနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ
(အောက်တိုဘာလ ၉ ရက်၊ နေ့လည် ၁၂ နာရီ ၁၅ မိနစ်)
ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ
အမေရိကန်ဒေါ်လာ 4600 – 4700
စင်ကာပူဒေါ်လာ 3450 – 3550
ဥရောပယူရို 4960 – 5100
ဂျပန်ယန်း 30.45 – 31.29
တောင်ကိုရီးယားဝမ် 3.39 – 3.49
အိန္ဒိယရူပီး 52.70 – 54.17
မလေးရှားရင်းဂစ် 1050 – 1090
တရုတ်ယွမ် 640 – 660
ထိုင်းဘတ် 135.14 – 138.89
ပြင်ပ ရွှေဈေးကွက်မှာတော့
၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,350,000
ဝယ်စျေး 6,250,000
၁၅ ပဲရည်
ရောင်းစျေး 5,980,000
ဝယ်စျေး 5,880,000
ရွှေကုန်သည်အသင်း (ရန်ကုန်) သတ်မှတ်စျေးကတော့
၁၆ ပဲရည် မီးလင်း - 5,392,000
၁၅ ပဲရည် - 5,055,0000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2623 ဒေါ်လာ ဖြစ်သည်။
#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး
မြန်မာခရီးသွားတွေမှာ လွဲမှားနေတဲ့ စေတနာအမှားလေးတစ်ခုရှိပါတယ်။ အဲဒါက ခရီးသွားတဲ့အခါမှာ လည်စရာနေရာတွေနားက ကလေးတွေကို မုန့်ပေးတာ ၊ မုန့်ဖိုးပေးတာတွေလုပ်တာပါ။ တချို့ဆိုရင် ကလေးတွေကို ကျွေးဖို့ ၊ မုန့်ဖိုးပေးဖို့ဆိုပြီး မုန့်နဲ့အကြွေတွေတကူးတက ယူလာတာမျိုးတောင်ရှိပါတယ်။ တကယ်တော့ ဒါတွေက လုံးဝ မလုပ်သင့်တဲ့လုပ်ရပ်ထဲမှာ ပါပါတယ်။
ဒီစာက ငြင်းခုံစရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ရေးဖို့လိုအပ်တယ်လို့ယူဆလို့ ဒီစာလေးကို ရေးလိုက်တာပါ။
ကျွန်တော် တခြားနိုင်ငံရဲ့ နာမည်ကြီးနေရာတွေကို သွားတဲ့အခါ ဥပမာ - ကမ္ဘောဒီးယားက အန်ကောဝပ်ဆိုပါတော့ ၊ ခရီးသွားများလိုက်နာရန် (Traveler code of conduct) ဆိုပြီး ကလေးတွေကို မုန့်နဲ့ပိုက်ဆံမပေးဖို့ကို အဝင်မှာကတည်းက တားမြစ်ထားတာပါ။ တခြားနာမည်ကြီး နေရာတွေမှာလည်းရှိပါတယ်။ မြန်မာပြည်မှာတော့ အဲလိုမျိုးတားမြစ်သတိပေးတာတွေမရှိတဲ့အပြင် ၊ ပေးကမ်းစွန့်ကြဲတာကောင်းတယ်လို့ယုံကြည်ကြတဲ့အတွက် ကလေးတွေကို မုန့်ဖိုးပေးလိုက် မုန့်ကျွေးလိုက်လုပ်လေ့ရှိကြပါတယ်။
ကိုယ်ကစေတနာရှိလို့ပေးလိုက်တာ ၊ ကျွေးလိုက်တာဆိုပေမယ့် နောက်ကွယ်မှာ အကျိုးဆက်တွေရှိလာနိုင်တာကိုတော့ သတိမထားမိကြပါဘူး။ အဲဒါတွေကတော့ . . .
ကလေးတွေကို တောင်းတတ်အောင်သင်ပေးလိုက်တာနဲ့တူပါတယ်။
ကိုယ်ကနေရာတစ်ခုသွားတယ် သူ့ဘာသူနေတဲ့ကလေးတွေကို ခေါ်ပြီးမုန့်ဖိုးလေးပေးလိုက်တယ်။ ပြီးတော့ ပြန်သွားတယ်။ ဒီလိုနဲ့ ကိုယ်လိုလူနောက်တစ်ယောက်ထပ်လာတယ် ပြီးနောက်တစ်ယောက်ထပ်လာတယ်။ ဒါမျိုးခဏခဏဖြစ်လာတဲ့အခါ အဲဒီနေရာနားက ကလေးတွေစိတ်ထဲမှာ ဧည့်သည်လာရင် ပိုက်ဆံရတယ်ဆိုတဲ့အတွေးမျိုး ဝင်လာပြီး မျှော်ကိုးတဲ့စိတ် ဝင်လာပါတယ်။ အဲဒီကနေ စပြီး စမ်းတောင်းကြည့်တာမျိုးဖြစ်လာပါတယ်။
ကလေးတွေဆိုတာ အတုမြင်ရင် အတတ်သင်ကို သင်ပါတယ်။ ကလေးတစ်ယောက်က ဧည့်သည်ဆီက ပိုက်ဆံတောင်းတာရလိုက်တယ်ဆိုတာ သိရင် တခြားကလေးတွေလည်းလိုက်တောင်းပါတော့တယ်။ ဒါမျိုးကို ကျွန်တော်ကျိုက်ထီးရိုးမှာ တွေ့ခဲ့ပါတယ်။
တောင်းစားရင် ကျောင်းမသွားကြတော့ပါဘူး။ ဒီစကားက ကြားရတာလက်မခံချင်စရာဖြစ်ပေမယ့် အမှန်ပါပဲ။ တောင်းစားတဲ့ကလေးဆီကနေ ဝင်ငွေလေးတစ်ခုရလာတဲ့အခါ မိဘတွေကနေပြီး ကလေးကို ကျောင်းမပို့ပဲ တောင်းပဲတောင်းစားခိုင်းပါတော့တယ်။ တချို့ဆိုရင် မိဘကအလုပ်ရှိတယ် ၊ အပိုဝင်ငွေရအောင်ဆိုပြီးကို ကလေးကိုတမင်တောင်းစားခိုင်းတာပါ။ အဲဒါဆိုရင်တော့ အဲဒီကလေးရဲ့ ဘဝက တောင်းစားသူအဖြစ်နဲ့လမ်းဆုံးသွားမှာ အတော်စိုးရိမ်ရပါတယ်။
ခုနောက်ပိုင်းမှာဆို ရန်ကုန်ရဲ့အင်းယားကန်ဘောင်လိုနေရာမှာတောင် မိန်းကလေးတွေကို ပစ်မှတ်ထားပြီး ခြေထောက်ကိုအတင်းဖက်ပြီး ပိုက်ဆံအတန်ကြီးတွေကို အတင်းတောင်းတာမျိုးတွေတောင် ရှိလာပါတယ်။
နောက်ဆုံးပြောရရင်တော့ ကူညီတာကောင်းပါတယ် ဒါပေမယ့် သေချာစဥ်းစားပြီးမှ နည်းလမ်းတစ်ခုနဲ့ထိထိရောက်ရောက်ကူညီစေချင်တာပါ။ ကလေးတွေရဲ့စိတ်ထဲမှာ ဉာဏအားနဲ့ဖြစ်စေ ၊ ကာယအားနဲ့ဖြစ်စေ ရိုးသားစွာရှင်သန်နေထိုင် ငွေရှာလို့ရတယ်ဆိုတဲ့အတွေးတွေရှိနေဖို့လိုပါတယ်။ လူတွေရဲ့ စေတနာ နဲ့ သနားတဲ့စိတ်က အသုံးချဖို့အကောင်းဆုံးပါ ဒါကြောင့်မို့ စေတနာအမှားနဲ့ ကလေးတွေကို အညွန့်ချိုးမိပြီး လမ်းမှားမပို့မိစေဖို့ ဒီစာလေးကို အမုန်းခံရေးလိုက်ပါတယ် . . . .
Responsible Traveler တွေအဖြစ်နဲ့ ကျွန်တော်တို့ခရီးသွားကြရအောင်ပါ။
Yours in Adventure
ရေးသားသူ - Saw Ko Oo (Backpacker’s Notes)