44 w - Translate

🤭

image
44 w - Translate

တစ်ယောက်ထဲလည်း အဆင်ပြေတယ်ဆိုတဲ့စိတ် ကျွန်တော့်မှာရှိတယ်

ကမ်းလှမ်းလာတဲ့ မေတ္တာအရိပ်အယောင်တွေမှာ
ကျွန်တော်လိုလားတောင်းတတဲ့ ချစ်ခြင်းမေတ္တာမျိုးသာ မပါခဲ့ရင် တစ်ယောက်ထဲနေသွားဖို့ ကျွန်တော်ရွေးချယ်မိလိမ့်မယ်

တစ်စုံတစ်ယောက်ရှိနေခြင်းဟာ နွေးထွေးသလို
တစ်ယောက်ထဲရှင်သန်ခြင်းဟာလည်း အေးချမ်းကြောင်း အရွယ်တစ်ခုအရောက်မှာသိလာမိတယ်

ပျော်ရွှင်ခြင်းကို ကိုယ်တိုင်ဖန်တီးပြီး
ဘယ်သူ့ကြောင့်မှ မျက်ရည်ကျရခြင်း မရှိတဲ့ဘဝမျိုးဆိုရင် အထီးကျန်ပါစေဦး မွေ့လျော်မိမှာပဲ

ဘဝက ထင်သလောက် သိပ်မကြာဘူးမဟုတ်လား
ဘယ်သူ့မျက်နှာအရိပ်အခြေမှ ကြည့်စရာမလိုဘဲ လုပ်ချင်သမျှအကုန်လုပ်နိုင်တာလည်း ကျွန်တော်သတ်မှတ်တဲ့ နေချင်စဖွယ်လောကပါပဲ။

#2001
//crd

image
44 w - Translate

နော်

image
44 w - Translate

ဘဝအသစ်မှာအခြေကျတဲ့အခါ
ဒဏ်ရာတွေကိုဝေးဝေးကရှောင်ပါတယ်

သိပ်ချစ်တယ်ဆိုတဲ့လူတွေတိုင်းဟာ
မင်းလိုပဲဆိုတဲ့ ဆိုတဲ့စိတ်နဲ့
ငါအဝေးကြီးမှာနေခဲ့တယ်

ရှပ်အင်္ကျီတစ်ထည်ရဲ့ထရော်မာများ || ဂန္ဓမာ

image
44 w - Translate

အသက်ရှူမှန်ချင် ကျွန်တော့်ကို မေ့လိုက်
ကိုလှဖေ..

ကျွန်တော့်လှေ ဒီနှစ်ပိုင်းတွေမှာ
ကမ်းကပ်ဖို့ ကြိုးစားမှာ မဟုတ်ဘူး ။

image
44 w - Translate

သိမ်ငယ်ရတဲ့ ရပ်ဝန်းဆိုရင်ရှောင်ပါ
ကိုယ်လဲ ကိုယ်မိဘရဲ့အဖိုးတန်ရတနာလေးပဲလေ💫

image
44 w - Translate

တခါတလေ ကိုယ့်ကိုယ်ကို သိပ်သနားတယ် ။
ပင်ပန်းလည်း အရမ်းတက်ကြွနေသလို
ဟန်ဆောင်ရတယ် ။

နာကျင်နေလည်း ဘာမှမဖြစ်သလို နေပြရတယ် ။

သေလောက်အောင် ဝမ်းနည်းနေလည်း
သိပ်မခံစားရသလို ပြုံးနေရတယ် ။

ဘာတစ်ခုမှ အဆင်မပြေလည်း
အရမ်းအဆင်ပြေနေသလို လုပ်ပြနေရတယ် ။

မျက်ရည်တွေ သိမ်းဆည်းဖို့
ရယ်မောခြင်းနဲ့ ဟန်ဆောင်ဖာထေးရတယ် ။

မလှပတဲ့ အတိတ်ရယ် သွေးမတိတ်တဲ့ ဒဏ်ရာတချို့ရယ် ရင့်ကျက်ခြင်းလို့ ခေါင်းစဉ်တပ်ပြီး ဟန်ဆောင်မုသားတွေနဲ့ ဖြတ်သန်းရတဲ့ နေ့ရက်တွေကြား
တကယ်ပါ ကိုယ့်ကိုယ်ကို သိပ်သနားမိတယ်

#2001
//crd

image
44 w - Translate

ဆက်လုပ်ထား ကျန်းမာရေးကောင်းတယ်တဲ့😏

image
44 w - Translate

ချစ်လားမေးမှ ...ချစ်တယ်လို့ ဖြေတာမျိုးတွေ
စာတွေ အများကြီး ပို့နေပြီးတော့မှ
Seen ပြပြီး Reply ပြန်မလာတာမျိုးတွေ ...
တကယ် လွမ်းလို့ပါဆိုပြီး
မျက်ရည်တွေနဲ့ တောင်းဆိုခဲ့တာတောင်
ကိုယ့်အတွက် အချိန်ရှိမနေတာမျိုးတွေ ...
တစ်ခါတစ်လေကျတော့လည်း
ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မိတယ်
ဂရုစိုက်မှုတွေကိုတောင်
ကိုယ့်ဖက်က လုပ်ယူနေရတာမျိုးလား တွေးနေမိတယ် ...
ကိုယ့်ကိုယ်ကိုယ်လည်း သနားလာမိသလို
အတင်းလုပ်ယူမှ ရမယ့် ချစ်ခြင်းမေတ္တာတွေကိုလည်း
မလိုချင်တော့ပါဘူး ။ရှိပါစေတော့ ... ရှိစေတော့ပေါ့
ကိုယ် ချစ်ခြင်းတွေက မှန်ခဲ့တာပဲ
ကျန်တာ မမျှော်လင့်ထားတော့တာ ကောင်းပါတယ် ။

#spicylife

image
44 w - Translate

အယ်

image