2 yrs - Translate

dog ?
chit sa yrr kalay lay

လူတွေမဖြစ်နိုင်ဘူးထင်တဲ့အရာကို
ဖြစ်အောင်လုပ်ပြရတာသိပ်အရသာရှိတာ

ကြိုးစားနေတဲ့အခိုက်အတန့်လေးမှာ

အာရုံစူးစိုက်မှုပိုကောင်းလာမယ်
Idea သစ်တွေထွက်လာမယ်
ယုံကြည်မှုတွေတိုးလာမယ်
ကိုယ်ပိုင်ကမ္ဘာငယ်လေးမှာကိုယ်ပိုင်ပျော်ရွှင်မှုတွေရှိနေမယ်

ဖြစ်မလာသေးရင်တောင် အတွေ့အကြုံအသစ်တွေရမယ်

မဖြစ်နိုင်တဲ့အရာမရှိဘူးလို့တော့လက်ခံထားတယ်
အချိန်တစ်ခုမရောက်သေးရုံပါဘဲ
လုံလောက်တဲ့အချိန်တစ်ခုရောက်ရင်ဖြစ်ကိုဖြစ်တယ်

ဖြစ်ချင်တာတွေဖြစ်မလာခင်အခိုက်အတန့်လေးမှာတော့
အဆိုးရော အကောင်းရော ရှိတယ်

ဝေဖန်သူတွေ နဲ့ လေကန်သူတွေရှိနိုင်တယ်
မဖြစ်နိုင်ဘူးလို့ ထင်ကြေးပေးသူတွေရှိနိုင်တယ်
လမ်းမှားနေပြီလို့ သူထင်ရာသူပြောမိသူတွေရှိနိုင်တယ်

ကိုယ်ကြိုးစားလျှောက်နေတဲ့လမ်းမှာအဲ့လိုကြုံရင်

ပြောသူကို ကြည့်ရတယ်

ကိုယ်လေးစားအားကျချစ်ခင်ယုံကြည်ရသူလား
သူက ကိုယ့်ထက်အတွေ့ကြုံရှိပြီးတော်နေတဲ့သူလား
ကိုယ်ရောက်ချင်တဲ့နေရာကို ကြိုရောက်နှင့်သူလား
တကယ့် အရည်အချင်းရှိ ပညာရှိလား

ဒီလိုသူတွေဆိုရင်တော့ သေချာအလေးအနက်
နားထောင်ပြီး ပြင်စရာရှိတာပြင်မယ် ဆက်လျှောက်မယ်

အဲ့လိုလူမဟုတ်ရင်တော့ I don’t care ပါ

ယူတို့ကအိုင့်က်ို
ထင်ချင်သလိုထင်ရင်း အချိန်ကုန်နိုင်ပါတယ်

Don’t believe me ,just watch ✌️

Thank you so much
10.10.2024
#idea

2 yrs - Translate

ပျော်ချင်ရင် ပေးရတယ်
ရယူချင်စိတ် မမွေးရဘူး

ပစ္စည်းဥစ္စာမှာပဲ ဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာမှာပဲ ဖြစ်ဖြစ်

မျှော်လင့်ချက် ဖျောက်နိုင်မှ
တကယ် ပျော်ရတာ ။ ။

#ခွန်ဟိဏ်း(Yesagyo)

image
2 yrs - Translate

ငါ့ဘဝကြီးကို ကြည့်စမ်းပါဦး ကိုကိုရယ်
ငါကချစ်တော့လဲ ဝေး
ငါ့ကိုချစ်တော့လဲ ဝေးနဲ့

ငါ့ရင်ထဲမှာ ဒါဏ်ရာတွေ ။
ငါ့အတိတ်မှာ အမှတ်တရတွေ ။

ပြီးတော့လဲ

အလုပ်လုပ်လိုက် ငွေရှာလိုက် နဲ့
ပုံမှန်လိုလို ပြန်လည်ပတ်ရ ။
သောက်တလွဲ
ပြိုလဲပျက်စီးနေတဲ့ ငါ့ဘဝကြီးမှာ အရာရာဟာ
အထီးကျန်စရာတွေကြီးပါပဲ ကိုကိုရာ

#မယ်ညို

image
2 yrs - Translate

အလုပ်မှာအရမ်းပျော်နေမှာပေါ့နော်..
Me :

image
2 yrs - Translate

image
2 yrs - Translate

အချဉ်စားပြီး အဆင်ထိုင်ကြည့်လို့ရလား👉😁👈
#kuukuu

image
2 yrs - Translate

စိတ်မပျော်တဲ့အခါ
စကားသိပ်မပြောဘဲ များများအိပ်တာက
ပိုကောင်းတယ်။

ညမှာရှိတဲ့ နွေးထွေးတဲ့ စောင်တစ်ထည်နဲ့
အိပ်မက်ကောင်းတစ်ခုကသာ
နေ့တိုင်း အဆင်မပြေမှုတွေနဲ့ ကြုံရတဲ့ ငါတို့ကို
နှစ်သိမ့်ပေးနိုင်တာပါ။


#နိုင်းနိုင်းစနေ

image
2 yrs - Translate

သတိတရပါပဲ ...
တစ်ဖက်က သူစိမ်းလို့ သတ်မှတ်ထားပေမယ့်

သံယောဇဉ်မပျက်နိုင်တဲ့ ကိုယ်သာ
သတိတွေ ရနေရတယ် ။

ပြောဖြစ်ကြမယ်ဆိုရင် စကားလုံးတွေ
အများကြီး ရှိပါသေးတယ်

အကြောင်းအရာတွေမှ တစ်ပုံတစ်ပင်ကြီးပဲ

ဒါပေမယ့် ...
ဒါပေမယ့်ပဲပေါ့

တစ်ဖက်သတ် ပြည်ဖုံးကားချသွားတဲ့
ဇာတ်လမ်းမှာ

ကိုယ်တစ်ယောက်တည်း ဆက်ကချင်နေလို့မှ မရတာ ။

#2001

image
2 yrs - Translate

😓

image