51 w - Translate

သူမကို အကြိမ်ကြိမ်
မြင်ဖူးပါလျက် ခို:ကြည့်မိပြန်တယ် ..။

ဟော လှပြန်ပြီ ။

_မင်းလူ

image

သီးရွက်စုံကြော်
——————-
ကြက်သွန်ဖြူ နီ ခရမ်းချဉ်သီးတစ်လုံး ငြုပ်သီးစိမ်း
အားလုံးဆီသတ်ပါ မွှေးလာရင် ကိုယ်နှစ်သက်ရာ
အသီးရွက်များထည့်ပါ ငါးငံပြာရည် နည်းနည်းထည့်ပါ
နှစ်သက်ရာအချိုမှုန့်ထည့်ပါ ရေအနည်းငယ်ထည့်ပြီးလုံးပေးပါ
အသီးရွက်တွေနွမ်းရင် အရသာမြည်းပြီး အငံလိုပါက ဆားထည့်ပါ ရပါပြီ
ဆူးပုပ်ရွက်နဲ့ပင်စိမ်းပါရင် ပိုမွှေးပြီးပိုစားကောင်းပါတယ်

image
51 w - Translate

နာမည်အရင်း ခေါ်ရင် တို့မကြိုက်ဘူးနော်😒

#အကိုမေ

image
51 w - Translate

Yummy 🤤

image
51 w - Translate

မင်းတို့တွေ Pyae Gyi ကိုမစားကြပါနဲ့ 🙏

image
51 w - Translate

အကွက်တွေရွှေ့နေတာသိတယ် ချစ်လို့ထိုင်ကြည့်နေတာ

image
51 w - Translate

cheers for all the pain we chose to hide 🥂

image
51 w - Translate

ပုဂံသို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပခရီးသွားများအား ဝန်ဆောင်မှု ပေးနိုင်ရန် မြင်းလှည်းအစီးရေ (၁၀၀)ကျော် စီစဉ်ထား

သီတင်းကျွတ် ပွဲတော်ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ စေတီ၊ ပုထိုးများ စုံလင်စွာ ကြည့်ရှုလေ့လာနိုင်ရန် ယခင်ကထက်တိုးချဲ့၍ မြင်းလှည်းအစီးရေ (၁၀၀) ကျော်ဖြင့် နေ့စဉ်ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း ပုဂံဒေသခံ မြင်းလှည်းအသင်းမှ သိရသည်။

ခရီးသွားဧည့်သည်များ စေတီ၊ ပုထိုးများကို နောက်ခံထား၍ မြင်းလှည်းစီး ဓာတ်ပုံရိုက်ကူးခြင်း၊ စေတီ၊ ဂူဘုရားများအကြား သွားလာရခြင်း၊ နေဝင်ဆည်းဆာအလှ ကြည့်ရှုနိုင်ရန် အထင်ကရဘုရားစေတီများအနီးရှိ မြင်းလှည်းဂိတ်များနှင့် ဆာကူရာ၊ သရပါ၊ ပုဂံသံတဲနှင့် ပုဂံဟိုတယ်များအနီး ဂိတ်များထိုး၍ ယခင်ကထက် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

“မြင်းလှည်းလေး စီးပြီး လည်ပတ်ရတာ ပိုသဘောကျမိတယ်။ ဝန်ဆောင်မှုလည်းကောင်းတယ်။ တခြား E Bike တွေ ဘာတွေကျတော့ ရင်းနှီးပြီး စီးဖူးပြီးသားလေ ရန်ကုန်မှာက မြင်းလှည်းဆိုတာ တစ်ခါ တစ်လေ ကလေးစီးသလောက်ပဲ ရပ်ကွက်ထဲမှာ ရှိတာဆိုတော့ ပုံဂံရောက်တုန်းလေး မြင်းလှည်း စီးပြီး လည်ဖြစ်တယ်”ဟု ပုံဂံဒေသသို့ သွားရောက်လည်ပတ်သူ ဧည့်သည့်တစ်ဦးက ပြောသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ခရီးသွားဝန်ဆောင်မှုပေးနေသော မြင်းလှည်းအစီးရေ (၁၀၀) ကျော်ရှိပြီး မြင်းလှည်းစီး၍ စေတီပုထိုးများကို ကြည့်ရှုလေ့ လာပါက တစ်နာရီလျှင် ငွေကျပ် (၁၅၀၀၀) ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ပုဂံဒေသခရီးသွားရာသီမှာ အောက်တိုဘာလမှ မတ်လအတွင်းဖြစ်ပြီး သီတင်းကျွတ်ပွဲတော်ကာလ ပုဂံဒေသတွင် အောက်တိုဘာ (၁၅) ရက်မှ (၁၈)ရက်အထိ ဟိုတယ်ခန်း အပြည့် ကြိုတင်မှာယူထားမှုများရှိကာ အောက်တိုဘာ (၁၃) ရ က်မှစတင်၍ ဘုရားဖူးများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ပုံဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဒေသခံများမှာ ခရီးသွားကဏ္ဍနှင့် ရပ်တည်နေရသည့် ဒေသဖြစ်သောကြောင့် ခရီးသွားများ အားလုံးကို ကောင်းမွန်ချိုသာသည့် စကားနှင့် ဝန်ဆောင်မှုပေးရန် မြင်းလှည်းမောင်းသူများကို တိုက်တွန်းထားကြောင်း ပုဂံမြင်းလှည်းအသင်း ဥက္ကဋ္ဌ ဦးမြတ်သူက ဆိုသည်။

ပုဂံယဉ်ကျေးမှု နယ်မြေတွင် အခြားသော ပို့ဆောင်ရေးယာဉ်များထက် မြင်းလှည်းကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ နှစ်သက်အားပေးလျက်ရှိပြီး ယနေ့အချိန်တွင် မြင်းလှည်းများကို မန္တလေး၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ပုပ္ပား၊ မင်းကွန်းနှင့် ပုဂံတို့တွင် နှစ်ဘီးတပ် မြင်းလှည်းများဖြင့် အသုံးပြုလျက်ရှိပြီး တောင်ကြီးနှင့် ပြင်ဦးလွင်တို့တွင် လေးဘီးတပ် ရထားလုံးများဖြင့် ခရီးသွားဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

image
51 w - Translate

ပြည်တွင်း၌ ငလျင်လှုပ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ယခု ရက်သတ္တပတ်များအတွင်း ပြည်တွင်းရှိ မြို့ရွာများအနီး ဗဟိုပြု၍ ငလျင်များလှုပ်ခတ်မှု ဆက်တိုက်ဖြစ်ပေါ်နေနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၏ အသိပေးထုတ်ပြန်ချက်များအရ သိရသည်။

ယနေ့ အောက်တိုဘာ (၁၄) ရက် မွန်းလွှဲပိုင်းတွင်လည်းက ချင်ပြည်နယ်၊ တနိုင်းမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၀)အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။

ယနေ့ မွန်းလွှဲ (၁)နာရီ၊ (၃၂)မိနစ်၊ (၃၆) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက် မြောက်ဘက် (၅၅) မိုင်ခန့် အကွာ မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့ တောင်ဘက် (၁၉) မိုင်ခန့် အကွာ)၊ မြောက်လတ္တီ တွဒ် (၂၆. ၁၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၈၈)ဒီဂရီ၊ အနက် (၁၁) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၁၁)ရက်ကလည်း စစ်ကိုင်းငလျင်ကြောပေါ်ရှိ မြို့ခြောက်ခုတွင် အင်အားအသင့်တင့်ရှိသည့် ငလျင်လှုပ်ခဲ့ပြီး မန္တလေး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ စစ်ကိုင်း၊ မုံရွာနှင့်ရွှေဘိုတို့တွင် လှုပ်ခတ်မှုကို သိသာခဲ့သည်ဟု ဒေသခံများက လူမှုကွန်ရက်တွင် မျှဝေထားသည်။

image
51 w - Translate

ကလောမြို့တွင် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံအချို့ကို ပြန်လည်ပြုပြင်ပြီးဖြစ်၍ ဓာတ်အားဖြန့်ဖြူးပေးထားနိုင်ပြီဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ရပြီး လက်ရှိတွင် အချို့ကို ပြန်လည်ပြုပြင်ပြီးဖြစ်၍ ဓာတ်အားဖြန့်ဖြူးပေးထားနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

ကလောမြို့အတွင်း ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် (၁၁) ကေဗွီ၊ (၄၀၀) ဗို့ ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီး၍ ဓာတ်အားပြန်လည် ပို့လွှတ်ဖြန့်ဖြူးပေးထားနိုင်ပြီး ဓာတ်အားလိုင်းများ ရေရှည်အသုံးပြုနိုင်ရေး လိုအပ်သည့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ကလောပင်မဓာတ်အားခွဲရုံတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဓာတ်အားခွဲရုံ Switch Yard ခြံစည်းရိုး အုတ်တံတိုင်း၊ ရေမြောင်းနှင့် မြေတားနံရံများ ပျက်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီး Switch Yard အတွင်း လက်ရှိ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိ၍ ဓါတ်အားပြန်လည်ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

ထိုသို့သော အခြေနေများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းမှ ကလောမြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့ရသည့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုနှင့် လက်ရှိပြုပြင်တည်ဆောက်ဆဲ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

ကလောမြို့ (၃၃) ကေဗွီ ‌ရေပေါင်းဆုံ (ပြည်ညောင်)-နမ့်ပန်တက် ဓာတ်အားလိုင်းရှိ ဓာတ်အား ဖြန့်ဖြူးရေးတိုင် (၁၄၄) တိုင် ရေတိုက်စားပြီး ယိုင်လဲပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ခြင်းလျက်ရှိပြီး ဓာတ်အား ဖြန့်ဖြူးမှုကို မူလအခြေအနေအတိုင်း အမြန်ပြန်လည်ဖြန့်ဖြူးနိုင်ရေး ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ငန်းပြီးစီးမှုများကို စနစ်တကျ မှတ်တမ်းတင် စာရင်းပြုစုထားရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

ထို့ပြင် တောင်ကြီးမြို့ရှိ (၁၃၂) ကေဗွီ တောင်ကြီး ပင်မဓာ တ် အားခွဲရုံ ပင်မဓာတ်အားလိုင်းများ၏ တာဝါတိုင် ဖောင်ဒေးရှင်းလုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများ တည်ဆောက်ခြင်းလုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင်နှင့် သတ်မှတ်ချိန်အတွင်းပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image