2 yrs - Translate

၂၀၂၁ ခုနှစ်နောက်ပိုင်း ချဲလ်ဆီးနည်းပြ ၁ ဦး ပထမဆုံးအကြိမ် အကောင်းဆုံးနည်းပြဆုရရှိ

၂၀၂၁ ခုနှစ်နောက်ပိုင်း ချဲလ်ဆီးနည်းပြတယောက် ပထမဆုံးအကြိမ်အဖြစ် တလတာ အကောင်းဆုံး နည်းပြဆု ရရှိခဲ့ပါတယ်။

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုတွေကို ထုတ်ပြန်ခဲ့ရာမှာ ချဲလ်ဆီးနည်းပြ မာရက်စကာက အကောင်းဆုံးနည်းပြဆုရရှိခဲ့ပြီး တိုက်စစ်ကစားသမား ကိုးလ် ပါလ်မာက အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ စက်တင်ဘာလ အတွင်းမှာ ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ရရှိခဲ့တာပါ။

၂၀၂၁ ခုနှစ် အောက်တိုဘာလက နည်းပြသောမက်စ်တူဟယ်က အကောင်းဆုံးဆု ရရှိပြီးနောက်ပိုင်း ချဲလ်ဆီးနည်းပြတယောက်အနေနဲ့ ပထမဆုံး အကြိမ် ဆုပြန်လည်ရရှိခဲ့တာပါ။ ပါလ်မာဟာ ဘရိုက်တန်နဲ့ပွဲစဉ်မှာ တယောက်တည် ၄ ဂိုးသွင်းခဲ့ပြီး စက်တင်ဘာလအတွင်း ကစားခဲ့တဲ့ ၄ ပွဲမှာ စုစုပေါင်း ၅ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာဖြစ်ပါတယ်။
DVB

image
2 yrs - Translate

What do you think you are?
သဘောပေါက်နော်

PC Build တဲ့အခါမှာ မလုပ်ရမယ့် အချက် 3 ချက် ပဲ ဖြစ်ပါတယ်။ <br>What do you think?

2 yrs - Translate

လခြမ်းရေကန် (月牙泉)သည် အခြားအိုအေစစ်များနှင့်မတူ ထူးခြားသော အိုအေစစ်တစ်ခုဖြစ်ပြီး၊ ပိုးလမ်းမခရီးသွားများအတွက် အရေးပါသော ရေကန်ုဖြစ်သည်။ လခြမ်းလခြမ်းရေကန်သည် တရုတ်နိုင်ငံ "မင်ရှ"တောင်တန်းများ၏ ရွှေရောင်သဲသောင်ခုံများနှင့် လိုက်ဖက်ညီ လှပစွာ တည်ရှိနေပြီး ကျောက်သလင်းပမာ ကြည်လင်နေသော ရေများဖြင့် အစဉ်ပြည့်နေမှုကြောင့် ကမ္ဘာတွင် ကျော်ကြားသည်။ သဲကန္တာရအတွင်းတွင်ဖြစ်သော်လည်း မြေအောက်စမ်းပေါက်များကြောင့် ၎င်း၏ပုံသဏ္ဍာန်နှင့် ရေပမာဏကို ရာစုနှစ်များတစ်လျှောက် ထိန်းသိမ်းထားနိုင်ခြင်းမှာ သဘာ၀တရား၏ ထူးဆန်းအံ့ဩဖွယ်ရာတစ်ခုပင်ဖြစ်သည်။
Crescent Moon Lake (月牙泉), an oasis like no other. Once a crucial stop for Silk Road travelers, Crescent Moon Lake is famous for its crystal-clear waters, which contrast beautifully with the golden sand dunes of the Mingsha Mountains. Despite the encroaching desert, this natural wonder has miraculously maintained its shape and water levels over centuries, thanks to underground springs.
Credit

image
2 yrs - Translate

အနဲကတော့နောက်ပြီ 😁

image

..she knows everything ?

2 yrs - Youtube

2 yrs - Translate

တင်းနစ်ဂန္ထဝင် ရာဖေးလ် နာဒယ် ကစားသမားဘဝမှ အနားယူတော့မည်

အသက် ၃၈ နှစ်အရွယ် ဂရန်းဆလမ်း ၂၂ ဆုရှင် ရာဖေးလ် နာဒယ်ဟာ ဒီနှစ်ရာသီအကုန်မှာ တင်းနစ်လောကမှ အနားယူတော့မယ်ဆိုပြီး ကြေညာသွားပါတယ်။

လာမယ့် နိုဝင်ဘာလအတွင်း မာလာဂါမြို့မှာ ကျင်းပဖို့ရှိနေတဲ့ ဒေးဗစ်(စ်)ဖလား ပြိုင်ပွဲပြီးရင် ဒီတင်းနစ်ဂန္ထဝင်က ကစားသမားဘဝကို အပြီးတိုင် နှုတ်ဆက်တော့မှာပါ။

သက်ဆိုင်ရာ နိုင်ငံအလိုက် ယှဉ်ပြိုင်ကြရတဲ့ ဒီပြိုင်ပွဲမှာ နာဒယ်ဟာ စပိန်အသင်းအတွက် ကိုယ်စားပြုပြီး ၄ ကြိမ်တိတိ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း လွန်ခဲ့တဲ့နှစ်ရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်လာရတာကြောင့် အခုလိုမျိုး အပြီးတိုင်အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

အောက်တိုဘာ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ “အကန့်အသတ်တွေမရှိဘဲ ကျနော် ကစားနိုင်ဦးမယ်လို့ မထင်ပါဘူး” ဆိုပြီး နာဒယ်က ပြောကြားသွားပါတယ်။

ကမ္ဘာ့အဆင့်တစ် ကစားသမားဟောင်း နာဒယ်ဟာ သမိုင်းတလျှောက် တဦးချင်းပြိုင်ပွဲတွေမှာ ကာလကြာရှည် ပြိုင်ဘက်ဖြစ်တဲ့ နိုဗက်ခ် ဂျိုကိုဗစ် ပြီးရင် ဒုတိယအအောင်မြင်ဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် “မြေစေကွင်းဘုရင်” ဆိုပြီး သိထားကြတဲ့အတိုင်း နာဒယ်ဟာ ပြင်သစ်အိုးပင်းပြိုင်ပွဲ မှာပါ ချန်ပီယံဆု ၁၄ ကြိမ်အထိ စံချိန်တင် ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။

နာဒယ်ဟာ ယူအက်စ်အိုးပင်း ၄ ကြိမ် အပါအဝင် ဩစတြေးလျအိုးပင်းနဲ့ ဝင်ဘယ်လ်ဒန် ပြိုင်ပွဲမှာပါ ၂ ကြိမ်စီ အောင်မြင်မှုရရှိခဲ့သလို အိုလံပစ်ရွှေတံဆိပ်တွေလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်ရဲ့ အစောပိုင်းကာလတွေမှာ လက်ရှိကမ္ဘာ့အဆင့်တစ်ဖြစ်တဲ့ ဂျိုကိုဗစ်၊ ဂရန်းဆလမ်းအကြိမ် ၂၀ ဆုရှင် ရော်ဂျာ ဖက်ဒရာ တို့နဲ့အတူ နာဒယ်ဟာ “ကြီး-၃-ကြီး” ဆိုပြီး ခေတ်တခေတ် ထူထောင်နိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
DVB

image
2 yrs - Translate

ချင်းမိုင်ရေကြီးပြီးနောက် တင်ကျန်ခဲ့တဲ့ငါးတဲ့။ နည်းတဲ့အကောင်ကြီးမဟုတ်ဘူး.

image
2 yrs - Translate

လင်ထိပ်ထားစံတွေကို ကျွေးဘို့

image