Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သုခဒဂုံအငှါးအိမ်ရာတွင် ငှားရမ်းနေထိုင်
ခွင့် ယခုလနောက်ဆုံးပတ်တွင် ထပ်မံရွေးချယ်မည်
ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ သုခဒဂုံအငှားအိမ်ရာတွင် တတိယအသုတ်အတွက် အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို ယခုအောက်တိုဘာနောက်ဆုံးပတ်တွင် ထပ်မံ၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှား အိမ်ရာ၌ ထပ်မံဆောက်လုပ်ပြီးစီးသည့် အဆောက်အဦးများတွင် နေရေးအခက်အခဲ ရှိသူများအတွက် ငှား ရမ်းနေထိုင်ခွင့် လျှောက်ထားလာသော လျှောက်လွှာများကို စိစစ်ပြီး လျှောက်လွှာများနှင့် ယခင်မဲ_နှိုက်ခွင့်ရရှိပြီး မဲ_မပေါက်သော လျှောက်ထားသူများကို မဲစနစ်ဖြင့် ရွေးချယ် ငှားရမ်း နေထိုင်ခွင့်ပြုသွားမည် ဖြစ်သည်ဟု သိရသည်။
အိမ်ခန်းငှားရမ်းနေထိုင်ခွင့်အတွက် မဲ_နှိုက်ခွင့်ရရှိသူစာရင်းနှင့် မဲ_နှိုက်ရမည့် နေ့ရက်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများတွင် အောက်တိုဘာ (၁၁) ရက်မှ (၂၅) ရက် အထိ အသိပေးကြေညာထားမည်ဖြစ်သည်ဟုလည်း ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဆောက်လုပ်နေသည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် ဆောက်လုပ်ပြီးစီးသွားသည့် အခန်း (၆၀၀) ခန့်ကို ငှားရမ်းနေထိုင်နိုင်ရန် မဲ_နှိုက်ရွေးချယ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းသို့ငှားရမ်းပေးနေသည့် အခန်းငှားခနှုန်းထားများများ (၄၆၀၀၀)ကျပ် မှ (၆၇၀၀၀)ကျပ် ထိသတ်မှတ်ထားပြီး ပထ မထပ် (၆၇၀၀၀)ကျပ်၊ ဒုတိယထပ် (၆၀၀၀၀)ကျပ်၊ တတိယထပ် (၅၅၀၀၀) ကျပ်နှင့် စတုတ္ထထပ် (၄၆၀၀၀)ကျပ် ဟူ၍ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။
လူ့ဘောင် လူ့အဖွဲ့အစည်းတွေကြား
မသိခြင်း ရိုကျိုးခြင်းတွေနဲ့သာ တိုးဝင်
လူတွေရဲ့ပုံစံအမှန်ကို မင်းတွေ့လာလိမ့်မယ်
စေတနာဗန်းပြပြီး စေ/၊ာက်ဆရာကြီးအထာနဲ့
လူတွေ မင်းမြင်လာမယ်
မျက်နှာနှစ်မျိုးနဲ့ ရှေ့တမျိုး၊ ကွယ်ရာတမျိုး
လူတွေ မင်းကြုံလာရလိမ့်မယ်
လူတွေအကြောင်းကို လူတွေကပဲပြန်သင်ပေးတယ်
မသိခြင်းတွေမှာ တန်ဖိုးရှိတယ်။
#ခွန်ထွန်း
ဘီလူးချောင်း အမှတ်(၁)နှင့် အမှတ်(၂) ရေအားလျှပ်စစ်စက်ရုံအကြား ရေတားတမံအသစ်တည်ဆောက်မှု (၉၀) ရာခိုင်နှုန်းခန့် ပြီးစီး
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (လောပိတ) ရေဝင်ရောက်မှုမှ ကာကွယ်ရန် ဘီလူးချောင်းအမှတ်(၁)စက်ရုံနှင့် အမှတ်(၂)စက်ရုံအကြားတွင် ရေတားတမံ အသစ်တည်ဆောက်နေမှု (၉၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ဘီလူးချောင်းရေမြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရေစီးကြောင်းများမှ တဆင့် ဘီလူးချောင်းအမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း စက်တင် ဘာ (၃၀)ရက်မှ စတင်၍ ရေများဝင်ရောက်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေထပ်မံမဝင်ရောက်စေရေး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(လောပိတ)ရေဝင်ရောက်မှုမှ ကာကွယ်ရန် ဘီလူးချောင်း အမှတ်(၁)နှင့် အမှတ်(၂) ရေအားလျှပ်စစ် စက်ရုံအကြား ပြည်နယ်အစိုးရအဖွဲ့မှ စီမံပေးထားသည့် Backhoe ယာဉ်များ၊ မြေသယ်ယာဉ်များဖြင့် ရေတားတမံအသစ်တည်ဆော က်နေခြင်း ဖြစ်သည်။
အဆိုပါ ရေတားတမံအသစ်တည်ဆောက်မှု လုပ်ငန်းခွင်သို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်ပြီးစီးရေး ဆက်လက်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား အားပေးမှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အမှတ်(၂)စက်ရုံအတွင်း ရေစုပ်စက်(၆)လုံးဖြင့် ရေများကျဆင်းစေရေးဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ပြီး စက်ရုံနှင့် စက်ရုံဝန်းအတွင်း ရေကျဆင်းခဲ့သည့် နေရာများ၌ သဲနှုန်းများဖယ်ရှားရှင်းလင်းရေး၊ စက်ရုံဝန်းအတွင်း ရေထပ်မံဝင် ရောက်မှု မရှိစေရေး သဲအိတ်ကာရံခြင်း၊ စက်ရုံ Switch Yard အတွင်း ရေကျဆင်းလျက်ရှိသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆောင်ရွက်ရန် တာ ဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစ က်ရုံအတွင်း စက်တင်ဘာ (၃၀) ရက်က ရေစတင်ဝင်ရောက်ခဲ့ပြီး ယနေ့ ရေဝင်ရောက်မှု အခြေအနေမှာ ယခင်ကထက် (၁) ပေခွဲခန့် ကျဆင်းလျက်ရှိပြီး ရေများအမြန်ဆုံးကျဆင်းရေးနှင့် စက်ရုံအမြန်ပြန်လည် လည်ပတ်နိုင်ရေးကို တာဝန်ရှိသူများက အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူနှစ်ယောက် ...
ရေစက်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ
ဆုံခဲ့ပြီးပြီပဲ ...
ရှိနေတုန်းမှာ
အတတ်နိုင်ဆုံး ချစ်ပေးတယ်
ပြီးတော့
မြဲအောင် ကြိုးစားခဲ့တာပဲ ...
ဒါပေမယ့်
လက်တွေက မမြဲပဲ
ဇာတ်လမ်းတွေပြီးသွားရင် ..
အဲ့ဒီလူနဲ့ ပတ်သက်ပြီး
ကောင်း၏ ဆိုး၏တွေကို
ဘယ်သူကိုမှ ထိုင်ပြောပြနေတော့မှာမဟုတ်ဘူး ...
ပြီးတော့ ...
ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး
အပုတ်ချနေတော့မှာ မဟုတ်ဘူး ။
ငါတို့ ဆုံခဲ့တယ်
ချစ်ခဲ့တယ်
အဲ့ဒီအမှတ်တရကိုပဲ သိမ်းထားချင်တာ
လမ်းမှာ ပြန်ဆုံကြရင်တောင်
ပြုံးပြနိုင်တဲ့အထိ
လိပ်ပြာလုံချင်တာ ...
#2001
//crd
ချစ်ခြင်းမေတ္တာတွေ ဝေနေလို့
တန်းစီလိုက်တဲ့အခါတိုင်း ...
ကျနော့်အလှည့်ရောက်ရင်
အတိအကျကို ကုန်သွားပြီလို့ပဲ
အပြောခံရပါတယ် ... ။
#ကောက်ရိုး
တာချီလိတ်မြို့တွင် ငွေကျပ်သိန်း (၄၀၀၀) တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို (၅၀) ဖမ်းဆီးရမိ
ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့တွင် အမျိုးသား တစ်ဦးမှ အိမ်စီးကားဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၄,၀၀၀) တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို (၅၀) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် ယမန်နေ့ အောက်တိုဘာ (၁၃) ရက်၊ ညနေ (၄)နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အားဂျို မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၅၀ ကီလို၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း (၄၀၀၀) နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အားဂျို(၃၃)နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။
မော်လမြိုင်မြို့ရှိ ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံတို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပညာရေးဒီဂရီ ကောလိပ် (မော်လမြိုင်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)တို့တွင် ယနေ့ အောက်တိုဘာ (၁၄) ရက် နံနက်ပိုင်းက အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။
အခြေခံစားသောက်ကုန် ပစ္စည်းများကို မွန်ပြည်နယ် အစိုးရ အဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၌ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်အောင်ဆောင်ရွက်ကြရန်၊ ကုန်ထုတ်လုပ်သူများမှလည်း အခြေခံစားကုန်များကို လုံလောက်စွာထုတ်လုပ်ရန်နှင့် အများပြည်သူအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အခြေခံစားသောက်ကုန်များကို အများပြည်သူ လွယ်ကူစွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးကြရန်နှင့် လယ်ယာ၊ သားငါး၊ ကုန်ထုတ်ကဏ္ဍများ ပိုမိုတိုးတက်အောင် အကောင်အ ထည်ဖော်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။