၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရန် ကြိုးစားနေကြောင်း လျှပ်စစ်ပြည်ထောင်စုဝန်ကြီးပြောကြား

အောက်တိုဘာ ၂၇၊ နေပြည်တော်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရန် ကြိုးစားနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားလိုက်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်တုန်ပြည်နယ် ချင်းတောင်မြို့၌ အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် တတိယအကြိမ်မြောက်ရပ်ဝန်းနှင့် ပိုးလမ်းမစွမ်းအင်ဝန်ကြီးများ ကွန်ဖရင့်၏ ပထမနေ့ နံနက်ပိုင်းအစီအစဉ် ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

"Belt and Road Energy Partnership (BREP) စတင်ခဲ့သည့် လွန်ခဲ့သောငါးနှစ်အတွင်း BREP အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများ၏ အာရုံစိုက်မှုနှင့် အလေးထားမှုများ ပိုမိုရရှိလာကာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းတစ်ခုသို့ ရောက်ရှိနေသည်မှာ သိသာထင်ရှားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရန် ကြိုးစားနေသကဲ့သို့ နိုင်ငံတကာစွမ်းအင်အခင်းအကျင်း၏ တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုများကို မျှဝေခံစားနိုင်ရန် Belt and Road Initiative အောက်တွင် စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “Belt and Road Green Energy Cooperation Action Plan (2024-2029)” ကို အကောင်အထည်ဖော်ရာတွင် BREP အဖွဲ့ဝင်များနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်"ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်ဖြင့် ဓာတ်အားထုတ်လုပ်ဆဲ (သို့မဟုတ်) စီမံကိန်းအသစ်များတွင် Green Growth Models နှင့် ESS တို့ အသုံးပြုတည်ဆောက်နိုင်မည့်အခွင့်အလမ်းများစွာရှိနေသည့်အတွက် အစိမ်းရောင်စွမ်းအင်သုံးစွဲသည့် မြန်မာနိုင်ငံ(Myanmar Green) ဖြစ်စေရေး ဆောင်ရွက်ခြင်းမှ တစ်ဆင့် အစိမ်းရောင်စွမ်းအင်သုံးစွဲသော အာရှ (Asia Green) ဖြစ်စေ နိုင်မည်ဖြစ်သည့်အတွက် မိတ်ဖက်အဖွဲ့အစည်းများအား လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်းလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

image

လစာရတော့မယ်
ဟိဟိဟိ

image
2 yrs - Translate

ဖြည်းဖြည်းချင်းပြောင်းလဲလာတာကိုလည်း
ကျွန်တော်သတိထားမိပါတယ်

ဘယ်နေရာမှာမှ နေရာမရခဲ့တဲ့ ကောင်ကို
ဒီလူရင်ခွင်ဟာလည်း ထပ်မံအေးစက်ပြန်ပြီထင်တယ်

ဒီလိုပါပဲ
ဖြစ်ချင်တိုင်း မဖြစ်ရတဲ့ ဘဝ။

#နေညိုရောင်ခြည်

image
2 yrs - Translate

လက်ရှိ mood

image
2 yrs - Translate

လူဆိုးလူမိုက် တစ်ယောက်
မဟုတ်ခဲ့ပင်မဲ့
မလိမ္မာတဲ့ သားလေးက
အမေ့ကို ပိုရင်မောရစေတယ်

တိုင်းတစ်ပါးကို ရောက်လာတော့
အရာရာဟာ အမေ့အိမ်လိုနေမရဘူး
ကိုယ်ချက်မှ စားရမဲ့ထမင်း/ ဟင်း တွေ
ကိုယ်ထူ ကိုယ်ထမှ ရမဲ့ဘဝတွေ

အိမ်ကို ခိုးခိုး လွမ်းတတ်လာတာက အစ
အဆင်ပြေနေကြောင်းကို ညာတတ်သည်အဆုံး
အမေ့သား ပြောင်းလဲလာလိုက်တာ
အမေမြင်ရင် ဝမ်းနည်း ဝမ်းသာဖြစ်မှာသေချာတယ်ဗျာ။

Author - ခွန်ထွန်း

image
2 yrs - Translate

မပျော်စရာတွေကြားထဲမှာ
မပျော်ပျော်အောင်နေပါကွယ် ။

ချစ်ရသူ / သို့

image
2 yrs - Translate

နော်😁

image
2 yrs - Translate

ဖြစ်နိုင်ရင် မဖြစ်နိုင်တာတွေ ဖြစ်ချင်တယ် ။

💭

image
2 yrs - Translate

ဘယ်သူနဲ့ပဲယှဥ်ယှဥ် ငါ့ကိုပဲ ရွေးစေချင်တာ။

💭

image
2 yrs - Translate

အချစ်ဆိုတာ တကယ်တော့ Loveပါ
🤧

image