2 yrs - Translate

လွိုင်ကော်တွင် (၆) လအတွင်း လျှပ်စစ်မီးပြန်ရရန် ပြင်ဆင်နေ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို (၆)လအတွင်း လျှပ်စစ် ဓာတ်အားပြန်ပေးနိုင်ရန်အတွက် ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ(လောပိတ)ကို ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းကာရေကြီးရေလျှံမှုကြောင့် ဘီလူးချောင်း အမှတ်(၂)ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဝန်း (လောပိတ)သည်လည်း ရေဝင်ရောက်မှုဒဏ်ကိုခံရကာ လျှပ်စစ်ဓာတ်အားပေးစက်များ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် စက်ရုံအတွင်းရှိ နုံးမြေများ ရှင်းလင်းနေကာ ပုံမှန်လည်ပတ်နိုင်ရန် ပြန်လည်ပြင်ဆင်နေပြီး စက်များကို စစ်ဆေးခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ စတင်ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းကဲ့သို့ စက်ရုံအတွင်း ပျက်စီးဆုံးရှုံးမှုများကြောင့် အမှတ်(၂)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား အဓိကယူသည့် လွိုင်ကော်မြို့အတွင်း လျှပ်စစ်မီး မရရှိသေးဘဲ လောပိတကျေးရွာအုပ်စုဘက်တွင်မူ အမှတ်(၁) စက်ရုံမှ မီးရယူနေသောကြောင့် လျှပ်စစ်မီးရရှိနေကြောင်းလည်း သိရသည်။

ယာဂီမုန်တိုင်းအရှိန်ဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံ တိုင်းဒေသကြီးများတွင် ရေကြီးရေလျှံ မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နေကြရဆဲ ဖြစ်သည်။

imageimage
2 yrs - Translate

သီရိလင်္ကာသမ္မတက ၎င်းနိုင်ငံသားများလွတ်မြောက်ရေး မြန်မာကို အကူအညီတောင်း

ကိုလံဘို၊အောက်တိုဘာ ၂၆

သီရိလင်္ကာနိုင်ငံသမ္မတက မြန်မာနိုင်ငံရှိ ရာဇ၀တ်ဂိုဏ်းများ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော သီရိလင်္ကာနိုင်ငံသားများ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံ၏အကူအညီကို တောင်းခံခဲ့ကြောင်း သမ္မတ၏ မီဒီယာဌာနခွဲ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

သမ္မတရုံး၌ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်နှင့်တွေ့ဆုံစဉ် သမ္မတက ယခုကဲ့သို့ ပန်ကြားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

သမ္မတနှင့်သံအမတ်ကြီး တို့သည် မြန်မာနိုင်ငံရှိ ဆိုက်ဘာရာဇ၀တ်မှု စခန်းများ၌ အတင်းအကျပ်ဖမ်းဆီးခံထားရသည့် သီရိလင်္ကာနိုင်ငံသားများလွတ်မြောက်ရေးအတွက် အဓိကထားကာ အသေးစိတ်ဆွေးနွေးခဲ့ပြီး လက်ရှိတွင်ဒါဇင်နှင့်ချီသော သီရိလင်္ကာနိုင်ငံသား ကို မြန်မာရာဇ၀တ်ဂိုဏ်းများ၏ စခန်းများတွင် ထိန်းသိမ်းထားကြောင်းလည်းသိရသည်။

သီရိလင်္ကာသမ္မတကလည်း သီရိလင်္ကာ၏လုံခြုံရေး အခြေအနေနှင့်ပတ်သက်၍ မြန်မာသံအမတ်ကြီးကို အကျဉ်းချုံးရှင်းပြပြီး မြန်မာခရီးသွားများနှင့်နေထိုင်သူများဘေးကင်းစေရန်အာမခံကြောင်းလည်းပြောကြားခဲ့သည်။

image
2 yrs - Translate

Halloween Is Coming

image
2 yrs - Translate

Halloween Is Coming

image
2 yrs - Translate

Halloween Is Coming

image
2 yrs - Translate

Halloween Is Coming

image
2 yrs - Translate

Halloween Is Coming

image
image
image
image
2 yrs - Translate

တကယ်" ‌ဘယ်လိုပျော်လို့ပျော်မှန်းမသိ
🤣

#goldenrose

image
2 yrs - Translate

မဟုတ်တာပြောပြီး လူချစ်ခံရအောင်မနေနဲ့။
မှန်တာပြောပြီး ရွာပြင်မှာနေပါတဲ့။

ငါဆို စွာလွန်းလို့ ရွာအပြင်မှာ တော်တော်ကြာပြီ။
ရွာဆိုင်းဘုတ်တောင် မမြင်ရတော့ဘူး။

image
2 yrs - Translate

ငိုကြရအောင် 🥹

image