2 yrs - Translate

မြဝတီ-ကော့ကရိတ် သွားလမ်းပိုင်းများအားလုံး ပုံမှန်ဖြတ်သန်းသွားလာနေပြီဖြစ်ဟု ဆို

ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် လမ်းပိုင်း (၄) ပိုင်းရှိရာ အဆိုပါ လမ်းပိုင်းများ ပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ပုံမှန်ဖြတ်သန်းသွားလာနေကြပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

ဒေါနတောင်တက်လမ်းအပါအဝင် (၁၀၁၈) လမ်း၊ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်းပိုင်းများမှာ ပြန်လည်ပြင်ဆင်ပြီးဖြစ်သဖြင့် ယာဉ်အသွားအလာအသုံးပြုနေပြီဖြစ်ကြောင်း ဆိုသည်။

သို့သော် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဂိတ်ကြေးကောက်ခံမှု မြင့်မားခြင်း၊ ဂိတ်အရေအတွက် များပြားခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုတွင် နှောင့်နှေးရသည့်အပြင် ပေးဆောင်ရသည့် အခွန်အခစရိတ် ကြီးမြင့်ခြင်းကြောင့် အခက်အခဲရှိနေကြကြောင်း သိရသည်။

"ဒီလမ်းပိုင်းတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေ အထိုင်ချ ဂိတ်ဖွင့်ထားတဲ့လမ်းတွေ။ လမ်းတစ်လမ်းကို ဂိတ်ပေါင်းသုံးဆယ်လောက်ရှိတော့ ကုန်သည်တွေလည်း ဂိတ်ဖြတ်ကြေးနှုန်းကြောင့် စိတ်ညစ်နေရတယ်။ ကုန်စည်ကတော့ မြဝတီမှာ အစစ်အဆေးမရှိ တင်သွင်းသွားလာခွင့်ပြုနေပါတယ်။ ယိုးဒယားပစ္စည်းဈေးမြင့်တာလည်း ဒါတွေကြောင့်လည်းပါတယ်။ ဘားအံဘက်ကတော့မသိဘူးပေါ့"ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တရားဝင် ဂျူတီခွန်ဆောင်၍ တင်သွင်းခွင့်ပြုနေသော်လည်း အများစုမှာ တရားမဝင် နယ်စပ်ဂိတ်များမှတဆင့် တင်သွင်းမှုပိုများပြားကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းကုန်စည်များမှာ ဈေးကွက်အတွင်းရှိနေသော်လည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဂိတ်ကြေးဖြတ်သန်းခ ကောက်ယူမှု ၊ တရားမဝင် တင်သွင်းခွင့်ပြုမှုများကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်‌သည်ဟု သိရသည်။

image

imageimage
2 yrs - Translate

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရုရှားနိုင်ငံမှ ဧည့်သည်များ ဖိတ်ကြားမည်

ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရုရှားနိုင်ငံမှ ဧည့်သည်တော်များ ပါဝင်တက်ရောက်နိုင်ရေး ဖိတ်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံသို့ ရုရှားခရီးသည်များလာရောက် လည်ပတ်မှုမှာ နှစ်စဉ်တိုးတက်လျက်ရှိသည့်အတွက် ယခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက်အမျိုးသား အားကစားပွဲတော်သို့ ရုရှားနိုင်ငံမှ ခရီးသွားများ လာရောက် ကြည့်ရှုနိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့‌ကြောင်း သိရသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာန အဆင့်၌ အားကစားနည်း (၆)မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း (၂၃) မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားများကိုလည်းကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်သည်။

အားကစားနည်းအလိုက် ပြိုင်ပွဲများတွင်လည်း အရည်အသွေး အဆင့်အတန်း မြင့်မားစွာ ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်စုဖွဲ့ လေ့ကျင့်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်တွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၆၂၂) နေရာအတွက် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခု ခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၆၂၂) နေရာအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်း(၂)ခုမှာ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ လုပ်ငန်း (၁)ခုနှင့် စက်မှုကဏ္ဍ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်သည့် လုပ်ငန်း (၁)ခုဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုလိုက်ခြင်းလည်းဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတွင် ကျပ် သန်း (၈၆၀) နှင့် CMP အထည်ချုပ်လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ (၁.၁၀ ၃) သန်းဖြစ်သည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ယခုအောက်တိုဘာလအတွင်းတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၁၀)ခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်သည့်လုပ်ငန်းများမှ အလုပ် အကိုင် အခွင့်အလမ်းပေါင်း (၂၅၉၄)ယောက် အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

image
2 yrs - Translate

မြန်မာနိုင်ငံတွင် ၂၀၃၀ ၌ လျှပ်စစ်မီးအပြည့်အဝရရှိရန် ကြိုးစားနေဟု လျှပ်စစ်ဝန်ကြီးပြော

မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရန်ကြိုးစားနေသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ တရုတ်နိုင်ငံတွင် ကျင်းပသည့် တတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမစွမ်းအင်ဝန်ကြီးများကွန်ဖရင့်၏ အောက်တိုဘာ ၂၃ ရက်(ပထမနေ့)က အမှာစကားပြောကြားချိန်၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာစွမ်းအင်အခင်းအကျင်း၏ တိုးတက်မှုနှင့်ဆန်းသစ်တီထွင်မှုများကို မျှဝေခံစားနိုင်ရန် Belt and Road Initiative အောက်တွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားသည်။

မြန်မာနိုင်ငံသည် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိပြီး တရုတ်၊ လာအို၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများ တည်ဆောက်နိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

အလားတူ Belt and Road Green Energy Cooperation Action Plan (2024-2029) ကို BREP အဖွဲ့ဝင်များနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၂၃ ရက်ညနေပိုင်းတွင် တရုတ်အမျိုးသားစွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Zhang Jianhua နှင့်တွေ့ဆုံ၍ တရုတ်-မြန်မာလျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဪ မိန်းမ
🤣🤣🤣