တဖက်သက်အချစ်တဲ့ အမှန်တကယ်ချစ်မိရင်
ချစ်ရသူမျက်နှာလွှဲတာအစ ဥပေက္ခာပြုတာအဆုံး
အရာအားလုံးက ကြည်နူးစရာတွေချည်း။
ငါတို့ဟာ အဲဒီလိုအချစ်နဲ့
ချစ်ခြင်းမေတ္တာရဲ့ သူဖုန်းစားတစ်ယောက်ဖြစ်ခဲ့တယ်။
#စောညို့ဝန်း
Art by Saw Nyoh Woon

ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တဖက်သက်အချစ်တဲ့ အမှန်တကယ်ချစ်မိရင်
ချစ်ရသူမျက်နှာလွှဲတာအစ ဥပေက္ခာပြုတာအဆုံး
အရာအားလုံးက ကြည်နူးစရာတွေချည်း။
ငါတို့ဟာ အဲဒီလိုအချစ်နဲ့
ချစ်ခြင်းမေတ္တာရဲ့ သူဖုန်းစားတစ်ယောက်ဖြစ်ခဲ့တယ်။
#စောညို့ဝန်း
Art by Saw Nyoh Woon
တစ်ယောက်ယောက်နဲ့ထပ်တွေ့ခဲ့တာတောင်.....
အဲဒီတုန်းကအချစ်မျိုးနဲ့တူအောင်
မချစ်နိုင်လောက်တော့မယ့်အထိ......တဲ့။
နှလုံးသားဆီမှာ
တစ်ခါသိမ်းဆည်းမိတာဟာ
တစ်ဘ၀စာဖြစ်သွားခဲ့ပုံရတယ်....။
သြော်....
ညတွေကတော့
တိတ်တဆိတ်ကွဲကြေနေခဲ့ခြင်းတွေအကြောင်း
ဘယ်သိပါ့မလဲကွယ်.....။
#ညတာရာလင်း
ပျော်ချင်ယောင်ဆောင်တတ်တဲ့
လူတစ်ယောက်ကို တွေ့ခဲ့ဖူးလား ...
တချို့ကမှန်ထဲပြန်ကြည့်တိုင်း အမြဲတမ်းမြင်နေရတာ ။
အဆင်ပြေတဲ့အရာတွေဆို ရွှန်းရွှန်းဝေအောင် ပြောတတ်သလောက် အဆင်များမပြေရင်
သာမန်ထက် တိတ်ဆိတ်နေတတ်တာလေ။
အနားမှာ ရှိတဲ့လူတိုင်းကို ပျော်စေချင်သလောက်
သူကိုယ်တိုင်ကျ ပျော်ချင်ယောင်ဆောင်တတ်တယ် ။
အမြဲတမ်း ပေါတောတော နေနေသလိုမျိုး
ဘယ်ကိစ္စကိုမှ အလေးအနက်မထားသလိုမျိုး
ဘ၀ကို ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းပြီး
အဆင်ပြေနေသလိုမျိုး ဟန်ဆောင်နေတတ်တာလေ ။
တကယ်တမ်းကျတော့ ...ဘယ်အရာကိုမဆို
ခေါင်းထဲထည့်ထားပြီးရင်ဘတ်ကြီးထဲ သိမ်းထားတတ်တယ် ။
ဘယ်သူမဆို ...သူ့ကို အဆင်ပြေနေတယ်လို့ပဲ ထင်တယ်
သူကိုယ်တိုင်ကလည်း ပျော်ချင်ယောင်ဆောင်နေခဲ့တာကိုး
မှန်ထဲပြန်ကြည့်တိုင်းမှာ ပျော်မနေဘူးဆိုတဲ့
အဖြေကို ရှာတွေ့တယ် ။