40 w - Youtube

40 w - Translate

မြိတ်မှာ အရမ်းလှတဲ့ ကမ်းခြေတွေရှိတယ်
ဒါပေမဲ့ မြန်မာတွေမသွားနိုင်ဘူး
အထက်ပိုင်းမှာ သိပ်လှတဲ့နှင်းတောင်တွေလဲရှိတယ်
ဒါပေမဲ့ မြန်မာတွေမသွားနိုင်ဘူး
သိပ်ရှေးကျတဲ့ မြို့ဟောင်းတွေလဲရှိတယ်
ဒါပေမဲ့ မြန်မာတွေမသွားနိုင်ဘူး
တကယ်တော့ မြန်မာပြည်က သိပ်လှပါတယ်ဆိုတဲ့အရာတွေကို မြန်မာတွေ မပိုင်ဘူး 🥲
Crd

image
40 w - Translate

This is the Most Dangerous Escape Scene !
ဒီဂိမ်းလေးက Mobile မှာအတော်လေးဆော့လို့ကောင်းတယ်။ Thriller feeling လည်း အပြည့်အဝရတယ် 👍

Sweet Angel Bo changed his profile picture
40 w

image
40 w - Translate

မန်ယူနည်းပြတန်ဟတ်ဂ် ရာထူးမှ ထုတ်ပယ်ခံရ

မန်ချက်စတာယူနိုက်အသင်းဟာ မန်နေဂျာ အဲရစ်တန်ဟတ်ဂ်ကို ထုတ်ပယ်လိုက်ကြောင်း အောက်တိုဘာ ၂၈ ရက်မှာ ကြေညာလိုက်ပါတယ်။

မန်ယူအသင်းဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၉ ပွဲကစားအပြီးမှာ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၄ နေရာအထိ ကျဆင်းသွားပြီးနောက် အသင်းရဲ့ နည်းပြ ထုတ်ပယ်ခံခဲ့ရတာပါ။

အသင်းနည်းပြနေရာကို အစားမထိုးနိုင်သေးခင်အချိန်မှာ လက်ရှိ လက်ထောက်နည်းပြဖြစ်တဲ့ နစ္စတယ်ရွိုင်းဟာ အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူသွားမယ်လို့ ကလပ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက် ၅၄ နှစ်အရွယ် နယ်သာလန်သား တန်ဟတ်ဂ်ဟာ ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်မှာ မန်ယူအသင်းရဲ့ သမိုင်းအဆိုးဝါးဆုံး ရလဒ်ဖြစ်တဲ့ အဆင့် ၈ နေရာနဲ့သာ အဆုံးသတ်ခဲ့တာကြောင့် ထုတ်ပယ်ခံရနိုင်တယ်လို့ ထင်ကြေးပေးခံရမှုတွေလည်း ရှိခဲ့တာပါ။

ဒါပေမဲ့ အံ့အားသင့်ဖွယ် ရလဒ်အဖြစ် FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ရခဲ့သလို အသင်းရဲ့ ဒဏ်ရာရလူစာရင်းတွေကို အပြစ်တင်ခဲ့တဲ့ တန်ဟတ်ဂ်အတွက် နောက်ထပ်အခွင့်အရေး ရရှိခဲ့တာပါ။

၂၀၂၆ ခုနှစ်အထိ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုခဲ့ပြီး ပရီးမီးယားလိဂ် အကြိမ် ၂၀ မြောက်ဆွတ်ခူးနိုင်ခဲ့တဲ့ မန်ယူအသင်းကို ပြန်လည်တည်ထောက်ရေးအတွက် အခွင့်အရေး ထပ်မံရရှိခဲ့တာပါ။ ဒီနှစ်အစောပိုင်းကာလတွေမှာတော့ တန်ဟတ်ဂ်ဟာ မျှော်မှန်းထားတဲ့ အောင်မြင်မှုမျိုးရမှာ မဟုတ်ဘူးလို့ ထင်ကြေးပေးခံရမှုတွေလည်း ရှိခဲ့ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၉ ပွဲမှာ တပွဲသာ အနိုင်ရထားပြီး ပြီးခဲ့သီတင်းပတ်ကုန်က ဝက်စ်ဟမ်းအသင်းကို (၂-၁) ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် တန်ဟတ်ဂ် နည်းပြရာထူးကနေ ဖယ်ရှားလိုက်တာပါ။

ဝက်စ်ဟမ်းနဲ့ပွဲ မတိုင်ခင်မှာကတည်းက ရလဒ်ဆိုးဝါးနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြတန်ဟတ်ဂ် နေရာမှာ အစားထိုး တခြားနည်းပြ အများအပြားနဲ့ လျှို့ဝှက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ဘာစီလိုနာ နည်းပြဇာဗီကို စပိန်နိုင်ငံအထိ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သလို ဒေါ့မွန်နည်းပြဟောင်းတာဇစ်၊ စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်၊ ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ် တို့အပါအဝင် တခြားနည်းပြတွေကိုလည်း ကြိုတင်ချိတ်ဆက်ထားတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။

မန်ယူအသင်းဟာ နည်းပြတန်ဟတ်ဂ်နဲ့ သက်တမ်းမတိုးခင်ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း သောမက်စ်တူဟယ်၊ ကီရန်မက်ကမ်နာ၊ မာကိုဆေးလ်ဗား အစရှိတဲ့နည်းပြတွေနဲ့ စကားပြောဆို ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း မန်ယူမှာ ဘယ်နည်းပြမှ ၃ ရာသီပြည့်အောင် တာဝန်မယူနိုင်ကြသေးပါဘူး။
dvb

image
40 w - Youtube

40 w - Translate

29 Oct 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,550
USD Sell - MMK 4,650
EUR Buy - MMK 4,865
EUR Sell - MMK 5,000
SGD Buy - MMK 3,360
SGD Sell - MMK 3,450
THB Buy - MMK 133.33
THB Sell - MMK 136.99
JPY Buy - MMK 29.33
JPY Sell - MMK 30.14
MYR Buy - MMK 1,030
MYR Sell - MMK 1,060
CNY Buy - MMK 630
CNY Sell - MMK 648

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,100,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,500,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
40 w - Translate

တိုကျိုအိုးပင်းချန်ပီယံဆု ကျန်ကွင်းဝမ် ရရှိ
-------------------
၂၀၂၄ တိုကျိုအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ တရုတ်တင်းနစ်မယ် ကျန်ကွင်းဝမ်အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာ ကျန်ကွင်းဝမ်နဲ့ အမေရိကန်တင်းနစ်မယ် ကီနင်တို့ ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ ကျန်ကွင်ဝမ်နဲ့ ကီနင်တို့ဗိုလ်လုပွဲစဉ်က အကြိတ် အနယ်ရှိခဲ့သလို ပွဲကစားချိန် ၂ နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။

ပထမပွဲလတ်က အပြန်အလှန်ရမှတ်တွေနဲ့ စိတ် လှုပ်ရှားဖို့ကောင်းခဲ့ပေမယ့် ဒုတိယပွဲလတ်မှာတော့ ကီနင်က အမှားတွေများလာခဲ့တာကြောင့် ကျန်ကွင်းဝမ်က ပွဲကို ပိုပြီးတော့ ထိန်းချုပ်ကစားသွားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ပွဲအပြီးမှာတော့ ကျန်ကွင်းဝမ်က ကီနင်ကို (၇း၆၊၆း၃)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တိုကျိုအိုးပင်း ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကျန်ကွင်းဝမ်အတွက်တော့ ပါလာမိုအိုးပင်းနဲ့ တိုကျို အိုလံပစ် ချန်ပီယံဆုရရှိပြီးနောက် ၂၀၂၄ ခုနှစ် အတွင်း တတိယမြောက် ချန်ပီယံဆု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ အနိုင်ရခဲ့လို့ ကျန်ကွင်းဝမ်အနေနဲ့ ရာသီပိတ် ပွဲစဉ်ဖြစ်တဲ့ WTA ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ခွင့်ရဖို့အတွက် အခွင့်အရေး ပိုကောင်းသွားခဲ့ပါတယ်။

image
40 w - Translate

Black coffee ☕️

image

ခရမ်းသီးအိုးကပ်လှော်

ခရမ်းသီးကို လိုသလိုလှီးဖြတ်ပြီး
ငပိအနေတော် ဆား ဟင်းခပ်မူန့်
ဆီအနည်းငယ် ဆနွင်းမူန့်တို့နဲ့နယ်ပါ
ပြီးရင် ရေအနေတော်နဲ့လှော်ပါ
ရေစပ်စပ်ကျန်ရင် ရှမ်းနံနံအုပ်ပါ
မီးအေးအေးနဲ့စိတ်ရှည်ရှည်နှပ်ပါ
ရေခမ်းရင် လုံးဝထမင်းမြိန်တဲ့
ခရမ်းသီးအိုးကပ်လှော်နှပ် ရပါပြီရှင့် 😊

image
//