Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လာအိုသို့ မြန်မာလုပ်သားများစေလွှတ်ရန် မြန်မာအေဂျင်စီများ ပြင်ဆင်နေ
လာအို နိုင်ငံနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း မြန်မာဘက်မှ အလုပ်သမားများ စေလွှတ်နိုင်ရန် အေဂျင်စီများအနေဖြင့် ပြင်ဆင်နေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအသိုင်းအဝိုင်းမှ သိရသည်။
လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အလုပ်သမားနှင့်လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလုပ်သမားဝန်ကြီးဌာနတို့အကြား နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
" အရင်တုန်းကလည်းစေလွှတ်ခဲ့တာရှိတယ်။ အများကြီးတော့မဟုတ်ဘူး။ တရားဝင်တော့လုပ်သားစေလွှတ်ခွင့်မရထားဘူး အရင်က။ အခုတစ်ခေါက်ကတော့ အေဂျင်စီတွေအနေနဲ့ တရားဝင်လုပ်သားစေလွှတ်ခွင့်ရသွားတယ်လို့ပြောလို့ရတယ်။ အခုလည်းစေလွှတ်ဖို့ ပြင်နေကြတယ်။ တရားမဝင်သွားရောက်မှုက အထိုက်အလျောက်တော့ လျော့သွားနိုင်တယ်" ဟု ပြည်ပသို့လုပ်သားစေလွှတ်သည့် အေဂျင်စီမှတာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ယခင်က လာအိုနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူ နည်းပါးသော်လည်း ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာခြင်းကြောင့် လာအိုနိုင်ငံသို့ တရားဝင်ထက် တရားမဝင်သွားရောက်သူပိုမိုများပြားကြောင်း သိရသည်။
လာအိုနိုင်ငံ၏ လုပ်ခနှုန်းထားသည် မြန်မာလုပ်သားများသွားရောက်လုပ်ကိုင်မှုများသည့် ထိုင်း၊ မလေးရှားနိုင်ငံတို့လောက် မများသော်လည်း ပြည်တွင်းလုပ်အားခထက်သာလွန်ခြင်းကြောင့် သွားရောက်မှုများရှိနေကြောင်းသိရသည်။
ရွှေဘောလုံးဆုကို ရိုဒရီ ရရှိ
------------------
အောက်တိုဘာလ(၂၈)ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲ အခမ်းအနားမှာ မန်စီးတီးအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက (၂၀၂၄)ခုနှစ်အတွက် ရွှေဘောလုံးဆုကို ရယူနိုင်ခဲ့ပါ တယ်။ ဆုပေးပွဲမတိုင်ခင်မှာ ရီးရဲလ်မက်ဒရစ်ကစားသမား ဗီနီစီယက်စ်ဂျူနီယာက ရွှေဘောလုံးဆုကို ရယူနိုင် လိမ့်မယ်လို့ ရေပန်းစားနေခဲ့ပေမယ့်လည်း မန်စီးတီးအသင်းရဲ့ကွင်းလယ်လူ ရိုဒရီက ရရှိခဲ့တာပါ။
ရွှေဘောလုံး ဆုရှင်ဖြစ်လာခဲ့တဲ့အတွက် ဝမ်းသာမိသလို ကလပ်အသင်းနဲ့ နိုင်ငံအသင်းကိုယ်စားပြု ဖြစ်ခဲ့တာ ကြောင့်လည်း ဂုဏ်ယူမိတယ်လို့ ရိုဒရီက ရွှေဘောလုံးဆုကို လက်ခံအပြီးမှာ ပြောကြားခဲ့ပါတယ်။ ရိုဒရီဟာ မန်စီးတီးအသင်းရဲ့ သမိုင်းမှာ ပထမဆုံးရွှေဘောလုံးဆုရှင် ဖြစ်လာခဲ့သလို (၁၉၆၀)ပြည့်နှစ်နောက်ပိုင်း ရွှေဘောလုံးဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး စပိန်နိုင်ငံသားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။
အမျိုးသမီးရွှေဘောလုံးဆုကို ဘာစီလိုနာ အမျိုး သမီးအသင်းရဲ့ကွင်းလယ်ကစားသမား ဘွန်မာတီက ရယူနိုင် ခဲ့သလို ဘာစီလိုနာအသင်းရဲ့ စပိန်လူငယ် ကစား သမား ယာမယ်က (၂၀၂၄)ခုနှစ်ရဲ့ အကောင်းဆုံးလူငယ်ကစား သမားဆုကို ရယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ လာလီဂါဖလားတို့ကို ရယူပေးနိုင် ခဲ့တဲ့ နည်းပြအန်ဆလော့တီကလည်း အခုနှစ်ရဲ့ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ပါတယ်။