2 yrs - Translate

ဘရာဇီးနိုင်ငံသားဖိုက်တာဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည့် ထွန်းမင်းအောင် ထိုင်းနိုင်ငံ Looksuan Muay Tai Club တွင် လေ့ကျင့်ရန် ထွက်ခွာ

ဘရာဇီးနိုင်ငံသားဖိုက်တာဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည့် ထွန်းမင်းအောင်သည် နိုဝင်ဘာ ၄ရက် ညနေပိုင်းအချိန်၌ ထိုင်းနိုင်ငံရှိ Looksuan Muay Tai Club ၌ လေ့ကျင့်ရန် ထွက်ခွာသွားပြီဖြစ်သည်။

အဆိုပါ မွေထိုင်းကလပ်တွင် အကိုဖြစ်သူ ထွန်းမင်းနိုင်(ခ)စူလမန် နှင့်အတူလေ့ကျင့်ရန် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းမင်းအောင်သည် ONE ပွဲစဉ်တွင်
သုံးကြိမ်‌မြောက် ယှဉ်ပြိုင် ထိုးသ-တ်ထားပြီး တစ်ပွဲရှုံး၊ တစ်ပွဲနိုင် ရလဒ်ကို ပိုင်ဆိုင်ထားကာ နောက်ဆုံးထိုးသ-တ်ခဲ့သည့်ပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူကို အလဲထိုးကာ ချက်ထရီက ချီးမြှင့်သည့် ဘတ်သုံးသိန်းခွဲကို ရရှိထားသူတစ်ဦးဖြစ်သည်။

ရိုးရာဖိုက်တာများအနက် အသက်အငယ်ဆုံးဖြစ်ကြသည့် ထွန်းမင်းအောင်နှင့်သန့်ဇင်တို့မှာ ONE ၏ စောင့်ကြည့်ခြင်းကို ခံ‌နေရသည့် မြန်မာကစားသမားများစာရင်းတွင် ပါဝင်နေသူများဖြစ်သည်။

imageimage

ရန်ကုန်တွင် တစ်ရက် ၈ နာရီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်

နိုဝင်ဘာ ၅၊ ရန်ကုန်။

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အားလုံး တစ်ရက် ၈ နာရီ လျှပ်စစ်ဓာတ်အား ဖြတ်တောက်တော့မည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးများတွင် အသိပေးကြေညာထားကြောင်း သိရသည်။

မြို့နယ်အလိုက် A နှင့် B အုပ်စုခွဲပြီး နံနက် ၅ နာရီမှ ၉ နာရီ၊ နံနက် ၉ နာရီမှ ၁၃ နာရီ၊ ၁၃ နာရီမှ ၁၇ နာရီ၊ ၁၇ နာရီမှ ၂၁ နာရီ ဖြန့်ဖြူးပေးမည်ဖြစ်ပြီး တစ်ရက် ၈ နာရီ ဓာတ်အားဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

စက်မှုဇုန်များအား ပြီးခဲ့သည့်ရက်ပိုင်းတွင် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၄ နာရီဖြန့်ဖြူးမည်ဟု အကြောင်းကြားခဲ့သေးကြောင်း သိရသည်။

#centralnewsnaypyitaw

image
2 yrs - Translate

ဘဝကို သုညက စတော့မှာမို့လို့ လက်ထဲရှိတာ အကုန်သုံးလိုက်ပြီ

image

ဘန်ကောက်တွင် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများ ဆန္ဒပြ

နိုဝင်ဘာ ၅၊ နိုင်ငံတကာ။

အကျိုးစီးပွား ပဋိပက္ခမဖြစ်ဘဲ နယ်စပ်ကိုကာကွယ်ရန်ဟုဆိုတာ ထိုင်းအမျိုးသားရေးလှုပ်ရှားသည့်အဖွဲ့ပေါင်းစုံက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ထိုင်းအစိုးရအဖွဲ့အိမ်တော်ရှေ့၌ ယနေ့ ချီတက်ဆန္ဒပြခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် နှစ်ရှည်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် လူပေါင်း ၄၈၃,၀၀၀ ခန့်ကို ထိုင်းနိုင်ငံသားဖြစ်ခွင့်ပြုမည်ဟု အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြုခဲ့မှုအပေါ် မလိုလားကြောင်း တောင်းဆိုခဲ့သည်ဟုလည်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံသည် ထိုင်းလူမျိုးများဖြင့် အုပ်ချုပ်ရှေ့ဆက်ရမည်၊ ထိုင်းနိုင်ငံကို ကယ်တင်ရန် အတူတကွ ပူးပေါင်းပါဟူ၍လည်း ဆန္ဒပြသူများက ကြွေးကြော်တောင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံရှိ အလုပ်သမားရေးဆောင်ရွက်သူတဦးက “ထိုင်းအာဏာပိုင်တွေကလည်း သတင်းထုတ်ပြန်ထားတာရှိတယ်။ ထိုင်းမှာအနေကြာတဲ့လူတွေအတွက် နိုင်ငံသားဖြစ်ခွင့်ပြုမယ်ဆိုတာ၊ အဲဒါတွေက ဒီအဖွဲ့တွေအတွက် အတိုက်အခံ ဖြစ်နေတယ်။ လူမျိုးရေးဝါဒနဲ့ လိုက်လုပ်နေတယ်လို့ မြင်ပါတယ်။ ဒီလို နိုင်ငံသားမပေးတာတောင် မြန်မာပြည်သားတွေက ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတဲ့ ပြစ်တင်မှုတွေနဲ့ ဝေဖန်ပြီးတော့ သက်သက် လူမျိုးရေးခွဲခြားရေးဆက်ဆံမှု တွေ လုပ်နေတယ်လို့ ကျနော်တို့မြင်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင်း နှစ်ရှည်ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်သူများနှင့် နှစ်ရှည်အခြေချနေထိုင်ပြီး ၁၉၈၄ ခုနှစ်မှစ၍ နိုင်ငံသားဖြစ်ခွင့် မရသေးသည့် လူနည်းစုမိဘများမှ မွေးဖွားလာသော ကလေးငယ်များကို ထိုင်းနိုင်ငံသားဖြစ်ခွင့် ပေးမည်ဖြစ်ကြောင်း မကြာသေးမီ၌ ထိုင်းအစိုးရက အတည်ပြုထားသည်။

ဓာတ်ပုံ - Thairath - ไทยรัฐออนไลน์

Credit - ဧရာဝတီသတင်းဌာန

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
2 yrs - Translate

နှစ်ပေါင်း ၁၀၀ ကျော်ထိ စောင့်နေနိုင်တဲ့
သူရှိခဲ့ရင်တောင် ပြန်မလာတော့မဲ့ လူတွေရှိတယ်။
🌼💛

image
2 yrs - Translate

ကမ္ဘာပေါ်မှာအလှဆုံးက ဖခင်တယောက်ရဲ့အပြုံးပါ

image
2 yrs - Translate

I want try again!

image
image
image

KIA က ကျောက်စိမ်းတူးရန်အတွက် ဖားကန့်မြို့နယ် ကုဋေမှော်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို ရွှေ့ပြောင်းရန် ဖိအားပေးနေ

နေပြည်တော်၊ နိုဝင်ဘာ ၅
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေမှော်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို KIA က ကျောက်စိမ်းတူးရန်အတွက် ရွှေ့ပြောင်းပေးရန် ဖိအားပေးနေကြောင်း သိရသည်။
 
ကုဋေမှော်ကျေးရွာရှိ ဘုန်းကြီးကျောင်းသည် (၄)ဧကကျော် (၅)ဧက နီးပါး ကျယ်ဝန်းပြီး မူလွန်စာသင် ကျောင်းနှင့် သာသနာ့အဆောက်အဦး အများအပြား ရှိကြောင်း သိရသည်။
 
အဆိုပါ ဘုန်းကြီးကျောင်းမြေနေရာကို ရွှေ့ပေးရန်အတွက် ကျောက်တူးသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် နေမင်းကမ္ဘာကုမ္ပဏီက KIA နှင့် ပူးပေါင်းကာ ငွေကြေးပေးမည်ဟုဆိုပြီး ဖိအားပေးနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
 
အလားတူ KIA အနေဖြင့် မိုးညှင်းမြို့နယ်၊ မမုန်ကိုင်ကျေးရွာအနီးရှိ ငါးဦးစီးဌာနလမ်းဘေး အင်းတော်ကြီးဘေး ကပ်လျက်တွင် ရွှေများ အလွန်အကျွံတူးဖော်နေကြောင်း ဒေသခံများက သတင်းပေးပို့လာသည်။
 

#centralnewsnaypyitaw

image

💙 Cica, Hyaluronic Acid & Centella extract တို့ပါဝင်ပြီး ဝက်ခြံအဆီဖုနဲ့ အသားအရေ နီမြန်းယောင်ရမ်းတာတွေကို သက်သာစေတဲ့အပြင် ရေဓာတ်ကိုပါ လုံလောက်စွာ ဖြည့်တင်းပေးနိုင်တဲ့ sun cream လေးဖြစ်ပါတယ်
💙 Gingko extractနဲ့ Herbal extract တို့လည်းပါဝင်လို့ တင်းတိပ် အမဲစက်တွေကို သက်သာစေပြီး အသားရေကို တင်းရင်းကာ အရေးအကြောင်းတွေကို သက်သာစေပါတယ်
💙 Sun Serum ဆိုတဲ့အတိုင်း သူရဲ့Texture က
အရည်ကျဲကျဲ‌လေးမို့ အသားထဲ စိမ့်ဝင်လွယ်ပီး white cast လဲမကျန်ဘူးဆိုတော့ အဆီပြန်သူတွေ လုံးဝအကြိုက်တွေ့မှာ သေချာတယ်နော်
💙 စေးကပ်ကပ်လည်းမဖြစ်တာမို့ လိမ်းပီးရင် မျက်နှာပေါ် မှာ စိုစိုအိအိ ကြည်ကြည်လေး ကျန်ခဲ့တယ်
💙 Packaging ကလည်း Pump လေးနဲ့မို့ sun cream တွေ waste မဖြစ်သလို သုံးရအဆင်ပြေပြီပေါ့
Instock ပါရှင့် ✔️

image

💙 Cica, Hyaluronic Acid & Centella extract တို့ပါဝင်ပြီး ဝက်ခြံအဆီဖုနဲ့ အသားအရေ နီမြန်းယောင်ရမ်းတာတွေကို သက်သာစေတဲ့အပြင် ရေဓာတ်ကိုပါ လုံလောက်စွာ ဖြည့်တင်းပေးနိုင်တဲ့ sun cream လေးဖြစ်ပါတယ်
💙 Gingko extractနဲ့ Herbal extract တို့လည်းပါဝင်လို့ တင်းတိပ် အမဲစက်တွေကို သက်သာစေပြီး အသားရေကို တင်းရင်းကာ အရေးအကြောင်းတွေကို သက်သာစေပါတယ်
💙 Sun Serum ဆိုတဲ့အတိုင်း သူရဲ့Texture က
အရည်ကျဲကျဲ‌လေးမို့ အသားထဲ စိမ့်ဝင်လွယ်ပီး white cast လဲမကျန်ဘူးဆိုတော့ အဆီပြန်သူတွေ လုံးဝအကြိုက်တွေ့မှာ သေချာတယ်နော်
💙 စေးကပ်ကပ်လည်းမဖြစ်တာမို့ လိမ်းပီးရင် မျက်နှာပေါ် မှာ စိုစိုအိအိ ကြည်ကြည်လေး ကျန်ခဲ့တယ်
💙 Packaging ကလည်း Pump လေးနဲ့မို့ sun cream တွေ waste မဖြစ်သလို သုံးရအဆင်ပြေပြီပေါ့
Instock ပါရှင့် ✔️

image