47 w - Translate

Myanmar Women League 2024 ၏ သွင်းဂိုးအများဆုံးရရှိသူ တိုက်စစ်မှူးများ

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် ပွဲစဉ် တစ်ပွဲသာ ကျန်ရှိနေချိန်၌ သွင်းဂိုးအများဆုံးသွင်းယူနိုင်သည့် တိုက်စစ်မှူးနှစ်ဦးထွက်ပေါ်ခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီက ယ‌နေ့တွင် အသိ‌ပေးထုတ်ပြန်ခဲ့သည်။

၎င်းတို့မှာ ISPE အသင်းမှ တိုက်စစ်မှူးလင်းမြင့်မိုရ်နှင့် ဧရာဝတီအသင်းမှ တိုက်စစ်မှူး စန်းသော်သော်တို့ဖြစ်ပြီး၊ ပွဲစဉ် တစ်လျှောက် သွင်းဂိုး (၁၉) ဂိုးစီသွင်းယူ၍ အပြိုင်ရပ်တည်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် စန်းသော်သော် ကစားနေသည့် ဧရာဝတီအသင်းသည် ပွဲစဉ်အားလုံး ကစားရန် ပြီးဆုံးပြီဖြစ်သဖြင့် သွင်းဂိုး (၁၉) ဂိုးနှင့်သာ နှစ်သိမ့်ခဲ့ရပြီဖြစ်သည်။

သို့သော် တိုက်စစ်မှူး လင်းမြင့်မိုရ် ကစားနေသည့် ISPE အသင်းသည် နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကစားကြရဦးမည်ဖြစ်ရာ၊ ထိုပွဲစဉ် အတွင်း ၎င်းအနေဖြင့် သွင်းဂိုးထပ်မံ ရရှိပါက ယခုနှစ်အတွက် ဂိုးသွင်းအများဆုံး သွင်းယူနိုင်သည့် ကစားသမားဆုကို ဆွတ်ခူးမည်ဖြစ်သည်။

သွင်းဂိုး ထပ်မံမသွင်းယူနိုင်ပါက (၁၉) ဂိုးစီဖြင့် တိုက်စစ်မှူးနှစ်ဦး ပူးတွဲဆု ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် Myanmar Women League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆုကို ISPE အသင်းမှ ခင်မာလာထွန်းနှင့် မြဝတီ( ယခု ဧရာဝတီ အသင်း)မှ စန်းသော်သော်တို့က သွင်းဂိုး (၁၆) ဂိုးစီဖြင့် ပူးတွဲ ရရှိခဲ့ကြသည်။

image
47 w - Translate

ရုံးဆ"င်းဖို့ စော"င့်နေသူတစ်ယော"က်ရဲ့ ရ"င်ဖွ"င့်သံ ☺️

image

စီချွမ့် ချဉ်စပ် ဟင်းချို
--------------------------------------
တခြား စီချွမ့်ချက်နည်းတွေနဲ့ မတူပဲ ဒီချဉ်စပ် ဟင်းချိုမှာ ချဉ်တဲ့အရသာကို ဗီနီကာကြောင့် ရရှိတာ ဖြစ်ပါတယ်။ စီချွမ့် နံမည်ကြီး ဟင်းချိုတစ်ခုဖြစ်တဲ့ ချဉ်စပ်ဟင်းချိုထဲမှာ ကြက်သား၊ ကြွက်နားရွက်မှို၊ တို့ဟူး၊ မျှစ် အစုံနဲ့ အရမ်းသောက်လို့ ကောင်းမွန်ပါတယ်။
--------------------------------------
ပါဝင်ပစ္စည်းများ

ကြက်ရင်ဗုံ – ၁ခု (ကျက်အောင်ပြုတ်ပြီ အသားနွှင်းထားပါ)
ငရုတ်သီးနီ – ၃တောင့်(နှုတ်နှုတ်စဉ်းပါ)
ပဲပြား(သို့)တို့ဟူး – ၁တုံး (အရှည်ပါးပါးလှီးပါ(သို့) အတုံးလေးများ တုံးပါ)

မျှစ် – ၂ခု (အရှည်ပါးပါးလှီးပါ)
ကြွက်နားရွက်မှို – လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ)
ရေ(သို့)ကြက်ပြုတ်ရည် – ၆ခွက်
ဂျင်း – ၃ပြား
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ငရုတ်သီး ဆီချက် – စားပွဲတင်ဇွန်း ၁ဇွန်း
ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (ရေအနည်းငယ်ဖြင့် ရောမွှေထားပါ)
ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
တရုတ် နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
--------------------------------------
ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ရေ(၆ခွက်) ထည့်ပြီ ဆူအောင် တည်ထားပါ။ ဆူလာလျှင် ဂျင်း၊ ငရုတ်သီးနီ ထည့်ပေးပါ။

၂။ ပြီမျှ မျှစ်၊ ကြွက်နားရွက်မှို ထည့်ပေးပြီ ကြက်သား ထည့်ပါ။

၃။ အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်၊ ဗီနီကာ၊ နှမ်းဆီ ထည့်ရောမွှေပါ။

၄။ အရသာ မြည်းကြည့်လို့ အနေတော်လျှင် ကော်ရည်ထည့်ကာ ရောမွှေပါ။

၅။ ကော်ရည် ဆူလာမှ ခလောက်ထားသော ကြက်ဥကို ဖြည်းဖြည်း ထည့်ပြီ တူဖြင့် ရောမွှေပေးပါ။

၆။ အပေါ်မှ ငရုတ်သီး ဆီချက်၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်(သို့)နံနံပင် ဖြူးပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

image
47 w - Translate

အစားအသောက်တောင်မှ ဒီလိုရိုးရိုးရှင်းရှင်း ဖြစ်တာ‌လေးကိုဘဲ ပိုသဘောကျတယ်....😞💗

image
47 w - Translate

အစားအသောက်တောင်မှ ဒီလိုရိုးရိုးရှင်းရှင်း ဖြစ်တာ‌လေးကိုဘဲ ပိုသဘောကျတယ်....😞💗

image
47 w - Translate

အစားအသောက်တောင်မှ ဒီလိုရိုးရိုးရှင်းရှင်း ဖြစ်တာ‌လေးကိုဘဲ ပိုသဘောကျတယ်....😞💗

image
47 w - Translate

အစားအသောက်တောင်မှ ဒီလိုရိုးရိုးရှင်းရှင်း ဖြစ်တာ‌လေးကိုဘဲ ပိုသဘောကျတယ်....😞💗

image
47 w - Translate

အစားအသောက်တောင်မှ ဒီလိုရိုးရိုးရှင်းရှင်း ဖြစ်တာ‌လေးကိုဘဲ ပိုသဘောကျတယ်....😞💗

image
image
image
image
47 w - Translate

Drama တွေကြည့်ရတာ ပျ-င်းလာလို့
ကာတွန်းလေးသွားကြည့်မိပါတယ် 🥲

image
47 w - Translate

Drama တွေကြည့်ရတာ ပျ-င်းလာလို့
ကာတွန်းလေးသွားကြည့်မိပါတယ် 🥲

image