image

imageimage
+6

AFF ဖူဆယ်ချန်ပီယံရှစ်အဖွင့်ပွဲမှာ သြစတြေးလျနဲ့ မြန်မာသရေရလဒ်ထွက်ပေါ်

နိုဝင်ဘာ ၅၊ နေပြည်တော်။

၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု B အဖွင့်ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ မြန်မာနဲ့ သြစတြေးလျအသင်းတို့ ပွဲစဉ်မှာ ၃ ဂိုးစီသရေကျသွားခဲ့ပါတယ်။

မြန်မာအသင်းနည်းပြ ဘန်လတ်က ဒီပွဲရလဒ်ကို ကျေနပ်မိပေမယ့် တိုက်စစ်နဲ့ ခံစစ်မှာ အမှားအနည်းငယ်စီ ရှိခဲ့ တယ်လို့ ပွဲအပြီးသုံးသပ်ချက်မှာ ပြောခဲ့တာပါ။

ဘန်လတ်က “ဒီပွဲကတော့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး စိတ်လှုပ်ရှားမှုများစွာပေးခဲ့တဲ့ ပွဲတစ်ပွဲပါ။ ကျနော့်အနေနဲ့ ရလဒ်ကိုကျေနပ်ပါတယ်။ ကစားသမားတွေကလည်း ကျနော်စီစဉ်ထားတဲ့အတိုင်း အကောင်းဆုံး ကြိုးစားပေး ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ရော ခံစစ်မှာပါ အမှားအနည်းငယ်စီတော့ ရှိနေဆဲပါပဲ”လို့ ပြောခဲ့ပါတယ်။

မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု B မှာ သြစတြေးလျ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုထိပ်ဆုံး ၂ သင်းက နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။

မြန်မာအသင်းနည်းပြ ဘန်လတ်က ဒီပြိုင်ပွဲမစတင်ခင် ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုမှာ ၂၀၂၂ ပြိုင်ပွဲတုန်းက ရရှိခဲ့တဲ့ အဆင့်ထက် မနိမ့်တဲ့ရလဒ်မျိုးရရှိဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ၂၀၂၂ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ စတုတ္ထနေရာရရှိခဲ့တာပါ။

မြန်မာအသင်းဟာ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၂၀၁၆ ခုနှစ်က ဒုတိယနေရာရရှိခဲ့တာက သူတို့အတွက် အမြင့်ဆုံးအောင်မြင်မှုဖြစ်ခဲ့ပါတယ်။

အခုနှစ်ပြိုင်ပွဲကို နိုဝင်ဘာ ၂ ရက်ကနေ ၁၀ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ်ကျင်းပနေတာပါ။

မြန်မာအသင်းဟာ အုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၅ ရက်မှာ ကမ္ဘောဒီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Credit - Central News Independence

#သတင်းဟင်းလေးအိုးကြီး

image
2 yrs - Translate

အရသာလေးတွေ မှတ်ရအောင် 🍵

#englisheverywhere

image
2 yrs - Translate

အရသာလေးတွေ မှတ်ရအောင် 🍵

#englisheverywhere

image
2 yrs - Translate

အရသာလေးတွေ မှတ်ရအောင် 🍵

#englisheverywhere

image
2 yrs - Translate

အရသာလေးတွေ မှတ်ရအောင် 🍵

#englisheverywhere

image
2 yrs - Translate

အရသာလေးတွေ မှတ်ရအောင် 🍵

#englisheverywhere

image
image
image
image
Khine Su Zin shared a post  
2 yrs

2 yrs

(၇) ရက်သား/သမီးများအတွက် တစ်ပတ်စာ အဟောများ?--

တနင်္ဂနွေ သား/သမီး
အလုပ် မတည်ငြိမ်၊ဝင် ငွေလျော့ပါးတတ်သော ကာလဖြစ်သည်။ဝင်ငွေထက် ထွက်ငွေ ပို
များမနတတ်သည်။ကျန်းမာရေး အညံ့ကြုံနေရတတ်ပြီး ဆေးရုံ၊ဆေးခန်း ပြသကုသရသည်ထိ ကြုံရတတ်သည်။မျက်စိ၊ဆီး၊အာရုံကြော၊သွေးအားနည်း ရောဂါထဲမှ သတိပြုပါ။အချစ်ရေးအဆင်မပြေ ကတောက်ကဆ ဖြစ်ရတတ်မည်။အိမ်ထောင်ရေး အခြေအနေ ကောင်းမွန်သာယာနေမည်။ပညာရေးအခြေအနေ သင့်တင့်စွာကောင်းမွန်နေမည်။
ယတြာ--
ကြာသပတေးနေ့ မွန်းလွဲပြီးနောက်၊စေတီတစ်ဆူ၏ ကြာသပတေးထောင့်တွင် စံပယ်ပန်း (၅) ကုံး
ကပ်လှူ၍ လိုရာဆုတောင်းပါ။
----
တနင်္လာ သား/သမီး
လုပ်ငန်း၊ငွေကြေး အဆင်ပြေတိုးတက်နေမည်။မိတ်သစ်များ ဆက်ဆံရ၍အကျိုးခံစားရမည်။ကျန်းမာရေး ကောင်းမွန်
နေမည်။အချစ်ရေးတွင်ချစ်သူ၏ သဝန်တိုလွန်းခြင်းအပြုအမူကြောင့်စိတ် ညစ်နေရတတ်သည်။အိမ်ထောင်ရေးပြဿနာ အထူးမရှိ၊သင့်မြတ်မှူရှိနေမည်။ပညာရေးဘက် စိတ်ဝင်စားမှုနည်းနေ၍ ကြိုးစားလိုစိတ် မရှိဖြစ်နေတတ်မည်။
ယတြာ---
ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် စေတီတစ်ဆူ၏ တနင်္လာထောင့်တွင်ရေ သက်စေ့သပ္ပာယ်ပေးပါ။
----
အင်္ဂါ သား/သမီး
လုပ်ကိုင်သမျှ အောင်မြင်နေတတ်၍လက်နှင့်ထိသမျှ ရွှေဖြစ်သည့်သဘောမျိုး ကြုံနေရတတ်မည်။ကျန်းမာရေး
တွင် အာရုံကြောရောဂါ၊အရေပြားယားယံခြင်း၊ဝမ်းချုပ်ခြင်းမျိုး သတိပြုပါ။အချစ်ရေးစန်းပွင့်၍ လှေနံ နှစ်ဖက်နင်းသော အခြေအနေမျိုးကြုံရတတ်မည်။အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်ပေါ်စိတ်မချရသော အခြေအနေမျိုး ကြုံရတတ်မည်။ပညာရေးကံကောင်းမွန်၍ ထူးချွန်မှု ရှိမည်။
ယတြာ---
စေတီတစ်ဆူ၏ အင်္ဂါထောင့်တွင် နှင်းဆီအနီ (၈) ပွင့်ကို အင်္ဂါနေ့ မွန်းမလွဲမှီ ကပ်လှူပေးပါ။
----
ဗုဒ္ဓဟူး သား/သမီး
လုပ်ငန်း၊ငွေကြေး အောင်မြင်တိုးတက်မှုကြုံမည်။ရရန် ကြံ့ကြာနေသော ငွေများ ရလာတတ်မည်။ကျန်းမာရေး ကောင်းမွန်နေမည်။အမျိုးသမီးများအတွက် သွေးသား မမှန်ခြင်းမျိုးသတိပြုပါ။အချစ်ရေးပြဿနာမရှိ အဆင်ပြေနေမည်။အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ မူမမှန်သော အပြုအမူကြောင့် စိတ်သောကရောက်ရတတ်မည်။ပညာရေးကံ ကြိုးစားသလောက် အောင်မြင်မှုရမည်။
ယတြာ---
စေတီတစ်ဆူ၏ အင်္ဂါထောင့်တွင် အင်္ဂါနေ့ မွန်းမလွဲမှီ ယပ်အနီ(၈) လက် လှူပေးပါ။
----
ကြာသပတေး သား/သမီး--
အလုပ်တွင် တိုးတက်အောင်မြင်နေပြီး၊မနား သောကြောင့် လူပင်ပန်း၊စိတ်ပင်ပန်းဖြစ်ကာ စိတ်ဖိစီးမှု ကြုံရတတ်မည်။အလုပ်ဒဏ်ပိ၍ ကျန်းမာရေး ထိခိုက်တတ်ခြင်း သတိပြုပါ။အချစ်ရေးပုံမှန်အခြေအနေတွင်ရှိမည်။အိမ်ထောင်ရေးကောင်းမွန်နေသော်လည်း၊အမြင်မတူမှုများကြောင့် မကြာခဏ စကားများရတတ်မည်။ပညာရေးကံ သင့်တင့်စွာ အောင်မြင်မှုရမည်။
ယတြာ---
ကြာသပတေးနေ့ နေ့လည် ဝန်းကျင်လောက်တွင် စေတီတစ်ဆူ၏ ကြာသပတေးထောင့်၌မြေဆီမီးခွက်(၅)ခွက်တွင် မြေပဒဆီထဲ့၍ ဆီမီးပူဇော်ပေးပါ။
---
သောကြာသား/သမီး
လုင်ငန်း၊ငွေကြေး အဆင်ပြေနေကာ အောင်မြင်တိုးတက်မှုကြုံနေမည်။ကျန်းမာရေးအညံ့ရှိ၍ ဆီးချို၊သွေးတွင်းအဆီများခြင်း။သွေးတိုး ရောဂါများထဲမှသတိပြုရမည်။အချစ်ရေး သင့်မြတ် အဆင်ပြေနေမည်။ပျော်ရွှင်ကျေနပ်မှု ရှိမည်။အိမ်ထောင်ရေး သာယာချမ်းမြေ့မှုရှိနေမည်။ပညာရေးပုံမှန်အခြေအနေတွင်ရှိနေမည်။
ယတြာ---
သောကြာနေ့ မွန်းမလွဲမီ စေတီတစ်ဆူ၏ သောကြာထောင့်အလင်းတိုင် အဝါရောင်(၆) တိုင် ထွန်းညှိပူဇော်ပေးပါ။
---
စနေ သား/သမီး
လုပ်ကိုင် ကြံစည်သမျှအဆင်မပြေ နှောင့်နှေးထစ်ငေါ့မှုများ ကြုံနေရတတ်မည်။ငွေးကြေးသင့်တင့်စွာ ရရှိနေမည်။ကျန်းမာရေး အညံ့ရှိ၍ဝမ်းပျက်ခြင်း၊ပိုက်နာခြင်း၊လေထခြင်းမျိုးသတိပြုပါ။အချစ်ရေးအဆင်ပြေသော်လည်းချစ်သူက အဝေးသို့ခေတ္တရောက်နေတတ်မည်။အိမ်ထောင်ရေး အိမ်ထောင်ဖက် အလုပ်ဖြင့် ခရီးထွက်ရခြင်း(သို့)အခြားအရပ်ဒေသသို့ သွားရောက်ရခြင်းမျိုးကြုံရတတ်မည်။ပညာရေး ထူးခြားမှုမရှိသာမန်အခြေအနေတွင် ရှိနေမည်။
ယတြာ--
စနေနေ့ မွန်းလွဲပိုင်းတွင်သံဃာတစ်ပါးအား၊ဖိနပ်လှူပေးပါ။

ဆရာဝင်းမင်း(B.Sc)

တာချီလိတ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နိုဝင်ဘာ ၅၊ နေပြည်တော်။

မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာ ၄ ရက်နေ့ CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁ ရက် ညနေ ၅ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သတင်းအရရှာဖွေရာ အမျိုးသား ၂ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၀၃၆ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၂ ကီလိုဂရမ်၊ အနံ့မှုန့် Vanillin ၇၅ ကီလိုဂရမ်၊ အနံ့ဆေးရည် ၃၆၀ လီတာ၊ ISUZU D-MAX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် အိမ်ပိုင်ရှင်နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာနေ အမျိုးသား ၂ ဦးမှ တာချီလိတ်နယ်စပ်တွင် အရောင်းအဝယ်ပြုလုပ်ရန် သိုဝှက်ထားသော ပစ္စည်းများဖြစ်သည်ဟု သိရှိရကြောင်း သိရသည်။

ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

ပုံစာ- ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

#centralnewsnaypyitaw

image