ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြန်မာသင်္ကြန် ယူနက်စကို ဒြပ်မဲ့ယဥ်ကျေးမှု ဆန်ခါတင် စာရင်းထဲပါဝင်လာ
နိုဝင်ဘာ ၇၊ ရန်ကုန်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ဟာ ယူနက်စကို ရဲ့ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage) ဆန်ခါတင် စာရင်းထဲ ပါဝင်လာပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လမှာ မြန်မာ့ရိုးရာသင်္ကြန်ကို ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းဖြစ်ဖို့ စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်က ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနကနေ ယူနက်စကိုကို လျှောက်ထားခဲ့တာပါ။
သင်္ကြန်ပွဲတော်လို ရေကစားပွဲတော်တွေကို မြန်မာအပြင် အိမ်နီးချင်း ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာလည်း ဧပြီလအတွင်းမှာ ကျင်းပလာကြတာဖြစ်ပြီး ထိုင်းရဲ့ ဆုန်ကရန်ပွဲကတော့ ICH စာရင်းမှာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ပါဝင်ပြီးဖြစ်ပါတယ်။
“ယူနက်စကို စာရင်းတင်တာတော့ သူက ကိုယ့်ထက် စောသွားတာပေါ့။ ဒါကိုတင်တော့ လူအများပို သိလာမယ်။ စိတ်ဝင်စား လာမယ်။ အဲဒါတွေက ကျွန်မတို့နိုင်ငံမှာအခုချိန်ထိ မအောင်မြင်သေးဘူး။ သူတို့ အရင်တင်လို့တော့ သူတို့ပိုင်သွားတယ်ဆိုတာမျိုး မဟုတ်ပါဘူး” လို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက ၂၀၂၃ ခုနှစ်အစောပိုင်းတုန်းက ဘီဘီစီနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာ ဖြေထားပါတယ်။
ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်လာမလားဆိုတဲ့အဖြေကိုတော့ ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်အထိ ပါရာကွေးနိုင်ငံမှာ ကျင်းပမယ့် ယူနက်စကို ICH ကော်မတီအစည်းအဝေးအပြီးမှာ သိနိုင်မှာဖြစ်ပါတယ်။
မနှစ်က ဆုန်ကရန်ရေ ကစားပွဲတော်ကို နိုင်ငံရဲ့ ICH အဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ ထိုင်းနိုင်ငံကတော့ ဒီနှစ်မှာလည်း ပုစွန်တုန့်ယန်းဟင်းချိုနဲ့ ဇကာတင်စာရင်းထဲမှာပါဝင်နေပါတယ်။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး
No 3 Heavy Industries Enterprise seeks bids for A-grade long-staple cotton
The No 3 Heavy Industries Enterprise under the Ministry of Industry invited a tender to purchase 500,000 visses of A-grade long-staple cotton in the current financial year 2024-2025.
A tender form will be sold on 31 October, and the tender closing date is 13 November. Individuals can enquire about details through the contact number of the production department of No 3 Heavy Industries Enterprises located at Office No 37 in Nay Pyi Taw (phones: 067 3408138, 067 3408439, and 067 3408492).
The No 3 Heavy Industries Enterprise informed the Myanmar Cotton and Cotton Products Merchant Association of a tender invitation situation with its notification (002/2-7/001/2024-2025) (1095) on 31 October.
In order to source raw materials for cotton ginning factories operated under the No 3 Heavy Industrial Enterprise, open tender biddings to purchase 500,000 visses of long-staple cotton were advertised in the Myanma Alin Daily Newspaper on 31 October and the Mirror Daily Newspaper on 1 November. The enterprise asked the association to coordinate matters with cotton suppliers and traders to submit tenders by 13 November 2024, as per its notification. — NN/KK
အင်တာမီလန်နှင့်ပွဲ ဒိုင်ဆုံးဖြတ်ချက်ကို အာဆင်နယ်နည်းပြဝေဖန်
အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒိုင်ရဲ့ ဆုံးဖြတ်ချက် ပြင်းထန်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ဝေဖန်ခဲ့ပါတယ်။
အင်တာမီလန်အသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲနိုင်ပွဲ ပျောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်ဟာ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲ ပထမဆုံးရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ပွဲမှာ ကွင်းလယ်လူ မီခေးလ်မီရီနို လက်ထိခဲ့လို့ ဒိုင်လူကြီးက ပင်နယ်တီပေးခဲ့တာကြောင့် အာဆင်နယ်အသင်း ရှုံးပွဲဆက်ခဲ့တာ ဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ မီရီနိုကို အင်တာဂိုးသမားက လက်သီးနဲ့ ထိုးခဲ့တဲ့ အဖြစ်အပျက်ကိုတော့ ပင်နယ်တီမပေးခဲ့ပါဘူး။ ၂ ဘက်စလုံး ပင်နယ်တီရသင့်ပါတယ်။ ကျနော်တို့ အသင်းအပေါ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က ပြင်းထန်လွန်းပါတယ်” လို့ အာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ အတ္တလန်တာနဲ့ သရေကျခဲ့ပြီး ဒုတိယပွဲမှာ ပီအက်စ်ဂျီကို အနိုင်ရခဲ့ကာ တတိယပွဲမှာ ရှက်တာဒိုးနက်ကို အနိုင်ရထားပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားရပ်တည်မှုမှာ အဆင့် ၁၂ နေရာကို ရောက်နေပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်လက်ကျန် ၄ ပွဲမှာ စပိုးတင်း၊ မိုနာကို၊ ဒိုင်နမိုဇာဂရက်၊ ဂျီနို အာအသင်းတို့နဲ့ ကစားရမှာဖြစ်ပါတယ်။
DVB
7 Nov 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,450
USD Sell - MMK 4,550
EUR Buy - MMK 4,760
EUR Sell - MMK 4,885
SGD Buy - MMK 3,335
SGD Sell - MMK 3,400
THB Buy - MMK 129.03
THB Sell - MMK 132.45
JPY Buy - MMK 28.70
JPY Sell - MMK 29.47
MYR Buy - MMK 1,000
MYR Sell - MMK 1,030
CNY Buy - MMK 615
CNY Sell - MMK 635
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,930,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,300,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application