ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ကုလစွပ်စွဲချက် အစ္စရေးရှုတ်ချ
နိုဝင်ဘာ ၉၊ နိုင်ငံတကာ။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဂါဇာကမ်းမြောင်မှာ စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်နိုင်တဲ့ နိုင်ငံတကာဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုကျူးလွန်နေတယ်လို့ စွပ်စွဲထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ အစီရင်ခံစာကို အစ္စရေးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
“ဂါဇာကမ်းမြောင်ဒေသ အခြေအနေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကို အစ္စရေးနိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ပယ်ချပါတယ်” လို့ ဂျီနီဗာရှိ အစ္စရေးမစ်ရှင်က သောကြာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
"OHCHR က မြေပြင်က ပကတိ အဖြစ်မှန်တွေကို ဖော်ပြနိုင်မှု ပျက်ကွက်ခဲ့ကာ ဂါဇာကမ်းမြောင်ဒေသက အရပ်သားတွေကို ထိခိုက်နစ်နာစေဖို့ တမင် ရည်ရွယ်ပြီး ဟားမတ်စ်နဲ့ တခြား အကြမ်းဖက်အဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍကို လျစ်လျူရှုထားတယ်" လို့ ဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံ တောင်ပိုင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့အပြီး လူပေါင်း ၁,၂၀၀ ကို သတ်ဖြတ်ကာ ဓားစာခံ ၂၅၀ ကို ဖမ်းခေါ် သွားပြီးနောက် နောက်ဆက်တွဲ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် ဧပြီလ အထိ အစ္စရေးနဲ့ ဂါဇာက အရပ်သား ပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ “ထိတ်လန့်ဖွယ်ရာအဖြစ်မှန်” တွေကို ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
“ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ခံရနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး ထပ်ခါတလဲလဲ သတိပေးနေပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့လ်ကာ တာ့ခ် (Volker Türk) က သောကြာနေ့ အစီရင်ခံစာ ထုတ်ပြန်ချိန်နဲ့ အချိန်ကိုက် ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
“နှစ်ပေါင်း ၁၆၀ ကြာ ကျင့်သုံးလာခဲ့တဲ့ စစ်ပွဲစည်းမျဉ်းတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေ အတွင်း လူသားတွေ ထိခိုက်ခံစားရတာကို ကန့်သတ်တားဆီးဖို့ ရည်ရွယ် ထုတ်ပြန်ထားတာ” လို့လည်း သူက ပြောပါတယ်။ “ လူသားမျိုးနွယ် အတွက်စောင့်ထိန်းရမယ့် ကမ္ဘာ့ နိယာမ လက်ခံ စည်းနှောင်ထားတဲ့ စံနှုန်းတွေထဲက အနိမ့်ဆုံး အဆင့်ကိုတောင် ပဋိပက္ခမှာ ပါဝင် ပတ်သက်နေသူတွေက လက်ခံ ကျင့်သုံးဖို့ ငြင်းဆိုနေတာက ယုံနိုင်ဖွယ် မရှိဘူး” လို့လည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောပါတယ်။
အစီရင်ခံစာထဲမှာ ပဋိပက္ခထဲအတွင်း နှစ်ဘက်စလုံးက ကျူးလွန်တဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကို ဖော်ပြထားပါတယ်။ အများစုကတော့ အစ္စရေးတပ်ဖွဲ့တွေက လက်တုံ့ပြန် အပြစ်ပေးတဲ့ တိုက်ခိုက်မှုတွေ အတွင်းမှာ ပါလက်စတိုင်းပြည်သူတွေ ထိခိုက်နေရတာနဲ့ ဂါဇာကမ်းမြောင်ဒေသက အရပ်ဘက်အခြေခံအဆောက်အအုံတွေ ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးခံရတာတွကို အလေးပေး ဖော်ပြထားပါတယ်။
အစီရင်ခံစာထဲမှာ “ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF တွေရဲ့ တိုက်ခိုက်မှု ပုံစံမျိုးစုံနဲ့ ပိတ်ပင် တားဆီးမှု၊ အလုံးစုံ ပိတ်ဆို့ မှုတွေ ကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ အပါအဝင် အရပ်သားတွေဟာ အန္တရာယ်ကျရောက်နေပြီး အဆိုးဆုံး ခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။
အစ္စရေးအစိုးရဟာ ပါလက်စတိုင်းနယ်မြေအတွင်းကို လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ဝင်ရောက်မှုကို ပိတ်ပင်တားဆီးခြင်း၊ အရပ်သားအခြေခံအဆောက်အအုံတွေ ဖျက်ဆီးခြင်းနဲ့ အရပ်သား လူထုကို အကြိမ်ကြိမ် အခါခါ အင်အားသုံး နေရပ် ရွှေ့ပြောင်းခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂက စွပ်စွဲထားပါတယ်။
ကုလသမဂ္ဂ ရဲ့ ဒီ အစီရင်ခံစာ ထွက်လာချိန်မှာပဲ ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေ အကူအညီတွေ ပိုရစေဖို့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးပို့နိုင်မယ့် နယ်စပ် ဖြတ်ကျော် လမ်းကြောင်းသစ်တခုကို ဖွင့်ပေးမယ်လို့ အစ္စရေး တာဝန်ရှိသူတွေက သောကြာနေ့မှာပဲ ကြေညာထားပါတယ်။
Credit - VOA
#သတင်းဟင်းလေးအိုးကြီး
လိုချင်တာတွေများနေရင် _ရင်မောရတတ်တယ်..
ဖြစ်ချင်တာတွေများနေရင် _စိုးရိမ်နေရတတ်တယ်..
မျှော်လင့်တာတွေများနေရင် _ပူပန်နေရတတ်တယ်..
မလိုအပ်တဲ့အရာတွေကိုလည်း_ မခင်တွယ်မိစေနဲ့..
စိုးရိမ်သောကတွေကိုလည်း_ လိုအပ်တာထက်မပိုနဲ့..
မဖြစ်သေးတဲ့ကိစ္စကိုတွေးပြီး_ သောကမရောက်ပါနဲ့.
လောကဓံဆိုတာ...
မလိုချင်တာတွေလည်း_ ရလာတတ်တယ်...
မဖြစ်ချင်တာတွေလည်း_ ဖြစ်လာတတ်တယ်..
မမျှော်လင့်တာတွေလည်း_ ကြုံလာရတတ်တယ်....။
ကိုယ်လိုချင်တာတွေမရလို့လည်း_ စိတ်ညစ်မနေပါနဲ့”
ကိုယ်မလိုချင်တာတွေရပြီး စိတ်ညစ်နေရတဲ့သူတွေ
လောကြီးမှာ ဒုနဲ့ဒေးရှိနေပါတယ်....။
”အတိတ်ကရခဲ့တဲ့ နာကျင်စရာတွေကို မေ့လိုက်ပါ”
ဒါပေမဲ့ အဲ့ဒီကရလိုက်တဲ့ သင်ခန်းစာတွေကိုတော့
ဘယ်တော့မ မေ့မပစ်လိုက်ပါနဲ့....။
”ရင့်ကျတ်မှုတွေရဖို့ မျက်ရည်တွေနဲ့ ရင်းခဲ့ရတယ်”..
”ခွင့်လွှတ်တတ်ဖို့ သည်းခံစိတ်တွေ မွေးခဲ့ရတယ်”..
”နာလည်ပေးဖို့ ဒေါသတွေ လျှော့ခဲ့ရတယ်”..
”အဆင်ပြေသွားဖြို့ဖစ်ချင်တာတွေ စွန့်လွှတ်ခဲ့ရလို့ပါ”.
လူ့ဘဝ လူ့သက်တမ်းဆိုတာက..
ဖိနပ်တစ်ရံလိုပါပဲ ရုပ်ဝတ္တူတွေနောက် လိုက်ရင်း_
ပျော်ရွှင်မှုတွေဆီလျှောက်ရင်း_
ပါးလျကုန်ကျရတာလေ....
ဘဝဟာတိုတိုလေးမို့ အမုန်းတရားတွေနဲ့
အချိန်ကုန်မခံပါနဲ့.....။
ပြောချင်တာက...
လောကဓံဆိုတာ လူတိုင်းကြုံနေရတာပါ..
အောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့ပေါ့..
ဘယ်သူမှ တသမတ်တည်း မရှိနိုင်ပါဘူး..။
ဒါဟာ သဘာဝပါပဲ...။
သဘာဝရဲ့ တခဏကို
ထာဝရလို့ မထင်လိုက်ပါနဲ့လို့ပြောလိုက်ပါရစေ..။
Credit
ချုံချင့်အကြီးအကဲနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌဆွေးနွေး
နိုဝင်ဘာ ၉
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံ၍ စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
နိုဝင်ဘာ ၈ ရက်နေ့က Yuzhou Hotel တွင် တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ချုံချင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု များကို ဆက်လက် ဆောင်ရွက်သွားနိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်ဟု နစက-က သတင်းထုတ် ပြန်ခဲ့သည်။
ထို့နောက် ချုံချင့်မြို့ရှိ အလုပ်ရုံ၊ စက်ရုံများကို သွားရောက် လေ့လာခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်နေ့က ရောက်ရှိနေပြီး နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များက ကူမင်းမြို့မှာ ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီး အစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။
ထို့အပြင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံ၍ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ လာရောက် လုပ်ကိုင်ကြရန် ဖိတ်ခေါ်ခဲ့သည်။
ထို့နောက် တရုတ်ဝန်ကြီးချုပ် လီချန်၊ လာအိုဝန်ကြီးချုပ် ဆုံဆိုင်း ဆီဖန်ဒုံ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်စ်၊ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့နှင့် သီးသန့်စီ တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့သည်။
#centralnewsmyanmar