နေပြည်တော်က ညွှန်ချုပ်အိမ်ယာမှာ ဒရုန်းတစ်စင်းပျက်ကျ

နိုဝင်ဘာ ၂၆

နေပြည်တော်က ညွှန်ကြားရေးမှူးချုပ်တွေနေထိုင်တဲ့ အိမ်ယာဝင်းထဲကို နိုဝင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်း တစ်စင်းကျရောက်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကိုယ်ထည် ၇ ပေ ရှည်ပြီး တောင်ပံ ၁၃ ပေရှည်တဲ့ Fixed Wing ဒရုန်းတစ်ခု ကျရောက်ခဲ့တာလို့ဆိုပါတယ်။

ဒရုန်းကျတဲ့ခြံဝင်းအနီးမှာ ကျန်းမာရေး၊ မီးသတ်နဲ့ ပညာရေးညွှန်ကြားရေးမှူးချုပ်တို့ နေထိုင်တဲ့ အိမ်တွေ ရှိနေတယ်လို့ သိရပါတယ်။

ပျက်စီးတဲ့အနေအထားနဲ့ မြေပြင်မှာ ပြန်တွေ့ရတဲ့ ဒရုန်းမှာတော့ ဗုံးသီးမပါပဲ GPS တပ်ထားတာကိုတွေ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

အဲဒီဒရုန်းကျမှုမှာ လူနဲ့ ပစ္စည်းထိခိုက်မှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Credit - BBC News

#သတင်းဟင်းလေးအိုးကြီး

image

အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ ယာယီအပစ်ရပ်ဖို့ နီးစပ်လာ

နိုဝင်ဘာ ၂၆

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးတို့အကြား ယာယီအပစ်အခတ်ရပ်စဲရေးရရှိဖို့ နီးစပ်လာပြီးလို့ အစ္စရေးအစိုးရတာဝန်ရှိသူတွေနဲ့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အပစ်ရပ်ရေး သဘောတူညီချက်တခုအတွက် အစ္စရေးအစိုးရအဖွဲ့ဟာ ဒီကနေ့မှာ တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေပြီး အဆိုပြုချက်ပါအချက်တွေကို အတည်ပြုဖို့ ရည်ရွယ်ထားကြောင်း အစ္စရေးအစိုးရ တာဝန်ရှိသူကပြောပါတယ်။ သဘောတူညီချက်ကို မူအားဖြင့် သဘောတူတယ်လို့ အစ္စရေး ဝန်ကြီးချုပ်နေတန်ယာဟုက ပြောပါတယ်။

နေတန်ယာဟု စိတ်မပြောင်းဘူးဆိုရင် အပစ်အခတ်ရပ်စဲရေးမှာ ကြီးမားတဲ့ အတားအဆီးမရှိဘူးလို့ လက်ဘနွန်လွှတ်တော် ဒုတိယဥက္ကဌ အီလီယက်စ်ဘောဆတ်ဘ်က ပြောပါတယ်။ နှစ်ဖက်အကြား သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုတွေ သိသိသာသာ တိုးတက်လာကြောင်း ပြင်သစ်နဲ့ အမေရိကန်တို့ကလည်း ဆိုပါတယ်။

အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးကာလဟာ ရက်ပေါင်း ၆၀ ကြာမြင့်မည်ဖြစ်ပြီး လက်ဘနွန်ကနေ အစ္စရေးတပ်တွေ ဆုတ်ခွာရေးလည်းပါဝင်ပါတယ်။ အပြန်အလှန်အားဖြင့် ဟဇ်ဘိုလာတို့ဟာ နိုင်ငံတကာ နယ်စပ်ရဲ့မြောက်ဘက် ၁၈ မိုင်အကွာ လီတာနီမြစ်တောင်ဘက်ကနေ ဆုတ်ခွာရမှာဖြစ်ပြီး အစ္စရေးတပ်တွေ နေရာယူမှာဖြစ်ပါတယ်။

နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရရှိဖို့ နီးကပ်လာပြီလို့ သံတမန်သတင်းရင်းမြစ်တွေက ထုတ်ဖော်ပြောဆိုထားပမယ့်လည်း ပြီးခဲ့တဲ့နေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ လူ ၃၁ ယောက်သေဆုံးခဲ့ပြီး ဟဇ်ဘိုလာတို့ကလည်း အစ္စရေးကို ဒုံးကျည် အစင်း ၁၆၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

Ref:BBC
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image

စာချုပ်သစ် ကမ်းလှမ်းမှုမရသေးလို့ စိတ်ပျက်ကြောင်း ဆာလက်ပြော

နိုဝင်ဘာ ၂၆

လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလက်ဟာ လီဗာပူးလ်အသင်းဆီကနေ စာချုပ်သစ် ကမ်းလှမ်းမှု မရရှိသေးတဲ့ အတွက် စိတ်ပျက်မိတယ်လို့ ပြောလိုက်ပါတယ်။

ဆာလက်က “ဒီဇင်ဘာထဲကို ရောက်ဖို့နီးနေပြီဖြစ်ပေမယ့် ကျနော်ဟာ ကလပ်မှာ ဆက်ပြီးရှိနေဖို့အတွက် ကမ်းလှမ်းမှု မရရှိသေးပါဘူး။ ကျနော် စိတ်ပျက်မိပါတယ်။ ဒါကြောင့် ဆက်ရှိဖို့ထက် ထွက်ခွာဖို့က ပိုဖြစ်နိုင်ပါ တယ်။ ကျနော်ဒီမှာ နှစ်ပေါင်းများစွာကြာရှိခဲ့တာကို ခင်ဗျားတို့လည်း သိပါတယ်။ ဒီလိုကလပ်မျိုးလည်း မရှိပါဘူး။ ပရိသတ်တွေကို ကျနော်ချစ်သလို၊ ပရိသတ်တွေကလည်း ကျနော့်ကို ချစ်ပါတယ်။ အဆုံးသတ်မှာ ဒါက ကျနော့်ရဲ့ လက်ထဲ ဒါမှမဟုတ် ပရိသတ်တွေရဲ့ လက်ထဲမှာ မရှိပါဘူး။ စောင့်ဆိုင်းပြီး ကြည့်ရမှာပါ”လို့ ဆောက်သမ်တန် အသင်းနဲ့ပွဲအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။

ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ဂိုး သွင်းယူထားပြီး ခြေစွမ်းပြသနေပေမယ့် သူနဲ့ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။

ဒါပေမယ့် ဆာလက်ဟာ လီဗာပူးလ်အသင်းဆီကနေ စာချုပ်သစ် ကမ်းလှမ်းမှု မရရှိသေးတဲ့အတွက် စိတ်ပျက်နေ တာပါ။

ဆာလက်ဟာ လက်ရှိ အခြေအနေကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေနဲ့ စာချုပ်အကြို ချုပ်လို့ရမှာဖြစ်ပြီး နွေရာသီမှာ အလွတ်နဲ့ ပြောင်းရွှေ့လို့ရမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်နွေရာသီက ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာလက်ဟာ လီဗာပူးလ်အသင်းဆီကနေ စာချုပ်သစ် ကမ်းလှမ်းမှု မရထားပေမယ့် ဒီရာသီကို အာရုံစိုက်ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေအပြင် ဥရောပထိပ်သီး အချို့ကလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။

လီဗာပူးလ်အသင်းဟာ ဆာလက်အပြင် ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ ညာနောက်ခံလူ အာနိုးလ်တို့ကိုလည်း စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးပါဘူး။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ အသင်းရဲ့အဓိက ကစားသမား ၃ ဦးစလုံးကို လာမယ့်နွေရာသီမှာ အလွတ်နဲ့ ဆုံးရှုံးရနိုင်တာဖြစ်ပါတယ်။

ပုံ - ဆာလက်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

image
37 w - Translate

ဘယ်အရာမဆိုပေါ.
မရခင်သာ အသဲအသန်ပါ
ရပြီးသွားရင် တန်ဖိုးမထားကျတော့ဘူး..

image
37 w - Translate

ပိုလိုအပ်တယ်ဆိုကာမှ...ပိုအေးစက်သွားတဲ့ ဆက်ဆံရေးတွေ

မျက်ရည်တွေနဲ့ တားနေမိတဲ့ အဖြစ်တွေကနေ လွှတ်ထွက်ချင်နေတဲ့ လက်ကို ဆွဲနေရင်းက တဖြေးဖြေး နာကျင်လာခဲ့ရသလို တဖြေးဖြေး အထီးကျန်လာခဲ့ရတယ် ။
ဒီအတောအတွင်းမှာလေ နားလည်မှုလေးတွေ ပိုပြီးလိုအပ်ပါတယ်ဆိုတဲ့စကားကို သေသေချာချာကြီးပြောခဲ့တာတောင် သေသေချာချာကြီး ပစ်ထားခဲ့တဲ့သူ့ကို ကျွန်မ ဘယ်လ်ုခေါင်းစဥ်တပ်ရမလဲ
ပုံမှန်အချိန်မှာဆို... ဘယ်လိုပဲ ပစ်ထားပစ်ထား အဆင်ပြေအောင် နေလို့ရပေမယ့် ဒီလို လိုအပ်နေတဲ့အချိန်လေးမှာ ရှိနေမပေးနိုင်တာကတော့ ကျွန်မ ကံပေါ့ ။
အများကြီး မတောင်းဆိုခဲ့ဖူးသလို အများကြီးလဲ မလိုချင်ခဲ့မိပါဘူး.. အချိန်တွေအကြာကြီး ပစ်မထားဖို့ရယ် ကျွန်မကို ရှိတယ်တောင်မထင်တဲ့ အဖြစ်မျိုးတွေ ထပ်မလုပ်စေချင်တာရယ်... ဒါပါပဲ
ဒါကိုတောင်မှ.... သူ့မှ ခက်ခဲနေခဲ့တာလေ ကျွန်မက ပိုပြီးလိုအပ်လာလေလေ ပိုပြီးပစ်ထားတတ်သလို ပိုပြီးချစ်တတ်လာလေလေ ဆက်ဆံရေးတွေက ပိုပြီး အေးစက်သွားလေလေပေါ့ ။

#ကျေးကို

image
37 w - Translate

ငါ့ကို စောက်ရေးမပါသလို ဆက်ဆံလာရင်
ဘယ်လောက်အရေးကြီးကြီး တဖြေးဖြေး
ငါ့အတွက် စောက်ရေးမပါတဲ့သူပဲ ဖြစ်သွားမှာ

လူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရာမှာ respect ဟာသိပ်အရေးကြီးတယ်။
ကိုယ်က ဘာမှမပေးနိုင်ပဲ သူများဆီကချည်း လိုချင်နေလို့မရဘူး။

ငါ့အတွက်တော့ ငါ့မာနကိုထိပါးစေတဲ့ ဒါမှမဟုတ် ငါ့ကိုသိမ်ငယ်လာအောင် ခံစားစေရတဲ့ ဘယ်သူ့ကိုမဆို ငါ့ဘ၀ရဲ့ဘယ်နေရာမှာဖြစ်ဖြစ် ထားပစ်ခဲ့မှာ။

#စာတို

image
37 w - Translate

လိုချင်တဲ့
ချစ်ခြင်းမေတ္တာက ရိုးရှင်းတယ်။
ကိုယ်ကလဲ ပေးမယ်
ကိုယ်တိုင်လဲ ပြန်ရချင်တယ်။
ကိုယ်တိုင်လဲ စည်းစောင့်မယ်
စည်းစောင့်မှုကိုလဲ ပြန်လိုချင်တယ်။

image

Part-3
တစ်ခဏ

သူ့ကျန်မာရေးအရ လမ်းမလျောက်နိုင်တော့တဲ့အချိန်မှာ သူ့ကိုပြုစုဖို့ စစ်ကိုင်းက သူ့မြေးမလေးနှစ်ယောက်ကိုပါ ခေါ်ထားလိုက်ပါတယ်။ ကလေးနှစ်ယောက်ကသူ့ဝေယျာဝစ္စလုပ်ပေးချိန် အနားမှာ ကျွန်မကိုမတွေ့ရင် “နင်တို့ဒေါ်လေး ပြန်မလာသေးဘူးလား” လို့အမြဲမေးပါတယ်။ ကျွန်မကိုမတွေ့ရင် အပြင်ထွက်တယ်လို့ထင်ပြီး စိတ်ပူတယ်။ အားကိုးတာလည်းပါမှာပေါ့လေ။ ဆေးရုံမတက်ခင် တစ်ရက်အလိုမှာ သူအိပ်ပျော်နေရင်း “ဘဝခြားပြီထင်တယ်”လို့ သုံးခါလောက်ပြောတာ သူ့ကိုယ်သူမနေရတော့မှန်း ကြိုသိနေတာပဲဖြစ်မယ်ထင်ပါတယ်။ ဆေးရုံတက်ပြီးတစ်ရက်အရှိမှာပဲ ဝါဆိုလပြည့်နေ့ညနေ ၆း၄၅ မှာ သူဆုံးသွားတာပါ။ မဆုံးခင်တစ်နေ့လုံး သူ့အနားမှာ သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်နေမိတာ။ သူ့မျက်လုံးတွေကမှိတ်မထားဘဲ မှေးပြီး ကျွန်မကိုကြည့်နေတာ။ မောင်ဝင်းတင့်ဆွဲပေးတဲ့ သူ့ပုံတူပန်းချီထဲက မျက်လုံးအတိုင်း တစ်ထပ်တည်းမို့ ကျွန်မ မောင်ဝင်းတင့်ကိုလည်းကျေးဇူးတင်မိတယ်။ ပုံကိုစေ့စေ့ကြည့်ရင် သူအသက်ဝင်လာပြီး စကားများပြောလေမလားလို့တောင် ခဏခဏ မျှော်လင့်မိတယ်။
ရေဝေးမှာ အသုဘချ မီးသင်္ဂြိုဟ်အပြီး မောင်သိန်းဇော်ကိုနှုတ်ဆက်ရင်း သူစပ်ထားတဲ့ကဗျာလေးကို ရွတ်ပြခဲ့ပါတယ်။ ကဗျာထဲက ခံစားမှုအတိုင်း ကျွန်မခံစားနေရလို့ပါ။
သူနဲ့နေခဲ့ရတဲ့အချိန်တွေတိုင်း ပြန်တွေးရင် ကြည်နူးစရာတွေအပြည့်ပါ။ လင်မယား ရန်ဖြစ်တယ်ဆိုတာ ကျွန်မတို့ကမ္ဘာမှာ မရှိသလောက်ပါဘဲ။ ခရီးရှည်တွေထွက်လိုက်ကြ၊ သင်တန်းမရှိတဲ့နေ့တွေမှာ ရန်ကုန်အနီးအနားမရောက်ဖူးတဲ့နေရာတွေ ကားလျှောက်မောင်းရင်း လမ်းဘေးအကြော်ဆိုင်တွေ ထိုင်စားကြ၊ အရက်ပုလင်းတွေ ဝယ်လိုက်ကြ၊ အလှူအတန်းတွေလုပ်လိုက်ကြ၊ ဒမ္မဒါနစာအုပ်တွေ သူင computer ရိုက် ကျွန်မ မိတ္တူဆိုင်မှာသွားကူး မိတ်ဆွေတွေကိုလိုက်ဝေကြ၊ တစ်ပတ်မှာ နှစ်ရက် whisky သောက်ရင်း(ကျွန်မက အချိုရည်) ကိုအံ့ကြီး၊ စံလင်း၊ ဖြူသီ၊ ခင်မောင်တိုး သီချင်းတွေဖွင့် နားထောင်ကြ၊ သူဆောင်းပါးရေးတော့မယ်ဆိုရင် လိုအပ်တဲ့ကျမ်းးကိုးတွေ ကျွန်မရှာပေး၊ မင်္ဂလာနှစ်ပတ်လည်ရောက်တိုင်း သူ့အပေါင်းအသင်း ကျွန်မအပေါင်းအသင်းတွေနဲ့ စစ်ကိုင်းမှာ ဆန်အလှုလုပ် မရောက်ဖူးသေးတဲ့နေရာသစ်တွေ ကုသိုလိဖြစ်ပို့ပေး၊ နှစ်စဉ် ကျိုက်ထီးရိုးဘုရားဖူးထွက်ရတာလည်း အကြိန်မရေတွက်နိုင်၊ ပြန်တွေးပြီးပြန်ရေးရတာ မျက်ရည်တွေကြားက ကြည်းနူးစရာတွေပ်၊ ထာဝရမဖြစ်နိုင်ပေမဲ့ တစ်ခဏဆိုတဲ့ ၅၂ နှစ်ကိုတော့ ကျေကျေနပ်နပ်ကြီး ဖြတ်သန်းခဲ့ရလို့ “ကို့”ကို အထူးကျေးဇူးတင်ပါတယ်။
နေ့စဉ် ဆရာ့ဂုဏ်ကျေးဇူးကို သိမြင်ပြီး ကန်တော့သလို၊ ကာယကံ၊ ဝစီကံ၊ မနောကံတို့နဲ့ ပြစ်မှားမိခဲ့ရင်လည်း ခွင့်လွှတ်ဖို့ ကန်တော့ပါတယ်။ “နွေး” ပြုသမျှကုသိုလ်အားလုံးကိုလည်း အမျှဝေပါတယ်။ အေးချမ်းမြင့်မြတ်တဲ့ ဘုံဘဝက သာဓုခေါ်ပါ။ အကြောင်းကံတိုက်ဆိုင်ရင်တော့ ပြန်ဆုံချင်ပါသေးတယ် “ကို”။
“ကို့”အတွက် အမှတ်တရ ဒီဆောင်းကါးလေးရေးပြီးတဲ့နေ့က 27-2-2023 “နွေ”ရဲ့ ၆၉နှစ်ပြည့်မွေးနေ့ပါ။ မွေးနေ့လက်ဆောင် သူများနဲ့ မတူတာလေးဘာပေးမလည်းလို့မေးရင်လည်း မကြားနိုင်တော့မှာမို့ မမေးတော့ပါဘူးနော်။ “အသည်း၌ လှိုက်လှဲဖြစ်သော ချစ်လက်ဆောင်ကိုသာ အပ်နှင်းချင်” လို့ဖြေမို့ပါ…သိနေတယ်။
ကျွန်မမွေးနေ့အတွက် ဆုတောင်းပေးကြတဲ့အထဲက ဆရာလင်းဝေရဲ့ ကဗျာလေးကိုဖတ်ပြီး ကျွန်မ တသိမ့်သိမ့်ခံစား တစိမ့်စိမ့်လွမ်ူနေမှာပါ။

Happy Birthday ပါဆရာမကြီး
မဟာနိုး၏ မြတ်နိုးဆွတ်ကြင်
ရင်တစ်ခုလုံး သိမ်းကျုံးပိုက်ပွေ့
မေတ္တာငွေ့ကို ချမ်းမြေ့ငုံဖူး ရခဲ့ဖူးသို့
ကြည်နုးစရာ အတိတ်ရွာ၏ သာယာတိုးတိတ်
ကြည်နူးစိတ်တို့ အရိပ်ပမာ မခွဲခွာဘဲ
ခြိမ့်သဲရွှန်းမြ ဘဝသက်ထက်တိုင်ပါစေ။ ။
သုလင်းဝေ

နွယ်သာနိုး

37 w - Translate

“လူတွေက ပြောင်းလဲသွားတယ်၊ ဒါပေမယ့် အမှတ်တရတွေက ငါတို ” 🖤.

image