1 y - Translate

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှစ၍ နိုဝင်ဘာ ၂၈ ရက်အတွင်း မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းများတိုက်ခတ်နိုင်

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အတွင်း မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းများတိုက်ခတ်နိုင်သည်ဟု မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲမှ ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့လည် ၁ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၇၂ နာရီအတွင်း၌ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်း ယင်းနှင့်ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းနိုင်သည်ဟုလည်း အသိပေးခဲ့သည်။

ထို့ကြောင့် မြန်မာ့ပင်လယ်ပြင်ဖြစ်သည့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင်(၂၅)မိုင်မှ (၃၅)မိုင်ခန့်ရှိပြီး လှိုင်းအမြင့် (၄)ပေမှ (၇)ပေခန့်အထိရှိနိုင်သော မိုးသက်လေပြင်းများ တစ်ခါတစ်ရံကျရောက်နိုင်သည်ဟု အသိပေးခဲ့သည်။

ထို့ပြင် ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ပင်လယ်ဘက်မှအားကောင်းသော အပူပျံတက်တိမ်တိုက်များသည် မြန်မာနိုင်ငံဘက်သို့ လွှင့်စင်လာနိုင်ခြင်း၊ အနောက်မြောက်ဘက်မှ တိုးဝင်လာသည့် ကုန်းတွင်းလေအေးများ၊ အရှေ့မြောက်မုတ်သုံလေအေးများနှင့် တွေ့ဆုံနိုင်မှုများဖြစ်ပေါ်နိုင်သည်ဟုလည်း အသိပေးခဲ့သည်။

ထိုသို့ ဖြစ်ပေါ်လာချိန်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ချိန်ခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟုလည်း အသိပေးခဲ့သည်။

image
1 y - Translate

အလုပ်လုပ်တဲ့ချိန်🤌 အစား စားတဲ့ချိန်🤌

image
1 y - Translate

အလုပ်လုပ်တဲ့ချိန်🤌 အစား စားတဲ့ချိန်🤌

image
1 y - Translate

အလုပ်လုပ်တဲ့ချိန်🤌 အစား စားတဲ့ချိန်🤌

imageimage
1 y - Translate

Nails Colour

image
1 y - Translate

Nails Colour

image
1 y - Translate

Nails Colour

image
1 y - Translate

Nails Colour

image
1 y - Translate

Nails Colour

image
1 y - Translate

Nails Colour

image