ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငါက ကြာကြာသဘောကျအောင်
ဆွဲဆောင်နိုင်စွမ်းမရှိဘူး
ဘယ်သူက သဘောကျတယ်ဆိုဆို
အဲ့တာက အချိန်တိုတိုလေးပဲဖြစ်မှာ
ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်
ထိမ်ချန်မထားတတ်တာငါ့အကျင့်ပဲ
ကောင်းတာလေးတွေတွေ့ပြီး သဘောကျသွားမယ်
ဆိုးတာတွေ တွေ့ပြန်တော့
စိတ်ပျက်သွားကြအုံးမှာ
အကြာကြီး သဘောကျခံရတာမျိုး
ငါ့ဆီမှာ ဘယ်တုန်းကမှ မကြုံဖူးခဲ့ဘူး ။
- Lionel Sn
ကမ္ဘာကြီးကျဉ်းလာတာနဲ့အမျှ
မင်းသတင်းတွေလည်း ငါတစ်ခုမှမရတော့ဘူး
ဆံပင်တွေ ဘယ်လောက်ရှည်နေပြီး
မင်းတို့ခရီး ဘယ်အထိရောက်နေပြီ ငါမသိဘူး
မေးစရာလူမရှိတဲ့အခါတိုင်း
သိချင်လာတဲ့ မင်းအကြောင်းတွေကို
အင်တာနက်ပေါ်မှာ မွှေနှောက်ရှာတယ်
နောက်ပြီး
မြောက်အရပ်ကို မျက်နှာမူလို့ မျက်ရည်ဝဲတယ်
တိမ်တွေကပြောတယ်
ခွဲရတာ တကယ် တဲ့ ... ။
#နွေသစ်ငြိမ်း
ဒီ အတိုင်းလေးပဲ ကောင်းပါတယ်
အချိန်မရွေး စကားပြောလို့ရမယ်
ဆုံးရှုံးရတာတို့
ပိုင်ဆိုင်ရတာတို့
ဘာမှမရှိတော့ဘူး
ဒီ အတိုင်းလေးပဲ ကောင်းပါတယ်
တစ်သက်လုံး ပတ်သက်နေလို့ရတယ်လေ...❤️
#ခလေးမ