Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အိန္ဒိယ၌ ဆိုက်ကလုန်းဖန်ဂယ်ကြောင့် ကျောင်းနှင့်ကောလိပ်များပိတ်ထားရ
နူးဒေလီ၊နိုဝင်ဘာ ၂၇
အိန္ဒိယတောင်ပိုင်း တမီလ်နာဒူ၌ ဆိုက်ကလုန်းဖန်ဂယ်နီးကပ်လာမှုကြောင့် မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ကျောင်းများနှင့်ကောလိပ်များကို ပိတ်ထားရသည်ဟု အာဏာပိုင်များကပြောကြားခဲ့သည်။
တမီလ်နာဒူး၏ နေရာအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်းထားသည့်အတွက် ခရိုင်အများအပြားက ဗုဒ္ဓဟူးနေ့တွင်ကျောင်းများနှင့် ကောလိပ်များကို ပိတ်ပေးလိုက်ကြခြင်းဖြစ်သည်။
အိန္ဒိယတောင်ပိုင်း၊Cauvery မြစ်ဝကျွန်းပေါ်ဒေသတွင် ညလုံးေပါက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးစိုက်ခင်းများပျက်စီးခဲ့ကြောင်းသိရပြီး ဖန်ဂယ်သည်မုတ်သုံရာသီနောက်ပိုင်း အိန္ဒိယကမ်းရိုးတန်းသို့ ဒုတိယအကြိမ်ဝင်သည့် ဆိုက်ကလုန်းမုန်တိုင်းဖြစ်ပြီးပြီးခဲ့သည့်လကမူ ဆိုက်ကလုန်းဒါနာသည် အိန္ဒိယနိုင်ငံသြရိသပြည်နယ်သို့ ဝင်ရောက်ခဲ့သေးသည်။
ဖန်ဂယ်မဝင်ရောက်မီ အမိုးအကာများ၊လှေများ၊မြေကော်ကိရိယာများ၊သစ်ပင်ခုတ်ကိရိယာများနှင့် မီးစက်များကို အလုံအလောက် အဆင်သင့်ပြင်ဆင်ထားကြောင်း တာဝန်ရှိသူများကပြောကြားခဲ့ကြသည်။
နိုင်ငံဖြတ်ကျော် ခရီးသွားအရင်းအမြစ်များ မျှဝေခြင်း လုပ်ငန်းစဉ်များကို လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
လန်ချန်း-မဲခေါင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော်ခရီးသွားအရင်းအမြစ်များ မျှဝေခြင်း လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည့် ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်ဆွေးနွေးပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်ဆွေးနွေးပွဲကို ချုံချင့်မြို့၊ Jinyuan ဟိုတယ်၌ နိုဝင်ဘာ (၂၇)ရက်က တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်မှ ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။
၎င်းဆွေးနွေးပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ချုံချင့် မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်တို့မှ တာဝန်ရှိသူများ၊ မဲခေါင်နိုင်ငံများ၏ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ချုံချင့်မြို့နှင့် ချန်သူးမြို့အခြေစိုက် မဲခေါင်နိုင်ငံများ၏ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များနှင့် အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲအား “Lancang-Mekong Water, Long Origin” ဆောင်ပုဒ်ဖြင့်ကျင်းပခဲ့ပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ လန်ချန်း-မဲခေါင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာဆောင်ရွက်ကာ နိုင်ငံဖြတ်ကျော်ခရီးသွားအရင်းအမြစ်များ မျှဝေခြင်းနှင့် ပေါင်းစည်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။