36 w - Translate

ဟီး

image
36 w - Translate

သက်ပြင်းတွေ ခပ်ဖွဖွချရင်း
အရင်တုန်းဆိုရင်လေ ဆိုပြီး
အရင်လိုပြန်မဖြစ်နိုင်တော့တာတွေကို
ပြန်လွမ်းနေရတာက
နာကျင်စရာပါပဲ ။

#ကျေးကို

image
36 w - Translate

ပိုက်ဆံလိုသလို
မေတ္တာတရားလည်းလိုပါတယ်

ပိုက်ဆံလိုသလို
အချစ်လည်းလိုပါတယ်

အတူတူနေရမှမဟုတ်
အတူတူမနေရလည်း အချစ်ပဲ

ဘယ်သူမဆို ကိုယ်ချစ်တဲ့အရာတွေနဲ့
အတူတူနေချင်တာ တရားမျှတပါတယ်

🍂🤍
#ᗩᒪoᑎᗴ

image
36 w - Translate

မတော်တဆ မျက္မှောင်လေးကျုံ့မိတာကနေစလို့
အားဖျော့နေတဲ့မျက်ဝန်းတွေအဆုံး သူကသိပ်ကို
အရိပ်အကဲကြည့်တတ်တာ။

သူ့ရှေ့ရောက်ရင် ဘာမှဖုံးဖိမရသလို၊ဟန်ဆောင်ဖို့လဲမလွယ်တော့ဘူး။

တခုခုကိုဖွင့်ဟမပြောမချင်း ပူဆာတတ်တဲ့ကလေးတယောက်လို တဂျီဂျီမေးနေတော့တာပဲ။

မင်းမပျော်ရင် ကိုယ်လဲမပျော်ရသလို၊မင်းမျက်ရည်ကျတာက ကိုယ့်အတွက်သိပ်ကိုနာကျင်ရတယ်တဲ့။

အိုကွယ်။အဲ့သည့်စကားက်ို ငါဝမ်းနည်းတိုင်း သူကမျက်ရည်တွေဝိုင်းလို့ ပြောရှာတာ။

သူ့အလိုအတိုင်းသာဆို ငါ့ကိုအမြဲပျော်ဖို့ဖန်တီးပေးမှာဆိုပေမဲ့ မမျှော်လင့်ထားတဲ့ အားနည်းချိန်တွေရောက်လာတိုင်း ငါ့မျက်ရည်တွေကို သူမကြည့်ရက်ဘူးတဲ့လေ။

မင်းအကြောင်းကို ကိုယ်ကအသိဆုံးပဲလို့ ထပ်ထပ်ပြောတယ်။အလုံးစုံကို ငါကအသိပေးထားတာမဟုတ်ပေမဲ့
ငါ့ကိုအရိပ်တကြည့်ကြည့်ရှိနေတဲ့သူမို့ မပြောပြလဲ သိနှင့်တယ်ထင်ပါရဲ့။

အပြုံးတချက်ကအစ လေသံတခွန်းအဆုံး ဟန်ဆောင်တာလား၊စိတ်ရင်းလားဆ်ိုတာကို ခွဲခြားပြီး
သိနေတတ်တာ။

အဲ့ဒါတွေကြောင့်လဲ ငါတို့ကြားမှာ အကြည့်ချင်းစုံတာနဲ့ တယောက်အတွေးတွေကိုတယောက်ဖတ်ရှုနိုင်တာ
ဖြစ်မယ်။

ဘယ်တော့မှ လိမ်ညာဖို့စိတ်မကူးခဲ့ပါဘူး။
စိတ်ရင်းအတိုင်း ရှင့်အပေါ်ဆက်ဆံခဲ့တာ။
အများကြီးလဲ ပြောစရာလိုမယ်မထင်ဘူး။
မျက်ဝန်းတွေထဲ အဖြေရှာကြည့်ရင်၊
ကိုယ်ချစ်တာ ရှင်သိပါတယ်။

#hsulubeaindray

image
36 w - Translate

“လူတွေကို ငါတို့ကို ရွေးချယ်ဖို့ ဖိအားပေးလို့ မရ ” အဲဒါကို သတိရပါ.

image
36 w - Translate

နှမြောမိတယ်
နှမြောမိတယ် ဆိုတာက
မတန်ဘဲပေးခဲ့မိတဲ့ စေတနာတွေနဲ့
အကျိုးမရှိဘဲ ဖြုန်းခဲ့မိတဲ့ အချိန်တွေကိုပါ
တစ်ခုခုဆို
အလေးအနက်ထားလွန်းတဲ့ကိုယ်က
သွေးအေးတဲ့သူတွေဆို မုန်းခဲ့ဘူးတယ်
ဒါပေမယ့်
တဖက်လူ ဘယ်လိုခံစားသွားရမလဲလို့
ထည့်စဥ်းစား မပေးတတ်တဲ့သူတွေနဲ့တွေ့တော့
ကိုယ်လည်း သူတို့လိုပဲ
သွေးအေးစွာ
တုန့်ပြန်ချင်တတ်ပြန်ရော
ခက်တာက
အလေးအနက်ထားလွန်းသူက
အထိအရှတွေများပြီး
ပြတ်သားတတ်မှ ဒဏ်ရာကင်းတယ်ဆိုတာ
ကိုယ်က အစက ကြိုမသိခဲ့ဘူး
ရခဲ့ဘူးတဲ့
နောင်တထဲမှာ
ကိုယ့်ကိုဂရုမစိုက်တဲ့သူတွေကိုမှ
ကိုယ်က ဂရုစိုက်ခဲ့မိတာတွေလည်းပါတယ်
ပျော်စရာဆိုတာ
လူမသိအောင် တိတ်တိတ်လေး
ခိုးငိုရတာဖြစ်ပြီးတော့
အမှတ်တရ ဆိုတာ
တဖက်သတ်ချည်တဲ့ သံယောဇဉ်တွေနဲ့
တစ်ဘဝစာ ရခဲ့တဲ့ ဒဏ်ရာတွေပဲ ဖြစ်ခဲ့တယ်
နာကျင်စရာ
ကောင်းပါတယ်
ရင်ဘတ်တည့်တည့်ကို ဆောင့်ကန်သွားတဲ့ ခြေထောက်တွေကိုမှ
အမြဲသတိရနေတတ်သူတွေက
တစ်ချို့နေ့တွေမှာတော့
သူတို့ကို သူတို့တောင် မေ့နေတတ်တဲ့သူတွေပါ
အသည်းအသန် ရှင်းပြနေတဲ့ကြားက
လွဲသွားတဲ့ နားလည်မှုတွေဟာ
အတော် စိတ်ကုန်ဖို့ ကောင်းပါတယ်
နှမြောမိတယ်
နှမြောမိတယ် ဆိုတာက
ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေနဲ့
ဘဝထဲက ထွက်သွားကြတဲ့ လူတွေကို
နှမြောတာ မဟုတ်ပါဘူး
မတန်ဘဲပေးခဲ့မိတဲ့စေတနာတွေနဲ့
အကျိုးမရှိဘဲ ဖြုန်းခဲ့မိတဲ့
အချိန်တွေကိုပါ
တကယ်တော့
ဘယ်တရားနဲ့မှ ဖြေစရာမလိုပါဘူး
တကယ် လိုအပ်တာက
ကိုယ့်ကိုမလိုတော့တဲ့ သူတွေကို
ကိုယ်ကလဲ မလိုလိုက်တော့ ရုံပါပဲ

#crd_to_owner_with_respect

image
36 w - Translate

ကျွန်တော်သာ မပိုင်တာပါ...
သူက တကယ့်ကို ချစ်စရာလေး။

🌻🤍
#tarmhyuunge

image
36 w - Translate

ဘဝက မတရားဘူး ဟုတ္လား. လူ ေတကမတရားဘူး. ငါဆိုလိုတာက မင်းတစ်ခုခုလုပ်/ပြောလိုက်ရင် သူတို့ဘယ်လိုခံစားရမလဲဆိုတာကိုပဲ အရင်စဉ်းစားပါ ဒါပေမယ့် မင်းနဲ့ပတ်သက်လာရင် မင်းခံစားချက်တွေကို မစဉ်းစားပဲ သူတို့က အကုန်ပြော/လုပ်ပေးတယ်ဆိုတာပါပဲ

image
36 w - Translate

🥀💔

image
36 w - Translate

လွမ်းရဲတယ်ဆိုတာလည်း
လွမ်းရဲတဲ့သတ္တိရှိနေဦးမှ
တော်ယုံ
အသည်းနှလုံးမျိုးနဲ့တော့မရဘူးဆိုတာပါ
နာကျင်မှုကိုသာ ဖတ်ငိုကြ ။ ။

#မောင်ခက်လူ
-------
𝙈𝙤𝙙𝙚𝙧𝙣 𝙋𝙤𝙚𝙩𝙧𝙮

image