Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကာလမ်းပေါ် ဖြတ်ပြေးတဲ့ သားငယ်ကို ကားမတိုက်အောင် ဝင်ဆွဲတဲ့မိခင် ကားတိုက်မိလို့သေဆုံးကာ အဆိုပါသားအမိကို မတိုက်မိအောရှေရှောင်တိမ်းတဲ့ ခရီးသည်တင်ယာဉ်နှစ်စီး ဆင့်တိုက် တိမ်းမှောက်တာကြောင့် တစ်ဦးသေကာ လူနှစ်ဆယ်ကျော် ဒဏ်ရာရ
ဒီဇင်ဘာ ၈
ကားလမ်းပေါ်ဖြတ်ပြေးတဲ့သားငယ် ကားတိုက်မိမလိုဖြစ်တာကို ဝင်ဆွဲတဲ့မိခင် ကားတိုက်ခံရတာကြောင့် နေရာတင် သေဆုံးခဲ့ပြီး အဆိုပါမတော်တဆမှုမှာ ကလေးမိခင်အပါအဝင် တိုက်မိတဲ့ယာဉ်ပေါ် ကခရီးသည်တစ်ဦးလည်း သတိုက်ကြီးမြို့မ ၂၃ ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် တိုက်ကြီးမြို့မှာ မနေ့က ဒီဇင်ဘာ ၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊မိုင်တိုင်၄၅/၃ မှာ ဒီဇင်ဘာလ ၇ ရက် ၊ နံနက် ၁၀ နာရီခွဲအချိန်က ဖြစ်ပွားခဲ့တာပါ။ အဆိုပါ သားအမိက ရန်ကုန်ကနေ ပေါင်းတည်ကို ထွက်လာတဲ့ KKP ယာဥ်လိုင်းမှာ လိုက်ပါစီးနင်းလာတာ ဖြစ်ပြီး ကားက စက်ချို့ယွင်းလို့ လမ်းဘေးမှာ ရပ်ပြီးပြင်ဆင်နေစဥ် ကလေးက ကားလမ်းမ ပေါ် ပြေးတက်သွားတာကြောင့် ကလေးငယ်ကိုကားမတိုက်မိစေဖို့ဝင်ဆွဲတဲ့ မိခင်ဖြစ်သူက လားရာတူမောင်းနှင်လာတဲ့ ရန်ကုန်- အဖြောက် ပြေးဆွဲနေတဲ့ YBS-၁၂၃ ယာဉ်လိုင်းက ခရီးသည်တင်ယာဉ်နဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။
အဆိုပါ YBS – ၁၂၃ ယာဉ်မှာလည်း ကလေးငယ်ကိုရှောင်တိမ်းစဉ် မိခင်ကို တိုက်ကြိတ်မိပြီး၊ ဥက္ကံ- ရန်ကုန်သွား YBS -၁၀၆ ယာဥ်ကိုပါတိုက်မိခဲ့ကာ တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ်လိုက်ပါတဲ့ အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦး နေရာတင်သေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ခိုကိုးရာမဲ့ဘိုးဘွားများစောင့်ရှောက်ကူရေး အသင်းမှ တာဝန်ရှိသူက ” ၁၀၆ကားပေါ် က ၄ ဦး ပွန်းပဲ့ ထိခိုက််တယ်။ ၁၂၃ ကတော့ တစ်ဦးသေ ၄ ဦးဒဏ်ရာပြင်းထန်နဲ့ ၁၅ ဦးက မစိုးရိမ်ရ ဒဏ်ရာတွေ ရတယ်။ ကလေးကတော့ ပွန်းပဲ့ ဒဏ်ရာလောက်ပဲ ရတာပါ။ မိခင်ကတော့ နေရာတင်သေတယ် ။ ကလေးအသက်က ၅ နှစ်ဝန်းကျင်အရွယ် ယောကျာ်းလေးပါ”လို့ ပြောပါတယ်။
ဖြစ်စဉ်အတွင်း စိုးရိမ်ရဒဏ်ရာပြင်းထန်သူ ၃ ဦးကို ရန်ကုန်ဆေးရုံကြီးဆီ ခိုကိုးရာမဲ့ ဘိုးဘွားများ ကူညီစောင့်ရေးအသင်းနဲ့ နိဗ္ဗာန်ချမ်းသာ လူမှုကူညီရေးအသင်းတို့က ကူညီ ပို့ဆောင် ပေးခဲ့ပြီး ကျန်လူနာတွေကို တိုက်ကြီးဆေးရုံမှာ တင်ပို့ကုသပေးနေတယ်လို့ သိရပါတယ်။
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး