စမ်းချောင်းမှာ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီး လူသုံးယောက်ဒဏ်ရာရ ၊ ကားသုံးစီးပျက်စီး

ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းမှာ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက် မနက်ပိုင်းက ဗုံး ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူသုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားသုံးစီးလည်းပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။

ပေါက်ကွဲမှုတွေက စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်း၊ ကျွန်းလယ်ရပ်ကွက်မှာရှိတဲ့ ပန်းလှိုင်မိသားစု ဆေးခန်း ရှေ့မှာ မနက် ၉ နာရီကျော်လောက်မှာပထမအကြိမ်ပေါက်ကွဲခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် အခန်းရှေ့မှာ ရပ်ထားတဲ့ ကားနှစ်စီးနဲ့ မီးစက်နှစ်လုံးပျက်စီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

နောက်ထပ် မနက်၁၁ နာရီလောက်မှာလည်းကျွန်းလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ကာ လူသုံးယောက်နဲ့ကားတစီးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

" ပေါက်ကွဲသံတွေတော့ကြားတယ်။ သေချာဘယ်သူမှသွားမကြည့်ရဲဘူးလေ။နေ့ခင်း ၁ နာရီကျော်လောက်အထိကို စစ်ဆေးမှုတွေကရှိတယ်။အဲဒီရပ်ကွက်မှာက ယုန်လေးအိမ်ရှိတယ်။ အခုပေါက်ကွဲတာလည်းသူ့ကားပါတယ်ပြောတယ်။အဆောက်အဦးတွေလည်းပျက်စီးတယ်။ " လို့ ဒေသခံကပြောပါတယ်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့ကလုပ်ဆောင်သလဲဆိုတာ မသိရှိရသေးပါဘူး။ဖောက်ခွဲမှုနဲ့ပတ်သက်လို့ ခုချိန်ထိတော့ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့သိရပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်၊ ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင် နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အမှတ် ၂၉ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်ဆိုသူတို့လည သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့တုန်းကလည်း လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်သူဝင်း (ခေါ်) ရွှေမန်းနဲ့ အဖွဲ့ဝင် နှစ် ယောက်ဟာပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News

#သတင်းဟင်းလေးအိုးကြီး

image
image
image

တရုတ်အစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းတွင် အွန်လိုင်း မသမာမှု ကျားဖြန့်ဂိုဏ်းများ၌ အဓိကပါဝင်ခဲ့သူ ၃၉ ဦးအား တရားစွဲ

ဒီဇင်ဘာ ၃၀

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဒုစရိုက်အုပ်စုများအဖြစ်အခြေစိုက်၍ တရုတ်နိုင်ငံသားများအပေါ် အွန်လိုင်းမသမာ လိမ်လည်မှုများနှင့် အခြားသော ရာဇဝတ်မှုများပြုလုပ်ခဲ့ကြသည့် ကျားဖြန့်ဂိုဏ်းများမှ အဓိကအဖွဲ့ဝင်စုစုပေါင်း ၃၉ ဦးကို ဒီဇင်ဘာလ ၃၀ ရက်တွင် တရားစွဲခဲ့ကြောင်း တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

တရားခံများတွင် မောင်မျင်းရှောင့်ဖင်နှင့် မသီရိမောင်ဆိုသူတို့လည်းပါဝင်ပြီး ၎င်းတို့ဆိုလျှင် လိမ်လည်မသမာမှု၊ ရည်ရွယ် ချက်ရှိရှိဖြင့် လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိဖြင့် ထိခိုက်နာကျင်စေမှု၊ ဥပဒေနှင့် မညီသော ဖမ်းဆီးချုပ်နှောင်မှုပြုမှု၊ ကာစီနိုလောင်းကစားများလည်ပတ်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်မှုနှင့် ပြည့်တန်ဆာလုပ်ငန်း စုစည်းတည်ထောင်မှုစသည့် စွဲချက်များဖြင့် တရားစွဲခံထားရကြောင်း သိရသည်။


အမှုကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျိကျင်(Zhejiang) ပြည်နယ်ရှိ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဝမ်ဇိုမြို့ (Wenzhou)ရှိ တရားရုံးတစ်ရုံးတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဝမ်ဇိုမြို့ ရှိဥပဒေကိုယ်စားလှယ်များက နိုင်ငံဖြတ်ကျော်ကျူးလွန်ခဲ့သော ထိုအမှု၏တရားခံ ၁၆ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ပြင် ဒုစရိုက်ဂိုဏ်းများနှင့် ပါဝင်ပတ်သက်မှုရှိသည်ဟု အခြားသံသယရှိရသူ ထောင်နှင့်ချီ၍ လည်း ဝမ်ဇိုနှင့် တရုတ်နိုင်ငံတစ်ဝန်း အခြားနေရာများတွင် စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံသားများအဖို့ ၎င်းတို့၏ဘဝများနှင့်အတူယွမ်ငွေဘီလျံပေါင်းများစွာဆုံးရှုံးခဲ့ရသည့် အွန်လိုင်းမသမာလိမ်လည်မှုပေါင်း ၁၀,၀၀၀ ကို ကျူးလွန်ပတ်သက်ခဲ့သူများအား တိုင်ကြားထားသည်။ တရုတ်ဥပဒေအရာရှိများကလည်း အဆိုပါအမှုများတွင် တရုတ်အစိုးရ၏နိုင်ငံနှင့်ပြည်သူတို့၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို တရုတ်အစိုးရက ကာကွယ်ရန်ရည်ရွယ်သည်ဟူသော အချက်ကိုပေါ် လွင်စေရန် အလေးအနက်ထားဆောင်ရွက်နေခြင်းဖြစ်သည်။

၎င်းတို့က “ဒီအမှုတွေက တရုတ်နိုင်ငံနဲ့ နယ်စပ်မှာဖြစ်ခဲ့တာပဲ။ အထူးသဖြင့်ကလည်း တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတယ်။ နိုင်ငံတကာအဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်။ ဒါကြောင့် တရုတ် နိုင်ငံအနေနဲ့ နိုင်ငံရဲ့ ရာဇဝတ်ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းတွေအရ တရားစီရင်မှုပြုရတာပဲ” ဟု ပြောခဲ့သည်။

ဥပဒေစိုးမိုးရေးတပ်ဖွဲ့များ၏ညှိနှိုင်းဆောင်ရွက်မှု ယန္တရားအရ တရုတ်နှင့် မြန်မာ ရဲတပ်ဖွဲ့များက နှစ်ဖက်စလုံးတွင်စုံစမ်းထောက်လှမ်းမှုများ၊ သက်သေအထောက်အထားစုဆောင်းမှုများ၊ လူတွေ့မေးမြန်းမှုများနှင့် တရားခံများကို ဖမ်းဆီး လွှဲပြောင်းပေးမှုများ ပြုလုပ်ခဲ့ကြသည်။

တရုတ်အစိုးရရှေ့နေများက ၎င်းတို့အနေဖြင့် ဥပဒေကြောင်းအရ ကြီးကြပ်မှု၊ တရုတ်နိုင်ငံ၏ ရာဇဝတ် ပြစ်မှုဥပဒေအရ လိုက်လျောနိုင်မှုကို အာမခံမှု၊ ပြည်ပမှ သက်သေအထောက်အထားစုဆောင်းမှုများအတွက် ဆက်စပ်နေသော စည်းမျဉ်းများကို လိုက်နာမှုတို့ဖြင့်ဆောင်ရွက်ကာ ဥပဒေနှင့်အညီဖြစ်စေရမည်ဟု ပြောခဲ့သည်။

ထို့ပြင် ၎င်းတို့က မြန်မာနိုင်ငံသားတရားခံများအားတရားစီရင်မှုပြုနေစဉ် ၎င်းတို့၏အခွင့်အရေးများအား အကြောင်းကြားအသိပေးမှု၊ တရားခံရှေ့နေများခန့်ထားရာတွင်ချောမွေ့စေမှုနှင့် ဥပဒေကြောင်းအရ အထောက်အပံ့ပေးမှုတို့ကိုလည်းပြုလုပ်သွားမည်ဟု ကတိပြုခဲ့ကြသည်။ ဘာသာပြန်များ ပံ့ပိုးခန့်ထားပေးရန်နှင့်ကောင်စစ်ဝန်ရုံးနှင့် ဆက်သွယ်အကူအညီတောင်းခံရန်တို့အတွက်လည်း အာမခံခဲ့သည်။

Ref-Xinhua

#centralnewsnaypyitaw

image
31 w - Translate

နှစ်ကူးမှာ စပျစ်သီး စားမဲ့သူများအတွက်💚💚💚

စားရမှာက
💚စပျစ်သီး အစိမ်း
💚အတွင်းခံကဝတ်လဲရပါတယိ၊မဝတ်လဲရပါတယ်
မိမိယုံကြည်မှူနဲ့ဝတ်လဲရပါတယ်(အနီ၊အစိမ်း၊အဝါ)စသည်ဖြင့်

ပန်းရောင်/အနီရောင် ဝတ်ရင် ကို့ရဲ့passionနဲ့တထပ်တည်းကျပီး အချစ်ရေးမှာအောင်မြင်နိုင်စေတယ်

လိမ္မော်ရောင် ဝတ်ရင် Professional life မှာအောင်မြင်ဖို့ရည်ရွယ်ပါတယ်

အဝါရောင်ဝတ်ရင်တစ်နှစ်ပတ်လုံး ချမ်းသာမှုနှင့်positive energy တေရစေပါတယ်

အပြာရောင်ဝတ်ရင် ကျန်းမာရေးကောင်းဖို့ကိုယ်စားပြုပါတယ်

အစိမ်းရောင်ဝတ်ရင် နှစ်သစ်မှာ ကံကောင်းစေပါတယ်

💚၁၂လုံးစားတယ်ဆိုတာ၁၂လကိုရည်ရွယ်တာမလို့ ၁လုံးချင်းစီစားရင်ဆုတောင်းတေကိုဆုတောင်းသွားပေးပါ(ကြိုတငိပီးစဉ်းစားထားရင်ပိုမြန်ဆန်ပါမယ်)

စားရမဲ့အချိန်ကတော့💚 ၃၁ရက်ည
၁၁:၅၉မှာစစားရပြီး ၁၂အတိမှာတော့စပျစ်သီး၁၂လုံးကိုစားပြီးရမာဖြစ်ပါတယိ

💚စားပွဲခုံကမိမိထက်ကြီးရမှာဖြစ်ပီး ခြေလက်တေ အင်္ကျီအစတေပါထွက်နေလို့မရပါဘူး

***အဓိကကတော့ မိမိရဲ့ယုံကြည်မှုပါ၊ ယုံကြည်တဲ့စိတ်လေးထည့်ပီးပြုလုပ်ပြီးဆုတောင်းတေလဲပြည့်မယ်လို့ စိတ်ထဲမှာသေချာအာရုံပြုပီးစားပေးပါ***

စပျစ်သီးစားပြီးနှစ်သစ်မှာဆန္ဒတေပြည့်ဝအောင် ၃၁ရက်နေ့ညမှာဆောင်ရွက်နိုင်ကြပါစေရှင်
Swe's ဗေဒင်ဟောခန်း

#crd

image

🎉 Myanmar Countdown Day (1)

ဝင်ကြေးအခမဲ့နဲ့ ပွဲကြီးက ဘယ်လိုမျိုး အကြမ်းစားစီစဥ်ပေးထားလဲဆိုတာ Video သာ ကြည့်ကြည့်တော့ 🌚

#သတင်းဟင်းလေးအိုးကြီး

ဘာသာရပ်တော်တော်များများကို အခမဲ့လေ့လာလို့ရနိုင်မဲ့ ဝက်ဆိုဒ်တစ်ခုညွန်းပေးချင်ပါတယ်။ Education Level ကတော့ Secondary Education Level ကနေ Post Graduate Level အတွင်းမှာရှိနေတဲ့ သူတွေ အကုန်လေ့လာလို့ရပါတယ်။ တစ်ချို့Courses တွေ University တွေကို Credit Transfer လုပ်လို့ရပါတယ်။ အဲ့အတွက် Fee ပေးဖို့လိုပါတယ်။ High School ပညာရေး၊ GED ပညာရေး၊ SAT ပညာရေး၊ College and University ပညာရေးမှအစ လေ့လာလို့ရပါတယ်။

လေ့လာလို့ရနိုင်တဲ့ ဘာသာရပ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Art
Business
Computer Science
Education
English
Foreign Language
History
Math
Social Science
And more courses

Link: https://study.com/learn/art.html
#crd

image

ကျောင်းမှာ ဘာကောင်ကြီးဖြစ်နေနေ
အိမ်မှာအငယ်ဆုံးဆိုရင်တော့ ပန်းကန်ဆေးပဲ့နော့်

image
31 w - Translate

လူတိုင်းအတွက်သိထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ နေရာဌာန စကားလုံးများ ☑️
#englisheverywhere

image
31 w - Translate

လူတိုင်းအတွက်သိထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ နေရာဌာန စကားလုံးများ ☑️
#englisheverywhere

image
31 w - Translate

လူတိုင်းအတွက်သိထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ နေရာဌာန စကားလုံးများ ☑️
#englisheverywhere

image
31 w - Translate

လူတိုင်းအတွက်သိထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ နေရာဌာန စကားလုံးများ ☑️
#englisheverywhere

image
//