နူနက်ဇ်အတွက် အေစီမီလန်ထံကနေ လီဗာပူးလ်ဆက်သွယ်မှုမရရှိ

CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅

လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် အေစီမီလန်ထံကနေ ဆက်သွယ်မှု မရရှိသေးဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဒါဝင်နူနက်ဇ်ဟာ ဒီရာသီ လီဗာပူးလ်အသင်းမှာ တည်ငြိမ်တဲ့ပုံစံ ပြသနိုင်ဖို့ ရုန်းကန်နေ ရတာကြောင့် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး ထွက်ပေါ်နေတာပါ။

လီဗာပူးလ်အသင်း တိုက်စစ်မှူးဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၂၃ ပွဲ ပါဝင်ကစားထားတာမှာ ၄ ဂိုးသာ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်နွေရာသီက ဘင်ဖီကာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ ပုံမှန်ခြေစွမ်း မပြသနိုင်တာကြောင့် ဝေဖန်မှုတွေလည်း အများကြီးခံခဲ့ရတာ ဖြစ်ပါတယ်။

အခုရက်သတ္တပတ် အစောပိုင်းက သတင်းတွေမှာ အေစီမီလန်အသင်းဟာ ဒါဝင်နူနက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင် နေတယ်လို့ ဖော်ပြခဲ့တာပါ။

အီတလီက သတင်းတွေမှာ အေစီမီလန်အသင်းဟာ ဒါဝင်နူနက်ဇ်ကို နွေရာသီမှာ ပေါင် ၄၁.၅ သန်းနဲ့ အပြီးသတ် ဝယ်ယူမှု ပါဝင်မယ့် ၆ လ အငှားစာချုပ်နဲ့ ခေါ်ယူမယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒေးလီးမေးလ်က လီဗာပူးလ်အသင်းဟာ ဒါဝင်နူနက်ဇ်နဲ့ ပတ်သက်ပြီး အေစီမီလန်အသင်းထံကနေ တရားဝင် ဆက်သွယ်မှု မရရှိဘူးလို့ ဖော်ပြခဲ့တာပါ။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ တိုက်စစ်ပိုင်းအတွက် ဆာလက်၊ ဂတ်ပိုနဲ့ ဒီယက်ဇ် တို့ကို အသုံးပြုခဲ့သလို ဒါဝင်နူနက်ဇ်ထက် ဂျိုတာကိုသာ ပိုပြီး အသုံးပြုချင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးလ်အသင်းဟာ အစားထိုးမယ့်သူ မရှိဘဲ အသင်းမှာရှိတဲ့ ကစားသမားတွေကို ထွက်ခွာခွင့်ပေးဖို့ မရှိဘူးလို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီပြိုင်ပွဲတိုင်းမှာ ရလဒ်ကောင်းတွေ ရရှိနေတာကြောင့် အသင်းလူစာရင်းကို ဆက်ထိန်းထားဖို့က သူတို့အတွက် အရေးကြီးနေတာပါ။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ကာရာဘောင်း ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိကာ FA ဖလားပြိုင်ပွဲမှာ တတိယအဆင့် ယှဉ်ပြိုင်ရဖို့ရှိနေတာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ဒါဝင်နူနက်ဇ်ကို တွေ့ရစဉ်

image
30 w - Translate

“Rewrite The Stars” သီချင်းလိုဘဲ
ဘဝမှာလူတိုင်းက တကယ်ချစ်မိသွားတဲ့တစ်ခါတော့ ရူးတတ်ကြတာဘဲ။ ကံတွေ ကံကြမ္မာတွေဆိုတဲ့အရာတွေက မျက်နှာသာမပေးခဲ့ရင်တောင်... တကယ်ချစ်တဲ့သူတွေ
သာဆိုရင် အစွမ်းကုန် နောက်ဆုံးအချိန်ထိတော့ ဆွဲထား
ကြိုးစားချင်ကြတာဘဲမဟုတ်လား။

မလွယ်မှန်းလည်းသိတယ် ပင်ပန်းမယ်မှန်းလည်းသိတယ်…ဒါပေမဲ့ ဘေးကမဖြစ်နိုင်ဘူးပြောနေကြရင်တောင်မက.. ကံကြမ္မာဆိုတာကိုတောင်ပြောင်းလဲပစ်နိုင်ဖို့ အချစ်တစ်ခုနဲ့ ကြိုးစားကြတာဘဲမဟုတ်လား 🤍 မင်းကိုမှမလဲနိုင်ဘဲ..
မင်းနေရာကိုမပြောင်းလဲနိုင်တော့လည်း ကံကြမ္မာကိုပြောင်းလဲနိုင်ဖို့ကြိုးစားကြတာဘဲ။

What if we rewrite the stars? Say you were made to be mine…Nothing could keep us apart
You'd be the one I was meant to find ✨

-Rewrite the stars
Get Along With Phway

image

ရန်ကုန်လျှပ်စစ်မီး ၄ နာရီလာ ၈ နာရီပျက်မယ်ဆိုသော်ငြား လာချင်သလိုလာ ပျက်ချင်သလိုပျက်နေလို့ ပြည်သူတွေစိတ်ပျက်

ဇန်နဝါရီ ၅

ရန်ကုန်မြို့မှာ လျှပ်စစ်မီးကိုအလှည့်ကျအဆိုင်းနဲ့ ရရှိနေသော်လည်း ယခုအခါမှာအချိန်ထပ်တိုးပျက်တောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်သူလူထုတွေရဲ့ဝေဖန်မှုတွေဟာ မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဒါအပြင် ယခုအသစ်တဖန်ထပ်မံပြောင်းလဲလိုက်တယ်ဆိုပြီး သတင်းထွက်ပေါ်လာတဲ့
အလှည့်ကျအဆိုင်းနဲ့ မီးပေးစနစ်အချိန် ဇယားအရ ရန်ကုန်မြို့လျှပ်စစ်မီးဟာ(၄)နာရီ လာ(၈)နာရီပျက်မယ်ဆိုသော်ငြား လာချင်သလိုလာ၊ပျက်ချင်သလိုပျက်နေလို့ ပြည်သူတွေက စိတ်ပျက်လျက်ရှိနေကြတာလည်းဖြစ်ပါတယ်။

"လျှပ်စစ်မီးကအခုတလောဘာမှလုပ်လို့မရဘူးပေါ့။မီးပျက်မယ့်အချိန်တွေလည်းပိုတိုးလာတယ်။ပျက်တဲ့အချိန်မှာလည်းအပြည့်အဝပျက်တယ်။ လာရမယ့်အချိန်တွေဆိုလည်းနာရီဝက်၊ ၄၅ မိနစ်လောက်လာလိုက်ပြန်ပျက်သွားလိုက်နဲ့ လာရမယ့်အချိန်အတွင်းမှာ အဲလိုမျိုး ၃ ခါလောက်ဖြစ်တယ်။ တခါတလေ တနေ့လုံးမှအချိန် ၂ နာရီလောက်ပဲ မီးရတာမျိုးတွေလည်းရှိပါတယ်။ပြောရရင် လျှပ်စစ်မီးက ပေးချင်သလိုပေးပြီး လာချင်သလိုလာနေတာပါ။အချိန်တွေတောင်မှန်းလို့မရပါဘူး"လို့ ရန်ကုန်မြို့၊ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတယောက်က ပြောပါတယ်။

ဒီလိုလျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုနဲ့ လျှပ်စစ်မီးပုံမှန်မရရှိမှုတို့ကြောင့် ရန်ကုန်အထပ်မြင့်တိုက်ခန်းနေထိုင်သူတွေနဲ့စုပေါင်းအိမ်ရာတွေမှာနေထိုင်ကြသူများစွာဟာ နေ့စဉ် လူမှု့ဒုက္ခတွေကိုကြုံတွေ့နေရပြီးထမင်း၊ဟင်းချက်ပြုတ်တာကအစ ရေမော်တာတင်တာကအဆုံး အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါအပြင် ရန်ကုန်မြို့မှာရှိနေတဲ့ SME လို့ ခေါ်ဆိုကြတဲ့ အသေးစား၊အလတ်စား တပိုင်တနိုင် အိမ်တွင်းစက်မှုလုပ်ငန်းတွေဟာလည်း လက်ရှိကာလမှာ လျှပ်စစ်မီးအခက်အခဲကြောင့် လုပ်ငန်းအရှုံးပေါ်တာတွေနဲ့ တချို့သောလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ရမှုတွေများစွာရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

"လျှပ်စစ်မီးက ကောင်းကောင်းမရတော့
တနေ့ကုန်မီးစက်မောင်းရတဲ့အခါ ဆီဖိုးနဲ့ကျ ထုတ်လုပ်မှုစရိတ်တွေကအများကြီးတက်သွားတာပေါ့။ဒီဘက်မှာထုတ်လုပ်မှုစရိတ်မြင့်လာပေမယ့် အမတို့ကိုအထည်အော်ဒါပေးတဲ့ အထည်ချပေးတဲ့ သူ‌တွေကမူရင်းဈေးနဲ့ပဲ အထည်တွေကိုချပေးတယ်ဈေးလည်းတိုးတောင်းလို့မရဘူး။တဖက်မှာလျှပ်စစ်မီးအခက်အခဲကလည်းရှိတယ်။အဲတော့အမတို့က ထုတ်လုပ်မှုစရိတ်ကိုကာမိအောင် အလုပ်ကို နေ့ရော၊ညပါ တိုးလုပ်လာရတယ်။လျှပ် စစ်မီးလာတဲ့အချိန်တွေမှာတော့အလုပ်ကိုပိုလုပ်ရတာပေါ့။အဲလိုမှမလုပ်လည်း ကိုယ့်ဆီအပ်မယ့်အထည်‌တွေက သူများဆီရောက်သွားရော အခုနောက်ပိုင်းလျှပ်စစ်မီးက ပိုပျက်လာတော့ လုပ်ငန်းကနေအမြတ်အစွန်းရဖို့ထက် လုပ်ငန်းအရှုံးမပေါ်အောင်ပဲ ဒီကာ လ‌တွေမှာကြိုးစားလုပ်ကိုင်နေရတဲ့သဘောရှိပါတယ်။နောက်ပိုင်းမခံနိုင်တဲ့ အဆုံးကျရင်တော့လုပ်ငန်းကိုရပ်ရင်လည်းရပ်လိုက်ရမှာပေါ့"လို့ ရန်ကုန်မြို့ရှိ တပိုင်တနိုင် အိမ်တွင်းအထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်တယောက်က ပြောပြပါတယ်။

ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့နဲ့ နီးစပ်သူတွေကတော့ ယခုနှစ်(၅.၁. ၂ဝ၂၅) ရက်မှစတင်လို့ ဓာတ်အားပေးအုပ်စု(၃)ခုနဲ့ (၄)နာရီလာပြီး (၈)နာရီအလှည့် ကျဝန်အား‌လျော့မယ်လို့ ယမန်နေ့ညမှာ ပြည်သူတွေကို အသိပေးကြေညာထားတာ တွေ့ရပါတယ်။

ဒါဟာ ရန်ကုန်မြို့မှာ ၄ နာရီလျှပ်စစ်မီးရရှိပြီးပါက ၈ နာရီကြာအောင်လျှပ်စစ်မီးပျက်တောက်မယ့် အခြေအနေဖြစ်ပါတယ်။

"လျှပ်စစ်မီး မှန်၊မမှန်က ပြောမနေနဲ့ ကျွန်မတို့တိုက်က လင်မယားတောင် ထမင်းချက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မနက်ကအတော်လေးရန်ဖြစ်စကားများနေတဲ့အသံကြားခဲ့ရတယ်။လျှပ်စစ်မီးကမမှန်တော့ ထမင်းဟင်းချက်တဲ့ အချိန်တွေလည်းအကုန် ကမောက်၊ကမဖြစ်ကုန်တာပေါ့"လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က လျှပ်စစ်မီးဒုက္ခအခက်အခဲကိုပြောပြခဲ့ပါတယ်။

ယခင်က ရန်ကုန်မြို့မှာရှိတဲ့ ခရိုင်လေးခုမှာ
၄ နာရီလာပျက်စနစ်နဲ့ တနေ့လေးခါလျှပ်စစ်ဓါတ်အားကိုဖြန့်ဖြူးပေးဝေနေတာဖြစ်ပါတယ်။အဲဒီစနစ်အရယခင်က အေအုပ်စုဆိုရင်မနက် ၅ နာရီကနေ ၉ နာရီကိုမီးပေးပြီးဘီအုပ်စုဆိုပါက မနက် ၉ နာရီကနေ မွန်းလွဲ ၁ နာရီကိုပေးကာ နောက် ၁ နာရီကနေ ညနေ ၅ နာရီအထိ အေအုပ်စုကိုအလှည့်ကျပြန်လာပေးတာ ဖြစ်ပါတယ်။

"၄ နာရီလာပျက်စနစ်နဲ့ ပေးပြီးရင် ညနေ ၅ နာရီကနေ မနက် ၉ နာရီဆိုရင်ဘီအုပ်စုအလှည့်ပေါ့၊တလှည့်စီပေါ့လေ၊ပြီးရင်ည ၉ နာရီနောက်ပိုင်းကနေစလို့ နောက် နေ့မနက် ၅ နာရီအထိမီးပေးပါတယ်"လို့ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

သို့သော်လည်း ယခုပြောင်းလဲလိုက်တဲ့
ရန်ကုန်မြို့မှာ ၄ နာရီလျှပ်စစ်မီးရရှိပြီးပါက ၈ နာရီကြာအောင်လျှပ်စစ်မီးပျက်မယ်ဆိုတဲ့ အပေါ်မှာတော့ ပြည်သူလူထုတွေရဲ့ ဝေဖန်မှုက မြင့်တက်နေဆဲဖြစ်ပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်လေးအိုးကြီး

image

ဇန်နဝါရီ ၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဇန်နဝါရီ ၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
30 w - Translate

ဟီဟိ 😛

image

image

image
30 w - Translate

ပြဿနာတစ်ခုကို Pro ကျ" ဖြေရှင်းပုံ"3

image
30 w - Translate

အေး

image
//