ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၀၄ သန်းကျော် ဝင်ရောက်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့သို့ အဆိုပါကာလအတွင်း ဝင်ရောက်မှု၏ ၈၈ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့

ဇန်နဝါရီ ၆

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၀၄ ဒသမ ၂၀၂ သန်း ဝင်ရောက်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍသို့ အဆိုပါကာလအတွင်း ဝင်ရောက်မှု၏ ၈၈ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့မှုသည် ရေနံနှင့်သဘာဓာတ်ငွေ့ ကဏ္ဍသို့ ဒေါ်လာ ၃၅၇ ဒသမ ၀၄၀ သန်း (ယခုဘဏ္ဍာနှစ်အတွင်း စတင်ဝင်ရောက်ခဲ့သလို ဒီဇင်ဘာလအတွင်း ဝင်ရောက်မှု၏ ၈၈ ရာခိုင်နှုန်းကျော်ရှိ)၊ ကုန်ထုတ်လုပ်မှုကဏ္ဍသို့ ‌ဒေါ်လာ ၄၅ ဒသမ ၅၉၃ သန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍသို့ ဒေါ်လာ ၁ ဒသမ ၅၆၉ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသည့်ကဏ္ဍ ၇ ခုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၃၉ ဒသမ ၉၁၁ သန်းသာ ဝင်ရောက်ထားသည်။ သို့သော် ဒီဇင်ဘာလအတွင်း ဝင်ရောက်မှုပမာဏသည် ယခုဘဏ္ဍာနှစ် ၉ လအတွင်း ဝင်ရောက်ထားမှု၏ ရာခိုင်နှုန်း ၆၀ ကျော်အထိရှိသည်။

နိုင်ငံရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများလည်း တုံ့ဆိုင်းခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပျမ်းမျှတစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ အထူးစီးပွားရေးဇုန် ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်ထားမှုအပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၉၉၆ ဘီလျံဝင်ရောက်ထားကြောင်း DICA မှ သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

#ညကြည့်ဖို့သည်းထိတ်ရင်ဖိုအိန္ဒိယသရဲကားတစ်ကား #fblink
ဆမ်နဲ့မာဟီတို့က လက်ထပ်ခါစဇနီးမောင်နှံတွေပါ ကိုယ်ဝန်ပျက်ကျထားတဲ့ဇနီးသည်ကို
စိတ်အပြောင်းအလဲ ဖြစ်စေဖို့ရယ် သူရဲ့အလုပ်အတွက်ကြောင့်
လူတိုင်းအပန်းဖြေဖို့ခရီးထွက်လေ့ရှိကြတဲ့ မာရူသစ်ကို ပြောင်းရွေ့လာကြပါတယ်
စိတ်အပြောင်းအလဲဖြစ်ဖို့ ပြောင်းရွှေ့လာပေမယ့် အိမ်မှာ
ထူးဆန်းတဲ့အရိပ်အယောင်တွေဖြစ်လာတဲ့အပြင် ဇနီးသည်အပြုအမူတွေကပါ
ထူးဆန်းနေပါတော့တယ် အစကတော့ ဇနီးဖြစ်သူ ကိုယ်ဝန်ပျက်ကျခါစမို့
သွေးလေခြောက်ခြားပြီးဖြစ်တယ်လို့ဆိုပေမယ့် တကယ့်အကြောင်းအရင်းကို
သိလိုက်ရတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မှာလဲ နာမည်အရ Dybbuk
ဆိုတာကကော ဘာကိုဆိုလိုတာလဲ စိတ်ဝင်စားစရာကောင်းတဲ့
ဇာတ်လမ်းလေးမို့လို့ဆက်လက်စောင့်ကြည့်ပေးပါဦး...

#crd

image
1 နှစ် - ဘာသာပြန်ပါ။

နှစ်စဉ် အတိုက်အခိုက်တွေ ကြုံရတာတွေ ရှိတာမို့ ကြုံလာတဲ့အခက်အခဲ ရင်ဆိုင်ပြီး အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့ ထက်ထက်ထွန်း

ဇန်နဝါရီ ၆

အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်လာတဲ့ သရုပ်ဆောင် ထက်ထက်ထွန်းက နှစ်စဉ် အတိုက်အခိုက်တွေ ကြုံရတာတွေ ရှိတာမို့ ကြုံလာတဲ့အခက်အခဲ ရင်ဆိုင်ပြီး အကောင်းဆုံးကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“၂၀၂၄ ခုနှစ်ကတော့ ထက်အတွက် ဝေဖန်တိုက်ခိုက်မှုတွေ ကြုံရတာပါပဲ။ နောက်နှစ်မှာလည်း ဝေဖန် အတိုက်အခိုက်ကတော့ ကြုံရမယ်လို့လည်း ယုံကြည်ပါတယ်။ ဒီအတိုက်အခိုက်တွေက ထက်ပြန်ရုန်းပြီး ပြန်ထနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီကာလမတိုင်ခင်ကတည်းကရော ၂၀၂၄ မတိုင်ခင်မှာရော တစ်ချိန်လုံး ရုန်းထနိုင်ဖို့ အားပေးကြတဲ့သူတွေကြောင့်ပါ။ ထက်ကို နှုတ်အားရော စိတ်အားဖြင့်ရော ထက်ကို ကူညီပေးသူတွေကို ထက် ကျေးဇူးတင်ပါတယ်။ ဆက်ပြီး အကောင်းဆုံးရပ်တည်နိုင်အောင် ကြိုးစားနေပါတယ်။ အတိုက်အခိုက်ကတော့ ထက် အတွက် နှစ်တိုင်းက ရှိနေတာပါ။ ထက်အနေနဲ့ အခက်အခဲကြုံတိုင်း အမြဲရင်ဆိုင်လိုက်တယ်။ ထွက်ပြေးတာ ကိုယ့်အတွက် ခွန်အားမဟုတ်ဘူးလေ” လို့ သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။

သူကတော့ အနုပညာအလုပ်တွေကို ကာရိုက်တာပိုင်းတွေကို ကိုယ့်အတွက် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ပုံမှန်သွားနေတဲ့ လမ်းကြောင်းကနေ ထိုးဖောက်ပြီး လုပ်နိုင်အောင်လည်း ကြိုးစား လုပ်ဆောင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ညှို့ ဇာတ်လမ်းတွဲနဲ့ ငါ့ဘုရင်မ ဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။

“၂၀၂၅ မှာ ကိုယ့်အပေါ်မကောင်းဘဲ ဟန်ဆောင်တဲ့သူတွေကို ရဲရဲဝံ့ဝံ့ အားမနာတမ်း ပြောတတ်တဲ့သူ တစ်ယောက်ဖြစ်ချင်တယ်။ အပေါ်ယံပေါင်းနေသူတွေကို စိတ်ထဲက ထုတ်လိုက်မယ်လို့ လိုင်းပေါ်မှာလည်း ရေးထားဖြစ်တယ်လေ။ ဟန်ဆောင်ကောင်းနေတဲ့သူတွေကို စိတ်ထဲကနေ ထုတ်ပစ်ချင်တယ်။ ကိုယ့်ဘက်က အစစ်အမှန်တွေပေးပြီး ကိုယ်ပဲပင်ပန်းရတာဖြစ်လို့ ဖြစ်နိုင်ရင် မပေးတော့ဖို့ ဆုံးဖြတ်ချက်ချထားတယ်။ အားမနာတတ်အောင် ကြိုးစားနေပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

#centralnewsnaypyitaw

imageimage
1 နှစ် - ဘာသာပြန်ပါ။

ဒီမှာဆို အေးဆေးပဲ

Siri မွှေတဲ့ပြဿနာကြောင့် ဒေါ်လာ ၉၅ သန်း ပေးဆောင်ရမယ့် Apple
Siri မွှေတာကို ပြောပေမဲ့ Siri က အမွှေခံရတာလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဖြစ်ပုံကတော့ Siri သုံးလို့ရတဲ့ Apple Product တွေကနေ တရားမဝင်အသံသွင်းတာတွေနဲ့ လျှို့ဝှက်မှတ်တမ်းယူတာတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားစွဲဆိုခြင်းခံရတာပါ။
ကယ်လီဖိုးနီးယား Oakland မှာရှိတဲ့ ဖက်ဒရယ်တရားရုံးမှာ iPhone အပါအဝင် အခြား Apple Product တွေမှာ user တွေရဲ့ စကားပြောဆိုမှုတွေကို မှတ်တမ်းတင်ဖို့ Siri ကနေတဆင့် ခိုးကြောင်ခိုးဝှက် မှတ်တမ်းယူခဲ့ပြီး ရောင်းချမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို လျှောက်ထားခဲ့တာပါ။ ဒီတရားစွဲဆိုမှုက ၅ နှစ်ကြာနေပြီလို့တော့ ဆိုပါတယ်။
Apple ဘက်ကတော့ ဒီတရားစွဲဆိုမှုအတွက် ဒေါ်လာ ၉၅ သန်းပေးဆောင်ပြီး ကျေအေးရန် သဘောတူညီခဲ့ပါတယ်။ သဘောတူညီခဲ့တယ်ဆိုပေမဲ့လည်း Apple အနေနဲ့ Siri နဲ့ပတ်သက်ပြီး အပြစ်တစ်စုံတစ်ရာလုပ်ခဲ့ပါတယ်ဆိုတဲ့အချက်ကိုတော့ လက်ခံထားခြင်းမရှိခဲ့ပါဘူး။ (နားအေးပီးရော ရော့ ပိုက်ဆံ အာ့သဘောလားမသိ) ဖေဖော်ဝါရီ ၁၄ မှာတော့ နောက်ထပ်ရုံးချိန်းရှိမှာဖြစ်ပြီး တရားရုံးဘက်ကနေ စည်းမျဉ်းအချို့ထုတ်ပြန်ဖို့ရှိမှာပါ။
အကယ်၍သာ Apple ဘက်က Siri နဲ့ပတ်သက်ပြီး Privacy ချိုးဖောက်ပါတယ်ဆိုတဲ့ အချက်ကို လက်ခံဲလိုက်မယ်ဆိုရင်တော့ Apple user တွေအနေနဲ့ 2014 စက်တင်ဘာကစပြီး 2024 နှစ်ကုန်ပိုင်းအထိ သတ်မှတ်ထားတဲ့ အလျော်အစားတောင်းခံခွင့်ရှိမှာပါ။ Siri ပါဝင်တဲ့ Apple Product တိုင်းအတွက် user တစ်ဦးချင်းဆီမှာ အနည်းဆုံး ဒေါ်လာ 20 အထိ ရပိုင်ခွင့်ရှိမှာပါ။ ဒီ့ထက်လည်း များနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။
Credit

image
1 နှစ် - ဘာသာပြန်ပါ။

သဘာဝအတိုင်းချစ်စဖွယ်ရှဉ့်လေးတွေဟာ စွန့်ပစ်ထားတဲ့ အခွံမာသီးဆိုင်ကိုတွေ့ပြီးကိုယ်တိုင်ရှာဖွေမစားသောက်တော့ဘဲ ဒီဆိုင်မှာပဲ စားသောက်ပျော်ရွှင်မိန်းမောနေကြပါတယ်။


The Nut Job 2: Nutty by Nature (2017)

သူတိုခေါင်းဆောင် ဆာလီအပါအဝင်ပေါ့။ ဒါကို ဘဝင်မကျဘဲ သူတိုနေနေကျ ပန်းခြံထဲမှာ သဘာဝအတိုင်းပြန်နေပြီး အစာကိုရှာဖွေစားသောက်ချင်တာကတော့ ရှဉ့်မလေး အန်ဒီပါ။ တနေ့တော့ သူတိုနေနေတဲ့ အခွံမာသီးဆိုင်ဟာ ပေါက်ကွဲသွားပါတော့တယ်သူတိုပြန်လည်ရုန်းကန်ရှာဖွေစားသောက်ချိန်တွေ ရောက်လာပါတယ်။ ဒီအချိန်မှာပဲလာဘ်စားတတ်တဲ့ မြိုဝန်ကတော့ သူတိုကျက်စားရာ သဘာဝပန်းခြံလေးကိုအမြတ်ထုတ်ဖိုရာ ကစားကွင်းအဖြစ် ပြောင်းလဲပစ်ဖို ကြိုးစားပါတယ်။ ဒီတော့ ရှဉ့်လေးတွေ သူတိုပိုင်တဲ့ ပန်းခြံကို ကာကွယ်ဖို ဘယ်လိုကြိုးစားကြမလဲ ဆိုတာတော့ ကြည့်ရှုအားပေးကြပါ။ ဒီဇာတ်ကားလေးက IMDb 4.6 ရရှိထားပါတယ်ဒါ့အပြင် ဂျက်ကီချမ်းကလဲ အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်စွန့်စားခန်းတွေ ပျော်စရာခန်းတွေ ဝေဝေဆာဆာနဲ့ ကာတွန်းလေးပါ

image
1 နှစ် - ဘာသာပြန်ပါ။

အဲ့မှာတကွက်ပြလိုက်ပြီ
ပေါက်တယ်နော် အောမေလေးတို့ 😂

1 နှစ် - ဘာသာပြန်ပါ။

ဂုဏ်ယူပါတယ် ညီလေး \စိုးမိုးဇော်\
ဆက်ကြိုးစားပါညီလေးရေ။ မြန်မာ့လက်ဝှေ့ မျိုးဆက်သစ်တွေအများကြီးလိုနေပါတယ် ဖိုက်တင်း

1 နှစ် - ဘာသာပြန်ပါ။

Use your brain 100%
Nice shot

fashion

1 နှစ် - ဘာသာပြန်ပါ။

လက်ရှိအနေအထားနဲ့တော့ ကွက်တိပဲ

ဆိုလာသုတ်ဆေးနဲ့ လျှပ်စစ်ကား။
မာစီဒီးကုမ္ပဏီက အသစ်မိတ်ဆက်လိုက်တဲ့ ကားကတော့ ကားချစ်သူတွေ အကြိုက်တွေ့ကြမယ် ထင်ပါတယ်။
ကား ကိုယ်ထည် (body) မှာ သုတ်ထားတဲ့ ဆိုလာဆေးကနေ လျှပ်စစ်ထုတ်ပေးနိုင်ပါတယ်။
ဒီဆေးကို Photovoltaic လို့ခေါ်ပါတယ်။
ကားပေါ်မှာ ဆေးအထူက ၅ မိုက်ခရိုမီတာရှိပြီး ဆေးသုတ်ဧရိယာက ၁၁ စကွဲယားမီတာသာ ရှိပါတယ်။
ဒါပေမဲ့ ဒီဆိုလာဆေးက ထုတ်ပေးတဲ့ လျှပ်စစ်စွမ်းအင်ဟာ ကားကို ၇၄၅၆ မိုင် ( ၁၂၀၀၀ ကီလိုမီတာ ) အထိ မောင်းနှင်နိုင်ပါလိမ့်မယ်။
နာနို အမှုံ နည်းပညာကို အခြေခံထုတ်ထားတဲ့ ဆေးဟာ စွမ်းအင် ၉၄ ရာခိုင်နှုံးကို လွယ်ကူစွာ ထုတ်လုပ်ပေးပြီး ပြုပြင်ဖို့လဲ လွယ်ကူတယ်လို့ ဆိုပါတယ်။
ဆေးမှာ မြေရှားသတ္တု ( rare earth) တို့၊ ဆီလီကွန်တို့မပါလို့ ထုတ်လုပ်စရိတ်ကလဲ သက်သာပါတယ်တဲ့။
အားသွင်းစရာ ပလပ်ခေါင်း မလိုတဲ့ကားမို့ လူကြိုက်များအုံးမှာ အသေအချာပါပဲလို့။
Crd

image