1 y - Translate

ချစ်ခြင်းမေတ္တာဟာ
နှလုံးသားဖြင့် ခံစားပြီး!!
နှလုံးသားဖြင့် ပေးဆပ်ကြရတဲ့
စိတ္တဇတစ်ခုပဲ..။

ချစ်ခြင်းမေတ္တာဆိုတာ
အစစ်အမှန်ကို လူတိုင်းမရသလို!!
ရတိုင်းလဲ စစ်မှန်ကြတာမျိုးမဟုတ်ပါဘူး!!

ဒါကိုနားလည်တဲ့ နှလုံးသားတွေဟာ
ငါသေရင်လိုက်သေမယ်ဆိုတဲ့ ချစ်ခြင်းမေတ္တာထက်
ဘဝရဲ့ နိမ့်မြင့်တက်ကျချိန်တိုင်းမှာ ဘေးမှာရှိနေပေးမယ်ဆိုတဲ့ ချစ်ခြင်းမေတ္တာကိုသာ မက်မောကြပါတယ်..။

image
1 y - Translate

Mix these ingredients and you'll be a king in bed 💥👇

image
1 y - Translate

မျှစ် အချိုကြော် (သားသတ်လွတ်)

မျှစ် ၂၀သား ခန့်ကို ပြုတ်ပြီး ရေအေးစိမ်ထားပါ။၂ခြမ်း ခွဲလှီးပါ
ဆီအနည်းငယ်ထည့်ပူလာလျှင် မျှစ်ထည့်ကြော်ပြီး ၂မိနစ်ခန့်
ကြာလျှင် ဆား သကြား ပဲငံပြာရည် အနောက် ထည့်ပြီးမွှေပါ။
ရေထည့် အဖုံးအုပ်၍ ၅မိနစ်ခန့်ကြော်ပါ။ရလျှင် ကော်မှုန့် အနည်းငယ် ရေဖျော်ထည့်ကာ နှမ်းဆီမွှေး ငရုတ်ကောင်း
ထည့်၍ မွှေကာရပါပြီ။

ချက်ကြည့်ကြစို့

image
1 y - Translate

(၃-၁-၂၀၂၅) ရက်နေ့ထိ နောက်ဆုံးရောက်ရှိနံပါတ်များ

၃ ရက်နေ့မှာတော့ ယမန်နေ့ကထက် အိမ်စီးကားအစီးရေ (၄၉) စီး တိုးလာခဲ့ပါတယ်။

#licensed
#number

image
1 y - Translate

နောက်ခံလူ ဂေါ့ဖရေးကို အစ်ဆွစ် အငှားခေါ်ယူ
-----------------------
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ အစ်ဆွစ်အသင်းဟာ ဇန်နဝါရီဈေးကွက်မှာ အသင်းရဲ့ ပထမ ဆုံး ခေါ်ယူမှုအဖြစ် အတ္တလန္တာအသင်းရဲ့ နောက်ခံလူ ဂေါ့ဖရေးကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူလိုက် ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဂေါ့ဖရေးဟာ ပြီးခဲ့တဲ့နွေရာသီကမှ အဲဗာတန်အသင်းကနေ အတ္တလန္တာအသင်းကို ပေါင် ၁၀ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

ဒါပေမဲ့ အီတလီမြေမှာ ဂေါ့ဖရေး ကစားခွင့်သိပ်မရခဲ့ဘဲ ၂၂ မိနစ်သာ ကစားခွင့်ရခဲ့လို့ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အသင်းဖော်သစ်တွေနဲ့ တွေ့ဆုံဖို့အတွက် မစောင့်နိုင်အောင် ဖြစ်ရသလို အသင်းသစ်အတွက်လည်း အကောင်းဆုံးကြိုးစားပေးသွားမယ်လို့ ဂေါ့ဖရေးက ပြောကြားထားပါတယ်။

ဂေါ့ဖရေးဟာ ပြီးခဲ့တဲ့တနင်္ဂနွေ ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ အစ်ဆွစ်အသင်းတို့ ၂ ဂိုးစီသရေကျ တဲ့ပွဲကို ပွဲကြည့်စင်ပေါ်ကနေ လာရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး အသင်းကို တန်းဆင်းဇုန်ကနေလွတ်အောင် ကြိုး စားပေးနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားထားပါတယ်။ အတ္တလန္တာအသင်းကို မပြောင်းရွှေ့ခင် ဂေါ့ ဖရေးဟာ အဲဗာတန်အသင်းရဲ့ခံစစ်မှာ အဓိက ကစားသမားဖြစ်ခဲ့ပြီး အဲဗာတန်အသင်းအတွက် ၃ နှစ်ကျော်အတွင်း ၉၃ ပွဲအထိ ကစားပေးခဲ့တာဖြစ်ပါတယ်။

image
1 y - Translate

ဆောင်းမုတ်သုံလေအားကောင်းလာမှုနှင့်အတူ အရှေ့လေပြင်းတိုက်ခတ်မှုများအပါအဝင် ဆောင်းရာသီမိုးလေဝသဖြစ်စဥ်များကို အသိ ပေး

ဆောင်းရာသီကာလဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ဆောင်းမုတ်သုံလေအား ကောင်းလာမှုနှင့်အတူ အရှေ့လေပြင်းတိုက်ခတ်မှုများအပါအဝင် ဆောင်းရာသီမိုးလေဝသဖြစ်စဥ်များကို မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၅ ရက်က ဆောင်းရာသီကာ လတွင်ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက် (၁/၂၀၂၅)အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆောင်းရာသီကာလဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့၌ အ ရှေ့မြောက်မုတ်သုံလေအားကောင်းမှုနှင့်အတူ ညအပူချိန်များ တဖြည်းဖြည်းကျဆင်းလာပြီး အအေးပိုခြင်း၊ လေယာဉ်ပျံများအပေါ် ရေခဲခြင်း ၊ လေထုအတွင်း နှင်းမြူများအလွန်ထူဆိုင်းခြင်းတို့ဖြစ်ပေါ်နိုင်သည်ဟု အသိပေးခဲ့သည်။

ထို့အတူ နိုင်ငံတစ်ဝှမ်းလုံးတွင် ဒေသအလိုက် နံ နက်ပိုင်းနှင့် ညနေပိုင်းတို့၌ မြူထူဆိုင်းခြင်း၊ အ ထူးအားဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၌ အားကောင်းသော အထက်အောက်လေစီး ကြောင်းများတိုက်ခတ်တတ်ခြင်း၊ အထက်လေထုအတွင်း အားကောင်းသောအနောက်လေစီးကြောင်းများတွေ့ကြုံရတတ်ခြင်းနှင့် ဆောင်းမုတ်သုံလေအားကောင်းလာမှုနှင့်အတူ အရှေ့ လေပြင်းများတိုက်ခတ်ခြင်းတို့လည်း ဖြစ်ပေါ်နိုင်သည်ဟုလည်း အသိပေးခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဆောင်းရာသီကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ် စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ရေ ကြောင်းသွားလာရေးများအနေဖြင့်လည်း ကြို တင်သတိပြုသွားလာကြရန် မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ)က အသိပေးနှိုးဆော်ခဲ့သည်။

image
1 y - Translate

တရုတ်မှ HMPV ရောဂါကူးစက်ခံရသူသည် အိန္ဒိယ၌ သုံးဦးရှိပြီဖြစ်

နူးဒေလီ၊ဇန်နဝါရီ ၆

တရုတ်နိုင်ငံ၌ဖြစ်ပွားနေသည့် HMPV ရောဂါကူးစက်ခံရသူများကို အိန္ဒိယနိုင်ငံ၌ပါတွေ့ရှိလာရပြီး လက်ရှိအချိန်အထိ ကူးစက်ခံထားရသူသည် ၃ ယောက်အထိရှိလာပြီဖြစ်ကြောင်းသိရသည်။

ယနေ့နံနက်အစောပိုင်းက အိန္ဒိယ၌ HMPV ရောဂါကူးစက်ခံရသူ နှစ်ဦးတွေ့ရှိထားပြီး အဆိုပါနှစ်ဦးမှာ သုံးလ-သားအရွယ် မိန်းကလေးနှင့် ရှစ်လ-သားအရွယ် ယောကျာ်းလေးတစ်ဦးတို့ဖြစ်ကြသည်ဟုသိရသည်။

တတိယမြောက်တွေ့ရှိသည်မှာလည်း ကလေ-းငယ်သာဖြစ်ပြီး နှစ်လသားအရွယ်ကလေ-းငယ်ဖြစ်ကြောင်းသိရသည်။ အဆိုပါကလေ-းငယ်သည် ရာဂျက်စ်သန်ပြည်နယ်မှရောက်လာသည့်ကလေ-းဖြစ်သည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံအတွင်း၌ HMPV ရောဂါဝေဒနာရှင်သုံးဦးအထိ တွေ့ရှိလာရခြင်းကြောင့် လိုအပ်သော ကျန်းမာရေးကြိုတင်ပြင်ဆင်မှု အစီအမံများကိုမြို့တော်ဒေလီတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်းသိရသည်။

1 y - Translate

Scorpio 🥹
အားသာချက် - အရမ်းဆွဲဆောင်မှုရှိ
အားနည်းချက် - ဇောက်မြင်ကတ်ခံရအောင်နေတတ်

**မပူဆာနဲ့နော် တခြား Sign တွေပါ ရေးပေးမယ်။ ရေးပေးထားရင်လည်း ရှာဖတ် 😒

#tarot

1 y - Translate

Air Con မလို စောင်ထူထူသာလိုတဲ့ကလောမြို့လေး☃️♥

လူအယောက် 30 တစ်ပြိုင်ထဲတည်းခိုလို့ရတဲ့ကလောမြို့ထဲနဲ့အနီးဆုံးဖြစ်တဲ့ AceCaza Residences🏠

အခုဆိုကလောမြို့လေးကိုလာရောက်ဖို့အတွက်လမ်းပန်းဆက်သွယ်ရေးလေးလဲပြန်အဆင်ပြေပြီဆိုတော့ ဆောင်းရဲ့အငွေ့အသက်လေးတွေနဲ့ အေးနေပြီဖြစ်တဲ့ မြို့လေးကိုအလည်သွားရအောင်နော်☃️

ကလောမြို့လေးကိုအလည်လာသူတွေအနေနဲ့တည်းခိုဖို့နေရာရှာနေပြီဆိုရင် စျေးနဲ့လည်းနီးရမယ် လူများများလည်းတစ်စုတစ်စည်းထဲတည်းလို့ရမယ် လမ်းမကြီးမေးတင်လည်းဖြစ်တဲ့ AceCaza Residences - Kalaw လေးကိုညွှန်းပေးချင်ပါတယ်

အလွှာ 3 လွှာနဲ့ဖွဲ့စည်းထားပြီး တစ်လွှာချင်းစီမှာ လူ (8) ယောက်ကနေ (12) ယောက်ထိတည်းခိုလို့ရတဲ့ Master Bedroom(3)ခန်းကနေ (4) ခန်းထိပါတော့လူများများနဲ့တစ်စုတစ်စည်းထဲနေချင်တဲ့လူတွေအတွက်အဆင်ပြေစေမှာပါ

Facility တွေအနေနဲ့ကလဲ 24 နာရီနီးပါး လျှပ်စစ်မီးရရှိအောင် Solar တပ်ဆင်ထားပြီး ရေပူ ရေအေးစက် နဲ့ Card Game Board game အစုံထားရှိပေးထားပါတယ်...ဟင်းချက်လက်စွမ်းပြချင်သူတွေအဆင်ပြေအောင်လဲ ထမင်းပေါင်းအိုး ဒယ်နီအိုး ပန်းကန် နဲ့ ဆန် ဆီ ဆား ပါထားရှိပေးထားပါတယ်

အထပ်တိုင်းဟာဆိုရင်ဖြင့်
လူ (8)ယောက်တည်းခိုလို့ရတဲ့ အောက်ဆုံးထပ်လေးဟာဆိုရင် Master Bedroom (3) ခန်းပါဝင်ပါတယ်

လူ( 1ယောက်တည်းခိုလို့ရတဲ့ အလယ်ထပ်လေးကတော့ Master Bedroom (4) ခန်းပါဝင်ပါတယ်

လူ (12)ယောက်ထိတည်းခိုလို့ရတဲ့အပေါ်ဆုံးထပ်လေးကတော့ အိပ်ခန်း 3 ခန်းနဲ့ ထပ်ခိုးကျယ်တစ်ခုပါဝင်ပါတယ်

စျေးနှုန်းလေးတွေကတော့ ရုံးဖွင့်ရက် ရုံးပိတ်ရက်နဲ့ ပွဲတော်ရက် သတ်မှတ်ချက်ချင်းမတူတာမို့ comment မှာ link ချထားတဲ့ page ကိုသွားရောက်စုံစမ်းနိုင်ပါတယ်နော်

တည်နေရာလေးကတော့
ကလော၊စခန်းသာ 2 ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီးဘေးမှာပါ

AceCaza Residences - Kalaw
ဖုန်းနံပါတ် 09449540481 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်😍