1 y - Translate

Audition ပြိုင်ထဲက ညှပ်ဖိနပ်နဲ့ အေးဆေးပဲ 🙂
World Famous ဒိုင်တွေတောင် အဝတ်စားနဲ့
ပတ်သက်ပြီးဘာမှမပြော 😌သူတို့စိတ်ဝင်စားတာ အသံ ပဲ 🎼
နောက်ဆုံးတော့ Winner ရခဲ့တယ် 🤎
American Idol 2023 Winner Tongi 🤍
#sumobear
#crd

image
1 y - Translate

ဆရာကြီး ဂုဏ်ထူးဦးအောင်ခိုင်ရဲ့ ဆောင်းရာသီ Essay

#englisheverywhere

image
1 y - Translate

ဆရာကြီး ဂုဏ်ထူးဦးအောင်ခိုင်ရဲ့ ဆောင်းရာသီ Essay

#englisheverywhere

image
1 y - Translate

ဆရာကြီး ဂုဏ်ထူးဦးအောင်ခိုင်ရဲ့ ဆောင်းရာသီ Essay

#englisheverywhere

imageimage
1 y - Translate

Veteran (2015)
အက်ရှင်ဇာတ်ကားကောင်းကောင်းကို အခွီလေးနဲ့
ရောကြည့်ချင်တဲ့လူတွေအတွက် မင်းသား Hwang Jung Min နဲ့Yoo Ah In တို အပြိုင်သရုပ်ဆောင်ထားတဲ့ Veteranဇာတ်ကားကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။
စုံထောက်လောကရဲ့ခွေးရူးလိုဖြစ်နေတဲ့ စုံထောက်ဆောဒိုချောဟာအမှုကြီးတစ်ခုဖြေရှင်းအပြီးမှာ ချမ်းသာတဲ့သူတွေ တက်ရောက်ကြတဲ့ပါတီတစ်ခုကို ဖိတ်ကြားခံခဲ့ရပါတယ်။ ဂျိုထယ်အိုဆိုတဲ့ လုပ်ငန်းကြီးတစ်ခုရဲ့ သားဖြစ်သူက ပါတီကိုဦးဆောင်တာဖြစ်ပြီး အဲဒီပါတီမှာကတည်းက ဂျိုထယ်အိုရဲ့နိုင်ထက်စီးနင်းအပြုအမူတွေကြောင့်စုံထောက်ဆောဒိုချောနဲ့ အခြေအတင်ဖြစ်ခဲ့ကြပါတယ်။နောက်ရက်အနည်းငယ်အကြာမှာတော့ စုံထောက်ဆောဒိုချောတိုအဖွဲကို အမှုဖြေရှင်းရာမှာကူညီပေးခဲ့တဲ့ ဒရိုင်ဘာဘဲ့ဆိုတဲ့လူကဂျိုထယ်အိုရဲ့ကုမ္ပဏီမှာ ‌ေ!သကြောင်းကြံစည်သွားပါတယ်။အဲဒီသတင်းကိုကြားတဲ့စုံထောက်ဆောဒိုချောက အဖြစ်မှန်ကိုဖော်ထုတ်ဖို ကြိုးစားပါတော့တယ်။ချမ်းသာတဲ့မျိုးဆက်က သားဖြစ်သူဂျိုထယ်အိုရဲ့ ကောက်ကျစ်တဲ့နည်းလမ်းတွေကြားမှာ စုံထောက်ဒိုချောတိုအဖွဲ အမှန်တရားကိုဖော်ထုတ်ဖိုကြိုးစားကြတာကို ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
#credit

image
1 y - Translate

ခဗျားတို့က တခုခုလွဲနေပြီနော် စင်ပေါ်မှာလှနေရင်ရပြီမဟုတ်ဘူးလား ဆိုပြီး မေးခွန်းထုတ်ခဲ့တဲ့ ရွှေကြိုအကဲဖြတ်ဒိုင်အဖွဲ့ဝင် ဦးမောင်သီ

image

အိမ်မှာအလွယ်တကူလုပ်စားလို့ရတဲ့ပြောင်းဖူးဖက်ထုပ်လုပ်နည်းလေးပါဗျ
ပြောင်းဖူးကို ပါးနိုင်သမျှ ပါးပါးလှီး
ဂျုံမှုန့်+ဆား+သကြား+နွားနို့မရင်တော့ နို့ဆီလေးနည်းနည်းဆမ်း
ပြီးရင် ပြောင်းဖူးဖက်လေးတွေ ရေဆေးထားပါ
ကိုယ့်အိမ်ကလူတွေပဲစားကြတာမလို့ ကိုယ်အဆင်ပြေသလိုသာထုပ်ပါ
ပြီးရင်တော့ ဒယ်နီထဲ ထည့်ပေါင်းပါအပျော့/အမာ ကိုယ်အဆင်ပြေသလို စိတ်ကြိုက်ထားပြီး အုန်းသီးလေးဖြူးပြီး သုံးဆောင်နိုင်ပါပြီဗျ။
#မြိန်မြိန်

image

ရန်ကုန်တွင် အမျိုးသားတစ်ဦး နောက်စေ့တည့်တည့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၆ ရက်) ညနေ ၄နာရီ ၄၅မိနစ်အချိန်ခန့်က ကြည့်မြင်တိုင်မြိုနယ်၊ စျေး ကလေးရပ်ကွက်၊ ကမ်းနားလမ်း နှင့် ဗားကရာလမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းအရ လုံခြုံရေးအဖွဲ့ကသွားရောက်စစ်ဆေးရာ ကမ်းနားလမ်းပေါ် ဗားကရာမီးပွိုင့်နှင့်ပေ(၁၀၀)အကွာ အလုံမြို့နယ်ဘက်သွားသည့်အခြမ်းတွင် ကျောပိုးအိတ်နှင့်ဘေးလွယ်အိတ်အသေးလွယ်ထားသည့်အသက်(၅၀)နှစ်ခန့် အမျိုးသားကြီးတစ်ဦးသည် နောက်စေ့တည့်တည့် ကျည်ထိမှန်ဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးသူ အမျိုးသား၏ဘေးလွယ်အိတ်အတွင်း ဦးအောင်ရှိန်အမည်ပါ AYA ဘဏ်စာအုပ်ကို တွေ့ရသဖြင့်သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းလျက်ရှိကြောင်သိရသည်။ လက်ရှိတွင် သေဆုံးသူအမျိုးသားအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးထားပြီး ကျူးလွန်သူအား ဥပဒေနှင့်အညီအပြစ်ပေး အရးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

ကနေဒါဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ဖွယ်ရှိ

အော့တဝါ၊ ဇန်နဝါရီ ၇

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒိုး (Justin Trudeau) သည် ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

သူသည် လက်ရှိအချိန်အထိ အပြီးသတ် ဆုံးဖြတ်ချက်ကို မချမှတ် ရသေးသော်လည်း ရာထူးမှ နုတ်ထွက်ချင် နေကြောင်း ထရူဒိုးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Globe and Mail သတင်းစာကို ဇန်နဝါရီ ၄ ရက်က ပြောကြားခဲ့သည်။

ထရူဒိုးသည် ကနေဒါ၏ အာဏာရပါတီဖြစ်သည့် လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်တာဝန်ကို ၉ နှစ်ကြာ ထမ်းဆောင်ပြီးနောက် ရာထူးမှ နုတ်ထွက်မည့်အကြောင်းကို ဇန်နဝါရီ ၆ ရက်တွင် ကြေညာဖွယ်ရှိသည် ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

ထရူးဒိုးသည် ရာထူးမှ နုတ်ထွက်သွားမည်ဆိုပါက လစ်ဘရယ်ပါတီသည် ခေါင်းဆောင်ရှိတော့မည် မဟုတ်ဘဲ နောက်ထပ် ခေါင်းဆောင်အသစ်ကို အလျင်အမြန် ရွေးချယ်ရမည်ဖြစ်သည်။

မကြာသေးမီက ပြုလုပ်သည့် စစ်တမ်းများတွင်မူ လစ်ဘရယ်ပါတီသည် အောက်တိုဘာ လကုန်ပိုင်းတွင် ပြုလုပ် မည့် ရွေးကောက်ပွဲ၌ အတိုက်အခံ ကွန်ဆာဗေးတစ်များကို ရှုံးနိမ့်ဖွယ်ရှိကြောင်း ရလဒ်များ ထွက်ပေါ်ခဲ့သည်။

ထရူဒိုးသည် ရာထူးမှ ထွက်ခွာမည့် အစီအစဉ်ကို မည်သည့်အချိန်တွင် ကြေညာလိမ့်မည်ဆိုခြင်းအား အသေးစိတ် မသိရသေးသော်လည်း ဖေဖော်ဝါရီ ၈ ရက်တွင် ပြုလုပ်မည့် လစ်ဘရယ် လွှတ်တော်အမတ်များ၏ အရေးပေါ် အစည်းအဝေးမတိုင်မီ နုတ်ထွက်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် လူထုစစ်တမ်းများတွင် လွှတ်တော်အတွင်း လစ်ဘရယ်များ များပြားလာမှုကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး ထိုလစ်ဘရယ်များက ထရူဒိုးကို ရာထူးမှနုတ်ထွက်ရန် လူသိရှင်ကြား တိုက်တွန်းခဲ့ သည်။

ယခုထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ဝန်ကြီးချုပ်ရုံးက တုန့်ပြန်ခဲ့ခြင်းမရှိပေ။

ထရူဒိုးသည် နောက်ထပ် လစ်ဘရယ် ခေါင်းဆောင်သစ်တစ်ဦး ရွေးချယ်ပြီးသည့် အချိန်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူရန် ရှိ/မရှိနှင့် ချက်ချင်း နုတ်ထွက်ရန် အစီအစဉ် ရှိ/မရှိကို တိကျစွာမသိရကြောင်း Globe and Mail သတင်းစာက ဖော်ပြခဲ့သည်။

Source: ရိုက်တာ

ပုံ - ကနေဒါဝန်ကြီးချုပ် ထရူဒိုးကို တွေ့ရစဉ်

#centralnewsnaypyitaw

image
1 y - Translate

"ဒီ အကယ်ဒမီ ပေးပွဲ ကျင်းပတဲ့ အဖွဲ့က မဟုတ်တော့ဘူး။ အနုပညာအစည်းအရုံးက လူတွေကလည်း ဘာဖြစ်နေကြတာလဲ မသိဘူး။ အကယ်ဒမီပေးပွဲ တက်ဖို့ လျှောက်လွှာတင်နေရတယ်။ ကိုယ်က အနုပညာကို အများကြီး လုပ်ခဲ့တဲ့ ဇာတ်ပို့တစ်ယောက်ပါ။ အကယ်ဒမီပွဲလေး တက်ရဖို့အတွက် တက်ရောက်ခွင့် လျှောက်လွှာ တင်ပေးရမယ်တဲ့။ ဒါတောင် ကျွန်မတို့က ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ ပါဝင်ဖူးတဲ့ ဝါရင့် ဇာတ်ပို့ သရုပ်ဆောင်တွေနော်။ အာ့လိုကြီး လျှောက်လွှာတင်နေရတာကြီးကို မကြိုက်တော့ဘူး။ ရုပ်ရှင် ဇာတ်ကားကြီးထဲတောင် မရောက်ဖူးတဲ့ သာမာန်ဆယ်လီတွေကျတော့ လက်မှတ် ရနေကြတာ။ ဒါကျတော့ တော်တော်ကြီး လွန်နေသလိုပဲ" ဆိုပြီး ရင်ဖွင့် ပြောပြလာတဲ့ ဇာတ်ပို့သရုပ်ဆောင် ဘိုမ။

image