၂၈ နှစ်အောက် သတ်မှတ်ဘွဲ့ရများအတွက်
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက စီစစ်ရေးမှူး-၂ အတွက် ရာထူး ၅၀ နေရာ အလုပ်ခေါ်စာ

#govjob

image

တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ အသင်းကပ္ပတိန်တိုက်စစ်မှူး ဆွန်ယောင်မင်ကို ၂၀၂၆ ခုနှစ်အထိနောက်ထပ် ၁ နှစ်စာချုပ်သက်တမ်းတိုးဖို့ စာချုပ်ပါအချက်အလက်ကိုအသုံးပြုခဲ့ကြောင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။

တောင်ကိုးရီးယားတိုက်စစ်ကစားသမားဟာ ၂၀၁၅ ခုနှစ်တုန်းက စပါးအသင်းကိုပြောင်းရွှေ့လာခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံဆုဖလားတွေမရယူနိုင်သေးပေမဲ့လည်း ပြိုင်ပွဲစုံမှာကလပ်အသင်းနဲ့အတူ ၄၃၁ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၁၆၉ ဂိုးသွင်းယူထားနိုင်တာနဲ့အတူ အဓိကကစားသမားဖြစ်လာခဲ့ပါတယ်။

ဒီမတိုင်ခင်ကစားသမားရဲ့စာချုပ်သက်တမ်းအရတော့ ၂၀၂၅ ခုနှစ်မှာကုန်ဆုံးမှာဖြစ်တာကြောင့်အသင်းအတော်များများအနေနဲ့ အဆိုပါကစားသမားကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့စိတ်ဝင်စားမှုရှိနေပြီး ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်အသင်းအပါအဝင်ဂါလာတာစာရေးအသင်းတို့ကလည်းစိတ်ဝင်စားမှုရှိနေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ဆွန်ကို ၂၀၂၆ ခုနှစ်အထိစာချုပ်သက်တမ်းဆက်တိုးဖို့စာချုပ်ပါအချက်အလက်ကိုအသုံးပြုခဲ့ကြောင်းထုတ်ပြန်ကြေငြာခဲ့ပြီး လက်ရှိမှာတော့ ကာယကံရှင်အနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းကအသင်းပြောင်းရွှေ့သွားတဲ့ဟယ်ရီမက်ဂွိုင်းယားနေရာမှာကပ္ပတိန်ဖြစ်လာခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image

တရားမဝင်မြန်မာနိုင်ငံသား ၃၀ ကို တစ်ဝက်စီခွဲတင်လာသည့် ကားနှစ်စီး အချင်းချင်းတိုက်မိရာမှ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရမှု ထိုင်းနိုင်ငံတွင်ဖြစ်ပွား

ဇန်နဝါရီ ၉

တရားမဝင်မြန်မာနိုင်ငံသား ၃၀ ကို တစ်ဝက်စီခွဲတင်လာသည့် ကားနှစ်စီး အချင်းချင်းတိုက်မိမှုဖြစ်ပွားရာမှ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရမှု ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာအနီး၊ ဘုရားသုံးဆူ-စံခလဘူရီလမ်းမကြီး‌ပေါ်မှာ ဇန်နဝါရီလ ၇ ရက် ညပိုင်းက ဘုရားသုံးဆူဘက်မှ တောလမ်းအတိုင်း ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူ‌ကျေးရွာဘက်ကို ဝင်ရောက်လာသော ထိုင်းနိုင်ငံတွင်အလုပ်လုပ်မည့် တရားမဝင်မြန်မာလုပ်သား ၃၀ ဦးကို ပစ်ကပ်ကားနှစ်စီးက အသင့်စောင့်ဆိုင်းနေကာ ကားနှစ်စီးတွင် ခွဲ၍တင်ဆောင်လာစဉ် ယင်း ကားနှစ်စီးတိုက်မိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းကားနှစ်စီးက ဘုရားသုံးဆူ-စံခလဘူရီ လမ်းမကြီးအတိုင်း အရှိန်ပြင်းစွာမောင်းနှင်လာစဥ် တိုက်မိပြီးနောက် ရှေ့ဘက်က မောင်းသည့်ကားမှာ လမ်းဘေးသစ်ပင်ကို ထပ်မံဝင်တိုက်ခဲ့ကြောင်း သိရသည်။

ယင်းကြောင့် သစ်ပင်ကို ထပ်မံဝင်တိုက်မိသည့်ကားပေါ်ပါ မနော်ဆောင်း ဆိုသူအမျိုးသမီးတစ်ဦးသေဆုံး၍ ကိုဇော်အောင် ဆိုသူမှာ ပြင်းထန်ဒဏ်ရာ ရရှိပြီး ကိုစိုးပိုင်ဦးဆိုသူတွင် လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ရာနေရာသို့ Phithakkan Foundation မှ တာဝန်ရှိသူများ အပါအဝင် လူမူကယ်ဆယ်ရေးအဖွဲ့များကသွားရောက်ကူညီခဲ့ကြပြီး ယင်း ဒဏ်ရာရသူများအား လူမှုကယ်ဆယ်ရေးအသင်းယာဉ်များဖြင့် စံခလဘူရီရှိ ဖဟွန်ဖွန်ဖယုဟစေနာ ဆေးရုံကြီးသို့ ‌ပို့ဆောင်ကာ သေဆုံးသူ၏ရုပ်အလောင်းကို စံခလဘူရီဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် သေဆုံးဒဏ်ရာရသူများမှလွဲ၍ ကျန်သူအားလုံး ထွက်ပြေးလွတ်မြောက်သွားသောကြောင့် စံခလဘူရီရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေကြောင်းနှင့် ကားနှစ်စီး၏ပိုင်ရှင်များကိုပါ ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image
image
image

ရွေးကောက်ပွဲအတွက်အဘက်ဘက်မှအသင့်ဖြစ်နေစေရန်ဆောင်ရွက်လျက်ရှိကြောင်း UEC ဥက္ကဋ္ဌပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၉

ရွေးကောက်ပွဲအတွက် အဘက်ဘက်မှ အသင့်ဖြစ်နေစေရန် ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့က ကျင်းပသည့် အခြေခံမဲစာရင်းတွင် ပါဝင်ရမည့် လူဦးရေစာရင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။

ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအတွက် အဘက်ဘက်မှ အသင့်ဖြစ်နေစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းပြည့်စုံမှန်ကန်ရေးသည် အဓိကကျကြောင်း၊ မဲစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပေးပို့သည့် ပုံစံ (၆၆/၆) ကို အခြေခံသည့်လူဦးရေစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးပို့သည့် မြေပြင်လူဦးရေစာရင်းနှစ်ခုကို အခြေခံပြီး ကော်မရှင်က ပြုစုရကြောင်း၊ ကော်မရှင်အနေဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဗဟိုကော်မတီက ပေးပို့လာသည့် လူဦးရေစာရင်းများကို ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) အတွင်း ထည့်သွင်းပြုစုထားပြီးဖြစ်ကြောင်း ပြောသည်။

မဲစာရင်းပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေးနိုင်ရေးနှင့် လူဦးရေစာရင်းများကို မြေပြင်စိစစ်အတည်ပြုနိုင်ရေးစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည့်အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံမှလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ တောင်းခံသွားကြရမည်ဖြစ်ကြောင်း ပြည်‌ေထာင်စု‌ေရွး‌ေကာက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ခဲ့ကြသည်။

#သတင်းဟင်းလေးအိုးကြီး

image
32 w - Translate

025မှာထွက်ရှိလာမဲ့ animeဇာတ်ကားများ part-5

image
32 w - Translate

025မှာထွက်ရှိလာမဲ့ animeဇာတ်ကားများ part-5

image
32 w - Translate

025မှာထွက်ရှိလာမဲ့ animeဇာတ်ကားများ part-5

image
32 w - Translate

025မှာထွက်ရှိလာမဲ့ animeဇာတ်ကားများ part-5

image
32 w - Translate

025မှာထွက်ရှိလာမဲ့ animeဇာတ်ကားများ part-5

image
32 w - Translate

025မှာထွက်ရှိလာမဲ့ animeဇာတ်ကားများ part-5

image
image
image
image
image