ယူနိုက်တက်ကို အနိုင်မရခဲ့လို့ အာတီတာ မယုံနိုင်လောက်အောင်ဖြစ်နေ

ဇန်နဝါရီ ၁၃

အာဆင်နယ်အသင်းနည်းပြ အာတီတာက ၁၀ ဦးတည်းနဲ့ ကစားခဲ့ရတဲ့ ယူနိုက်တက်အသင်းကို FA ဖလား တတိယအဆင့်မှာ သူတို့အနိုင်မရခဲ့‌တဲ့အတွက် မယုံနိုင်လောက်အောင် ဖြစ်မိတယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “ဒီပွဲကို ကျနော်တို့ အနိုင်မရခဲ့ဘူးဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။ ကျနော်တို့ဟာ ပွဲကို ကြီးစိုး နိုင်ခဲ့ပြီး အနိုင်ရဖို့အတွက် အရာအားလုံး ကြိုးစားခဲ့ပါတယ်။ ကျနော်တို့နဲ့ ထိုက်တန်တဲ့ အရာကို မရခဲ့ပါဘူး။ ဒီလို မျိုးပွဲပေါင်း ၁,၀၀၀ မှာ ၁ ပွဲရှုံးနိမ့်နိုင်ပြီး ဒီပွဲကို ရှုံးနိမ့်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့FA ဖလား တတိယအဆင့်ပွဲစဉ်ဟာ ပွဲချိန်မိနစ် ၉၀ အတွင်း ၁ ဂိုးစီ သရေကျခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာမှာ ယူနိုက်တက်အသင်းက ၅ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး စတုတ္ထအဆင့်ကို တက်နိုင်ခဲ့တာပါ။

ဒီပွဲစဉ်ရဲ့ပွဲချိန် ၆၁ မိနစ်မှာ နောက်ခံလူ ဒါလော့ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ယူနိုက်တက်အသင်းဟာ ၁ ဦး လျော့နဲ့ ကစားခဲ့ရသလို မိနစ်အနည်းငယ်အကြာမှာ ပင်နယ်တီ ပေးခဲ့ရပါတယ်။

ဒီပင်နယ်တီကို အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ် ကန်သွင်းခဲ့တာမှာ ယူနိုက်တက်အသင်း ဂိုးသမား ဘာယင်ဒါ ကာကွယ်နိုင်ခဲ့တာပါ။

ဘာယင်ဒါဟာ ပင်နယ်တီ အဆုံးအဖြတ်မှာလည်း အာဆင်နယ်အသင်း တိုက်စစ်မှူး ဟာဗက်ဇ်ရဲ့ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပွဲချိန်အတွင်းမှာ ယူနိုက်တက်အသင်းကို အနိုင်ရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အနိုင် မရယူနိုင်ခဲ့တဲ့အတွက် နည်းပြအာတီတာက စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းအနေနဲ့ ဘယ်လို အ‌ခြေအနေပဲရှိရှိ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကစားခဲ့ တဲ့ပုံနဲ့ တိုက်ပွဲဝင်တဲ့ပုံစံကြောင့် အနိုင်ရဖို့ ထိုက်တန်တယ်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ FA ဖလား စတုတ္ထအဆင့်မှာ နစ္စတယ်ရွိုင်း ကိုင်တွယ်နေတဲ့ လက်စတာအသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: CNA

ပုံ - ယူနိုက်တက်အသင်းကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
1 y - Translate

The Queen of Black Magic (2019)

အင်ဒိုနီးရှားဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက ဒါရိုက်တာ Kimo Stamboel က ရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/ 10 အထိ ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်၊ဇာတ်ကားလေးထဲမှာ ပါဝင်စီးမျှောလိုက်ပါဦး၊ဇာတ်ညွှန်းရေးဆရာ Joko Anwarရဲ့လှည့်ကွက် မြှပ်ကွက်တွေကြောင့်ကြည့်ရှုသူပရိတ်သတ်ကို ထိုင်ရာကနေမထနိုင်အောင်စွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ယ်၊Horror ,Mystery&Thrillerကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေမလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
#horror

image
1 y - Translate

ဖိနပ်ကြောင့် မှတ်ချက်ပေးခံရတဲ့ ပြိုင်ပွဲဝင် လင်းပြည့်ဟိန်းကို ငွေကြေးထောက်ပံ့မှု မဟုတ်တဲ့ အနုပညာနဲ့ ဝန်းရံပေးခဲ့တဲ့ ပိုးမီ 👍
အဆိုတော် ပိုးမီက သူမလိုပဲ အနုပညာလောကကို ဝင်ရောက်လာဖို့ ကြိုးစားနေတဲ့ ပြိုင်ပွဲဝင်တစ်ဦးကို ငွေကြေးဆိုင်ရာမဟုတ်တဲ့ အနုပညာ အထောက်အပံ့နဲ့ ဝန်းရံပေးခဲ့ပါတယ်။ ပြိုင်ပွဲဝင်ဖို့လာတာ လမ်းထိပ်ထွက် ၊ City Mart သွားတဲ့ ဖိနပ်နဲ့ ပြိုင်ပွဲကိုလာပြိုင်တယ်လို့ ဒိုင်ဖြစ်သူ ဇင်အောင်က ဝေဖန်မှတ်ချက်ပြုခဲ့တာပါ။ ဒါကြောင့် ဒီပြိုင်ပွဲဝင်လေးကို အဆိုတော်ပိုးမီက သူမကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ အလိုက်တသိ ဆိုတဲ့သီချင်းကို Cover Song အဖြစ် သီဆို အသံသွင်းပြီးတဲ့အထိ ဝန်းရံကူညီပေးခဲ့တာပါ။ ဒါကတော့ သူမရဲ့ ငွေကြေးဆိုင်ရာထောက်ပံ့မှုမျိုးမဟုတ်ဘဲ သူမအနေနဲ့ ကူညီဖေးမပေးခဲ့တာဖြစ်ပါတယ်။

#crd
#celenews

image
1 y - Translate

Trust because you are willing to accept the risk, not because it’s safe or certain.”
_Anonymous

မိမိကိုယ်တိုင်အဆင်မပြေတဲ့ကြားက သူငယ်ချင်းအဆင်မပြေတာကိုပါ နားထောင်ပေးနေရသောအခါ :

image

Hair Style

1 y - Translate

Hexen Nami

image

Mood 😇

#funny

image
1 y - Translate

"သမီးထိန်းဖေဖေဖြစ်နေတဲ့ အဆိုတော်ရော်ရွက်"

image
1 y - Translate

#လယ်သမားဇာတ်ကားကောင်း
IMDb 7.2 ရထားပြီး အက်ရှင် ဇာတ်ကြမ်း အချစ်အလွမ်းတို
ရောယှက်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်
ရှီဗာဟာ အမိမြေကို အလုပ်အကျွေးပြုချင်လို တပ်ထဲဝင်သွားပေမယ့် လေ့ကျင့်ရေးမှာ
မလိုက်နိုင်တာရယ် အသက်ပြည့်သွားတာရယ်ကြောင့် ဝင်ခွင့်ကျသွားတော့ …
ဘိုးဘွားပိုင် လယ် ၇ ဧကကို အထွက်တိုးအောင်လုပ်ပြီး တိုင်းပြည်ကို
စိုက်ပျိုးရေးနဲ့ အလုပ်အကျွေးပြုဖို ဆုံးဖြတ်လိုက်တယ်
စိုက်ပျိုးတာအောင်မြင်သလောက် ရိတ်သိမ်းရောင်းချဖိုကျ အခက်အခဲရှိတာကို
သိရပြီး စက်ရုံပိုင်ရှင်တစ်ယောက်က သူတိုရွာကိုမှ ခွဲခြားနှိမ်ထားတဲ့ အကြောင်းတစ်ခုကလည်း ရှိနေပြန်တယ်
သူ့အိပ်မက်အကောင်အထည်ဖော်ဖို ကြိုးစားရပုံတွေနဲ့အတူ တစ်ဖက်မှလည်း
ဘေးအိမ်က အထာတွေပေးနေတဲ့ ကောင်မလေးနဲ့ရော ဘယ်လိုဇာတ်လမ်းဆက်မှာလဲ
အချစ်နဲ့ ဘဝ ဘက်မျှမျှ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါကြောင်း
အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alex ~ KKKZ တို ဖြစ်ပါတယ်
Credit...

image