Khine Su Zin shared a post  
1 y

1 y

စရိတ်ငြိမ်း မြန်မာနိုင်ငံသားတွေကိုဘဲ သီးသန့်ခေါ်ပြီး London မှာ ၁၂ ပတ်တာခေါ်ပြီး London School of Economics & Political Science လေ့လာဖို့ ထောက်ပံ့ပေးထားတဲ့ The Charles Wallace Burma Trust Program နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Monthly stipend လည်းပေးအုံးမှာဆိုတော့ လျောက်သင့်ပါတယ်။
ကိုယ်လျောက်လို့အောင်တယ်ဆိုရင်လည်း UK သွားဖို့ Visa အတွက် လည်း ကျောင်းကနေ ပေးမှာမို့ တော်တော်လေးအဆင်ပြေပါတယ်။
Requirement ကရိုးရှင်းပြီးတော့ လွယ်ကူတာမို့ လျောက်ကြပါ။
Email southasiacentre@lse.ac.uk ပို့ပြီးတော့ လျောက်ရမှာဖြစ်ပါတယ်။
Application Form: https://www.lse.ac.uk/.../V2-C....harles-Wallace-Trust
More Information: https://www.lse.ac.uk/.../Cha......./Charles-Wallace-B
Deadline: 30 June 2025

#crd

image
1 y - Translate

တရုတ်ခရီးသွားများက ထိုင်းခရီးစဉ်များကို ဖျက်သိမ်းနေကြ

ထိုင်းနိုင်ငံတွင် လုံခြုံရေးကို စိုးရိမ်‌နေရမှုများကြောင့် လာမည့်တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွက် တရုတ်ခရီးသွားအဖွဲ့များ၏ အစုအပြုံလိုက် ခရီးစဉ်ဖျက်သိမ်းမှုများကို ဟိုတယ်နှင့် လေကြောင်းလိုင်းများ က ကြုံတွေ့လာရသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဟောင်ကောင် သရုပ်ဆောင်အဆိုတော် Eason Chan သည် သူ့ဖျော်ဖြေပွဲသို့ လာရောက်မည့် တရုတ်ပရိသတ်များ၏ လုံခြုံဘေးကင်းမှုကို စိုးရိမ်ခြင်းကြောင့်ဆိုကာ ထိုင်းတွင်ပြုလုပ်မည့် ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့သည်။ တဖန် ဟောင်ကောင်လုံခြုံရေးဗျူရိုသည် အရှေ့တောင်အာရှတွင် ၎င်းတို့နိုင်ငံသားများ အလိ--မ်အညာအလုပ်အကိုင်များဖြင့် မက်လုံးပေး ဖြားယောင်းခံနေရခြင်းကို စုံစမ်းထောက်လှမ်းရန် ယခုသီတင်းပတ်တွင် ထိုင်းနိုင်ငံသို့ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။

ဟောင်ကောင်မှ ခရီးသွားများ ထိုင်းနိုင်ငံတွင် လိ--မ်ညာလှည့်ဖြားခံရခြင်း သို့မဟုတ် ပြ-န်ပေးဆွဲခံရခြင်းမရှိကြောင်း ဟောင်ကောင်လုံခြုံရေးအရာရှိများက အတည်ပြုခဲ့သည်ဟု ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Natthriya Thaweevong က ပြောကြားခဲ့သည်။ ယင်းအဖြစ်မျိုးကြုံခဲ့ရသူများမှာ တောင်အာရှသို့ ကုန်စည်ပို့ဆောင်ရန် ငှားရမ်းထားသည့် နိုင်ငံသားများဖြစ်ပြီး သူတို့သည် ထိုင်းမှတဆင့် မြန်မာဘက်ခြမ်းသို့ ဝင်ရောက်ရန် သိမ်းသွင်းခံခဲ့ရသည်။

လစာများသော အလုပ်အကိုင်အခွင့်အလမ်းများကို မက်လုံးပေး၍ချဉ်းကပ်မှုများကို သတိထားကြရန် သူ့နိုင်ငံသားများကို ဟောင်ကောင်အာဏာပိုင်များက တိုက်တွန်းထားသည်ဟုလည်း သူက ပြောဆိုခဲ့သည်။

အဓိကအားဖြင့် တရုတ်ခရီးသွားအုပ်စုများကို ပစ်မှတ်ထားသော ခရီးသွားနေရာများရှိ ဟိုတယ်များ အထူးသဖြင့် ဘန်ကောက်ရှိ ဟိုတယ်များသည် ခရီးစဉ်ဖျက်သိမ်းမှုများနှင့် စတင်ကြုံတွေ့လာရသည်ဟု ထိုင်းဟိုတယ်အသင်း(THA) ဈေးကွက်ရှာဖွေရေး ဥက္ကဌ Prachoom Tantiprasertsuk က ပြောဆိုသည်။

ခရီးသွားကုမ္ပဏီများသည် ၎င်းတို့၏ ဟိုတယ်နှင့် လေယာဉ်လက်မှတ် ကြိုတင်မှာယူမှုများကို ပယ်ဖျက်နိုင်ဆဲအနေအထားဖြစ်သောကြောင့် ခရီးသွားအဖွဲ့များအပေါ် သက်ရောက်မှုသည် ပိုမိုသိသာထင်ရှားလာသည်ဟု သူက ပြောကြားခဲ့သည်။

တရုတ်မင်းသား ဝမ်ရှင်းကို လူကု-န်ကူး သောဖြစ်ရပ် မတိုင်မီက ထိုင်းနိုင်ငံရှိ ဟိုတယ်များသည် တရုတ်နှစ်ကူးအားလပ်ရက်များအတွင်း အခန်းကြိုတင်မှာယူမှုများအားကောင်းခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ဒေသတိုင်းတွင် မြင့်မား ခဲ့သည်ဟု မစ္စ Prachoom က ပြောဆိုသည်။

ဘန်ကောက်ရှိ ဟိုတယ်များသည် တည်းခိုခနှုန်း ၇၀-၈၀ ရာခိုင်နှုန်းနှင့် ဖူးခက်ကဲ့သို့ အပန်းဖြေနေရာများသည် တည်းခိုခနှုန်း ၈၀-၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု သူက ပြောကြားခဲ့သည်။

Thai Lion Air လေကြောင်းလိုင်းမှ လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲ Nuntaporn Komonsittivate က တရုတ်ခရီးသွားအဖွဲ့များသည် ခရီးစဉ်ဖျက်သိမ်းမှုကို အများအပြားလုပ်ထားခဲ့ကြသည်ဟု ပြောဆိုခဲ့သည်။

image

စရိတ်ငြိမ်း မြန်မာနိုင်ငံသားတွေကိုဘဲ သီးသန့်ခေါ်ပြီး London မှာ ၁၂ ပတ်တာခေါ်ပြီး London School of Economics & Political Science လေ့လာဖို့ ထောက်ပံ့ပေးထားတဲ့ The Charles Wallace Burma Trust Program နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Monthly stipend လည်းပေးအုံးမှာဆိုတော့ လျောက်သင့်ပါတယ်။
ကိုယ်လျောက်လို့အောင်တယ်ဆိုရင်လည်း UK သွားဖို့ Visa အတွက် လည်း ကျောင်းကနေ ပေးမှာမို့ တော်တော်လေးအဆင်ပြေပါတယ်။
Requirement ကရိုးရှင်းပြီးတော့ လွယ်ကူတာမို့ လျောက်ကြပါ။
Email southasiacentre@lse.ac.uk ပို့ပြီးတော့ လျောက်ရမှာဖြစ်ပါတယ်။
Application Form: https://www.lse.ac.uk/.../V2-C....harles-Wallace-Trust
More Information: https://www.lse.ac.uk/.../Cha......./Charles-Wallace-B
Deadline: 30 June 2025

#crd

image

ရှမ်းပြည်နယ်တောင်ပိုင်းကနေ ရန်ကုန်သို့ ပို့ဆောင်မည့်စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်း ဖမ်းမိ

ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ်သိန်း ၆,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် သတင်းအရ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအနီးတွင် တောင်ကြီးမှ အောင်ပန်းဘက်သို့ ဟန်လင်းကျော် မောင်းနှင်ပြီး ယွန်းသီရိကျော် လိုက်ပါလာသည့် TOYOTA MARK II ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားခံများထံမှ သတင်းကွင်းဆက်အရ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ ဇော်ဇော်အောင်(ခ)ထက်အောင် မောင်းနှင်ပြီး သန်းထွန်းနှင့် ကျော်ဝင်း(ခ)ဘလိ တို့ လိုက်ပါလာသည့် CRV မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းမိတရားခံများကို ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ အထက်ပါ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်းအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ကျေးရွာနေ စိုင်းလာ(ခ)ကိုစိုင်း ၏ အစီအမံဖြင့် ကွန်ဟိန်းမြို့နယ်၊ ကာလိကျေးရွာနေ စိုင်းဘမောင်(ခ)ကိုဘ(ခ)စိုင်းယွန်း ထံမှ ဝယ်ယူခဲ့ပြီး လွိုင်လင်မြို့နယ်၊ နောင်လိုင်မူဖိတ်ကျေးရွာနေ စိုင်းထွန်းလှ မှ တောင်ကြီးမြို့သို့ တာဝန်ခံသယ်ဆောင်၍ ဟန်လင်းကျော် နှင့် ယွန်းသီရိကျော် တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းကို ပြန်လည်ရောင်းချခဲ့ကြောင်း၊ ဇော်ဇော်အောင်(ခ)ထက်အောင်၊ သန်းထွန်း နှင့် ကျော်ဝင်း(ခ)ဘလိ တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်းကို တောင်ကြီးမှ ရန်ကုန်သို့ သယ်ဆောင်ခိုင်းခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အသွင်ပြောင်းဌာနေပြည်သူ့စစ်(PNO)အဖွဲ့နှင့်ပူးပေါင်း၍ ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကြီးကျေးရွာတွင် စိုင်းထွန်းလှ အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများလက်ခံ၍ ပြန်လည်ရောင်းချသူများဖြစ်သည့် အောင်ကျော်ဌေး(ခ)ကိုဌေး နှင့် စိုင်းဝေအောင် တို့အား သင်္ဃန်းကျွန်းမြို့နယ်၌လည်းကောင်း၊ ဦးဦးသန့်ဇော် အား တာမွေမြို့နယ်၌ လည်းကောင်း အသီးသီး ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် ဖော်ထုတ်နေကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
1 y - Translate

ဘင်္ဂလားဒေ့ရှ်ပို့ကုန်အခက်ကြုံချိန်အိန္ဒိယကအထည်အလိပ်ကဏ္ဍမြှင့်မည်

အိန္ဒိယနိုင်ငံသည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ အဓိကသွင်းအားစုများအပေါ် အခွန်လျှော့ချခြင်းနှင့် ပြည်တွင်း၌ ထုတ်လုပ်ရန် မက်လုံးများပေးခြင်းဖြင့် လာမည့်နှစ်ဘတ်ဂျက်တွင် ၎င်း၏ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု အစိုးရသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းကြောင့် ကမ္ဘာတစ်ဝန်းရှိ လက်ရှိရောင်းချသူများသည် အထည်ချုပ်တင်သွင်းမှုများအတွက် အိန္ဒိယအပါအဝင် အခြားရွေးချယ်စရာနေရာများကို ရှာဖွေရန် ဖြစ်စေခဲ့သည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ရိုက်တာကို ပြောကြားခဲ့သည်။

“အမေရိကန်ကုမ္ပဏီတွေက အခြားအစားထိုးဖြည့်ဆည်းပေးနိုင်သူတွေကို ရှာဖွေနေတာကြောင့် ပြီးခဲ့တဲ့လအနည်းငယ်မှာ ပို့ကုန်အမှာတွေ အမြန်ပြည့်မီဖို့ အိန္ဒိယပို့ကုန်သမားတွေ ကြိုးစားနေကြရပါတယ်” ဟု အိန္ဒိယအထည်ချုပ်ပို့ကုန်မြှင့်တင်ရေးကောင်စီအထွေထွေအတွင်းရေးမှူး Mithileshwar Thakur က ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အထည်အလိပ်ကဏ္ဍသည် ခန့်မှန်းခြေ လူ ၄၅ သန်းခန့်ကို အလုပ်ပေးထားပြီး အစိုးရသည် အထည်အလိပ်လုပ်ငန်းဝန်ကြီးဌာနအတွက် ဘတ်ဂျက်ခွဲဝေမှုကို လက်ရှိ ရူပီး ၄၄ ဒဿမ ၁၇ ဘီလျံ(ဒေါ်လာ ၅၁၁ သန်း) မှ ၂၀၂၅/၂၆ တွင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် အစိုးရက စဉ်းစားနေသည်ဟု အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောသည်။

အစိုးရသည် အထည်အလိပ်ကဏ္ဍ၏ ထုတ်လုပ်မှုဆိုင်ရာ မက်လုံးပေးမှုများအတွက် ဘဏ္ဍာငွေခွဲဝေချထားပေးမှုကိုလည်း လက်ရှိဘဏ္ဍာနှစ်တွင် ရူပီးသန်း ၄၅၀ ရှိရာမှ သန်း ၆၀၀ ဝန်းကျင်တိုးမြှင့်ပေးနိုင်သည်ဟု သတင်းရင်းမြစ်က ပြောဆိုခဲ့သည်။

အဆိုပါအစီအစဉ်အရ အစိုးရသည် ပြည်တွင်း၌ ထုတ်လုပ်ရန် ရွေးချယ်သော ကုမ္ပဏီများကို အခွန်လျှော့ချခြင်း မက်လုံးများနှင့် လိုက်လျောမှုများပေးမည်ဖြစ်သည်။

image

#ငါးသလဲထိုးအိုးကပ်ချက်နည်း

ချက်နည်း ရေးပေးလိုက်ပါတယ်ရှင့်

ငါးသလဲထိုး ငါးလေးတွေကို သံပရာသီးညှစ်ထည့် ဖွဖွလေး ရေစင်အောင်ဆေးပါ(ငါးသလဲထိုးက ညှီစော်နံတတ်လို့ သံပရာသီးနဲ့ဆေးတာပါ)
ငါးလေးတွေကို ရေဆေးပြီး နနွင်းအနည်းငယ် ဆား ဟင်းခတ်မှုန့် ငရုတ်ကောင်းထည့်နယ် အရသာဝင်အောင် ခဏနှပ်ထား

ဆီပြန်ချက်မှာမို့ ဆီလေးပိုထည့် ကြက်သွန်ဖြူ နနွင်း အရောင်တင်(အစစ်)ထည့် ဆီအရင်သပ်
မွှေးပြီး အရောင်လေးလှလာရင် ခရမ်းချဉ်(2)လုံးလောက်စိပ်ထည့် ဆား ဟင်းခတ်မှုန်ထည့် အဖုံးအုပ် နှပ်ထားပါ
ခရမ်းချဉ်အိပြီး အနှစ်ရရင် ငါးနယ်ပြီးနှပ်ထားတာတွေထည့် ရေလေးအနည်းငယ်ထည့် တချက်လောက် နှံအောင်မွှေပြီး အဖုံးအုပ်နှပ်ထားပါ(ခဏ ခဏ မမွှေပါနဲ့နော် ငါးလေးတွေ ကျေကုန်မှာစိုးလို့)
အနံလေးမွှေးပြီး ဆီပြန် တဖျစ်ဖျစ်မြည်လာရင် ငရုတ်ပွစိမ်းလေးညှပ်ထည့် နံနံပင်အုပ် မဆလာကြိုက်ရင် မဆလာခပ် ငရုတ်ကောင်းခပ် ရပါပြီရှင့်

(၇)ရက်သားသမီးအားလုံး ကျန်းမာစေကြောင်း ဆန္ဒပြုလျှက်

#ဖြိုးလက်ရာငါးသလဲထိုးအိုးကပ်ဆီပြန်

Credit ဖြိုး

image
1 y - Translate

#မင်းသားကြီးဂျက်လီရဲ့ဇာတ်ကားကောင်းလေးပါ
The .Bodyguard. from .Beijing (1994)
ဂျက်လီရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားက
သာမန်သိုင်းချတဲ့အက်ရှင်ကားတွေနဲ့မတူပါဘူး…
မြတ်နိုးရတဲ့အချစ်တစ်ခုအကြောင်းကို စီကုံးပြထားတဲ့ မျက်ရည်ပြဇာတ်တစ်ခုလိုပါပဲ…
ဂျက်လီကလဲ ငယ်သေးသလို အဓိကမင်းသမီး Christy Chung ရဲ့ အလှဆုံးအချိန်မှာ ရိုက်မိထားတဲ့ အချစ်အက်ရှင်ဇာတ်ကားလေးပါ။
သက်တော်စောင့်လို့ပြောလိုက်တာနဲ့ ကျွန်တော်ကတော့ ဒီဇာတ်ကားထဲက ဂျက်လီဇာတ်ရုပ်ကို ပြေးမြင်မိတာပါပဲ။
ကြည့်ရန်
သက်တော်စောင့်တစ်ယောက်ရဲ့ ဟန်ပန်အပြည့်အဝနဲ့ စွန့်စားမှု ပေးဆပ်မှုတွေနဲ့ တစ်ခါကြည့်ဖူးရင် မေ့မရတဲ့ဇာတ်ကားမျိုးပါ။

#credit

image

အံ့ဩဘ

image

hair style

1 y - Translate

နိုင်ငံတကာသတင်းများ

၁။လွှတ်​တော်ကပြစ်တင်ရှုချထား​သောရာထူးမှဆိုင်းငံ့ထားသည့်​တောင်ကိုးရီးယားသမ္မတ၏အမှုကိုဖွဲစည်းပုံအ​ခြေခံဥပ​ဒေခုံရုံးကယ​နေ့စတင်ကြားနာ​သော်လည်းစွပ်စွဲခံရသူသမ္မတမတက်​ရောက်သဖြင့်ကြာသပ​တေး​နေ့တွင်ကြားနာရန်​ရွှေ့ဆိုင်းလိုက်သည်။

၂။အ​မေရိကန်သည်၂၀၂၂ခုနှစ်က​နော့သ်စထရင်း​ရေ​အောက်ဓါတ်​ငွေ့ပိုက်လိုင်း​ဖောက်ခွဲရန်ယူကရိန်းကိုခိုင်း​စေခဲ့ပြီးယခုတူရကီသိုပို​နေသည့်​ရေနံပိုက်လိုင်းစက်ရုံကိုတိုက်ခိုက်ရန်ယူကရိန်းကိုမီးစိမ်းပြခဲ့သည်ဟုရုရှားနိုင်ငံခြား​ရေးဝန်ကြီးကစွပ်စွဲလိုက်သည်။

၃။အီရန်လုံခြုံ​ရေးတပ်ဖွဲသည်ကီလိုမီတာ၂၀၀၀အထက်ပျံသန်းနိုင်ပြီး​ရေဒါဖမ်းမမိသည့်ကိုယ်​ပျောက်ဒရုန်းအစီး၁၀၀၀ကိုလက်ခံရရှိခဲ့​ကြောင်း​ကြေညာသည်။

၄။Tik Tokပိုင်ရှင်တရုတ်ကုမ္ပဏီကအ​မေရိကန်နိုင်ငံတွင်Tik Tokကိုသုံးစွဲခွင့်ပိတ်ခံရမည်ဆိုပါကTik Tokကိုအ​မေရိကန်နည်းပညာသူ​ဌေးကြီးအီလွန်မတ်စ်ခ်ထံ​ရောင်းချနိုင်သည်ဟုဘလွန်းဘတ်သတင်းဌာနက​ဖော်ပြလိုက်သည်။

၅။တက္ကဆက်စ်ပြည်နယ်အုပ်ချုပ်​ရေးမှူးကလက်ရှိသမ္မတဘိုင်ဒင်၏အမိန့်ကိုဆန့်ကျင်ကာထရမ့်ကျမ်းသစ္စာကျိန်ဆိုမည့်​နေ့တွင်အလံများတိုင်ထိပ်တင်လွှင့်ထူရန်အမိန့်ထုတ်လိုက်သည်။

NOM