1 နှစ် - ဘာသာပြန်ပါ။

ပြစ်မှုကျူးလွန်ထားတဲ့သူတစ်ယောက်က
ခွင့်လွှတ်မလား စွန့်လွှတ်မလား ဆိုတဲ့
မေးခွန်းကိုလိပ်ပြာလုံစွာနဲ့နာနာကျင်ကျင်မေး
တယ် ။
စိတ်ကိုခပ်တဲ့ အဆိပ်တစ်ခွက်ပါပဲ ။
မခွဲနိုင်လို့ ချစ်လွန်းလို့ ခွင့်လွှတ်လိုက်မယ် ဆိုရင်တောင် လုပ်ရက်လိုက်တာ ငါ့ကိုမချစ်လို့များလား ဆိုတဲ့အတွေး နဲ့ နောက်တစ်ခါ ထပ်ကျူးလွန်ရင်ရော ဆိုတဲ့ သံသရဟာ ခွင့်လွှတ်ပေးလိုက်သူရဲ့ စိတ်နယ်ပယ်ထဲမှာ သူ့အတွေးတွေကို သေချာပေါက် လှိုက်စား ငြင်းဆဲ နေမှာ ။
နာနာကျင်ကျင်ပဲ
ကိုယ့်ကို နာကျင်အောင်လုပ်တဲ့သူကို စွန့်လွှတ်
နိုင်တာ အောင်မြင်မှု တစ်ခုပဲ လို့တွေးပြီး
စွန့်လွှတ်လိုက်ပြန်တော့လဲ အကြီးမားဆုံး ဆုံးရှုံးမှုကြီးဟာကိုယ်ချစ်မြတ်နိုးရတဲ့သူကို
စွန့်လွှတ်ရခြင်းပါ ။
ဟော
စွန့်လဲမစွန့်လွှတ်နိုင် ခွင့်လဲခွင့်မလွှတ်နိုင် အခြေအနေကြီးကျတော့လဲ သူလဲ အဆင်မပြေ ကိုယ်လဲ အဆင်မပြေ ။ လူနှစ်ယောက်ရဲ့နောက်ကိုသံသရ ဆိုတဲ့ စည်း နဲ့ သိမ်ငယ်မှု ဆိုတဲ့ စိတ်အခြေအနေနှစ်ခုဟာ လိုက်လာတော့မှာ ။
ကျူးလွန်သူအတွက်တော့ ပြီးပြီးရော ဆိုပေမဲ့
ကျူးလွန်ခံရသူအဖို့တော့ သူ့ဘဝဟာ အဆိပ်မိသွားသလိုပါပဲ … အကောင်သေးသေးလေးက
တစ်ဆစ်ဆစ်နာအောင်ကိုက်တယ် ဆိုပေမဲ့
အော်လို့မရတဲ့ အခြေအနေတွေလိုမျိုးပေါ့ ….

1 နှစ် - ဘာသာပြန်ပါ။

ဖားကန့် နွံကန်ပေါက်ကျမှုမှ သေဆုံးသူ ၂၂ ဦး ရှာတွေ့
-------------------
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက် မြေစာ နွံကန် ပေါက်ကျမှုမှာ ဇန်နဝါရီ ၁၅ ရက်၊ မနက်ပိုင်းထိ သေဆုံးသူ ရုပ်အလောင်း ၂၂ လောင်း ရှာဖွေတွေ့ရှိထား တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ဖားကန့်မြို့နယ် ကော်မတီကနေ သိရပါတယ်။

လက်ရှိမှာတော့ နွံကန်ပေါက်ကျမှုဖြစ်တဲ့ နေရာအနီးရှိ လူနေအိမ်ခြေတွေက ရွှံ့နွံတွေကို ဆက်လက်ဖယ်ရှားနေပြီး ပျောက်ဆုံးနေသူတွေကိုလည်း ထပ်မံ ရှာဖွေနေတယ်လို့ ဆိုပါတယ်။ လတ်တလော နွံကန်ပေါက်ကျမှုကြောင့် ပျောက်ဆုံးစာရင်း ပေးထားတာကတော့ ၁၀ ယောက်လောက် ထပ်ရှိနေပြီး ရွှံ့နွံတွေ ဖယ်ရှားရှင်းလင်းပြီးရင်တော့ အလောင်းတွေ ဆက်တွေ့နိုင်သေးတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ဖားကန့်မြို့နယ် ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်အောင်က ပြောပါတယ်။

ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ဇန်နဝါရီ ၁၃ ရက်၊ မနက်အစောပိုင်းက စွန့်ပစ်မြေစာဖိအားကြောင့် မြေအောက်ကနေ ရွှံ့နွံတွေပေါက်ကျမှုဖြစ်ပွားခဲ့ပြီး အနီးရှိ နေအိမ် ၅၀ ကျော်လောက် နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းကလည်း ကချင်ပြည်နယ်၊ ဝှေခါကျေးရွာ က ကျောက်စိမ်းလုပ်ကွက်တစ်ခု ကမ်းပါးပြိုကျမှုမှာ ရေမဆေးကျောက်ရှာဖွေသူ ၁၉၀ ကျော်သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ခြစ်ရာသေးသေး ဆိုပေမဲ့
တစ်ဘဝလုံးစာ နာကျင်ဖို့
လုံလောက်ခဲ့ပါတယ်
ပြောဖူးတယ်မဟုတ်လား
မင်းတို့အတွက် မြူမှုန်ကလေးဟာလဲ
ငါ့အတွက်တော့ ကမ္ဘာကြီးတစ်ခုပါပဲ လို့ ….
#စာတို

ကျောနောက်ဘက်ကြွက်သား နာဗ်၊အရိုး၊အရိုးဆက် ကျောရိုးဆစ် စသဖြင့် တစ်နေရာရာမှ နာကျင်ခြင်းအားလုံး အကျူံးဝင်ပါတယ်
အကြောင်းအမျိုးမျိုးကြောင့် ဆေ:ရုံဆေ:ခန်းဝေးသူ မသွားနိုင်သူများ ယာယီ သ.က်သာလျော့ပါးစေရန် ရည်ရွယ်ပါတယ်။
အိမ်တွင်းဆေ:နည်းတိုကုထုံးများမှ
ဆားကြမ်းနှစ်ခွက်ခန့်ရေချိုးကန်ထဲ ရေနွေးနွေးနှင့်ဖျော်ပြီး မိနစ်(၃၀)ခန့်စိမ်နေပါ။
ဆန်တခွက်စာ အဝတ်ဖြင့် ခြေအိတ်သန့်သန့်ထုပ်ပြီးခံနိုင်ရုံ ကြပ်ထုပ်ထိုးပေးပါ။
ရေခဲထုပ်
နာကျင်ကို*က်ခဲသည့် နေရာကို ရေခဲထုပ်
ဖြင့် (၁၅)မိနစ်ခန့် ကပ်ပေးပါက အနာလျော့စေသည့်အပြင် ရောင်ရမ်းတာကိုသ.က်သာစေသည်။
မုန်ညင်းဆီကို ကြက်သွန်ဖြူ(၁၀)တက်ခန့်ထည့်ပြီးအပူပေးပါ။ အအေးခံပြီး နာသည့်နေရာ လိမ်းပေးပါ။
ချင်းတက်ပါးပါးလှီး ရေဆူဆူတွင်ထည့်မိနစ်(၃၀)ခန့်ကျို အအေးခံပြီး
ပျားရည်ထည့်သောက်ပါ။
ကြက်သွန်ဖြူအဆီကို နာသည့်နေရာတွင်လိမ်းပါ။ နေ့စဉ် ကြက်သွန်ဖြူ နှစ်မွှာသုံးမွှာ စားပေးပါ။
(ကြက်သွန်ဖြူအဆီပြုလုပ်ရန်)
မုန်ညင်းဆီ နှမ်းဆီတွင် ကြက်သွန် ဖြူ(၁၀)မွှာခန့်ထည့် မီးအေးအေးဖြင့်ကြက်သွန်ဖြူညိုလာသည်ထိကြော်ပေးပါ၊အအေးခံပုလင်းနှင့်သိမ်းပြီးလိမ်းနိုင်ပါသည်။ ရေနွေးနှင့်သာရေချိုးပါ။ နှစ်ပတ်ခန့် ဆက်တိုက်လိမ်းကြည့်ပါ။
ချင်းအမှုန့်ကို ရေနဲ့ပျစ်ပျစ်ဖျော်ပြီး
နာသည့်နေရာလိမ်းပါ။ (၁၅)မိနစ်ထားပြီးမှ‌ ကျောကို ယူကလစ်ဆီလိမ်းပါ။
သံပုရာသီးတစ်လုံး အရည်ကိုဆားနည်းနည်းထည့် တစ်နေ့ ၂-ကြိမ်သောက်ပါ။
အကြောအဆစ်ရောင်ခါးနာဖြစ်က
မုန်ညင်းဆီ နှမ်းဆီကို မီးဖြင့်ချက် လိမ်းပေးပါ။
သ*က်ရင်းကြီးမြစ် သွေ:လိမ်းပါ။သ*က်ရင်းကြီးရွက်ကို အိပ်ရာအောက် ခင်းအိပ်ပါ။
ကျောက်ကပ်ခါးနာဖြစ်က
တောဇီးဖြူပင်၊ ထိကရုံးပင်ပြုတ်သောက်ပါ။
ကျောက်ဖရုံသီး ဟင်းချိုချက်သောက်ပါ။
ကျီးပေါင်းခါးနာဖြစ်က
မိဿလင်ကိုအမှုန့်ပြု အထုပ်ထုပ်၍ကြပ်ထုပ်ထိုးပါ။
ချင်းခြောက် အမှုန့်နှစ်ဆ၊ လင်းလေအမှုန့် တစ်ဆ ရောစပ်ပြီး ရေနွေးဖြင့်ဖျော်စပ်ပြီး လိမ်းပါ။
မိဿလင်ဥအစိုကို ထု‌ထောင်း၍အရ*က်ဦးရည်ဖြင့် စိမ်ထားပြီး လိမ်းပေးပါ။
ဝံအူမြစ်တောရှောက်မြစ် နှစ်မျိုးကိုသွေ:လိမ်းလျှင် သ*က်သာစေသည်။
ဆားခါးအမှုန့်ကို အထုပ်ထုပ်၍ ကြပ်ထုပ်ထိုးပေးပါ။

image
1 နှစ် - ဘာသာပြန်ပါ။

#ငါးဖောင်ရိုးအစိုချဉ်စပ်ချက်နည်း
==============
-ငါးဖောင်ရိုးကို အကြေးထိုး၊ခေါင်းဖြတ်၊အူထုတ်၊
သန့်စင်ရေဆေးပြီး ဆား၊နနွင်းမှုန့်၊ငံပြာရည်အချို တို့နဲ့နယ်ထားပါ။
ချဉ်စော်ကားသီးကို ရေနည်းနည်းနဲ့ပြုတ်ထားပါ။
(မန်ကျည်းသီးမှည့်ကိုသုံးလည်းရပါတယ်)
-ဂျင်း၊ကြက်သွန်ဖြူ +နီ ၊ ငရုတ်သီးစိမ်း ၊
ငရုတ်သီးခြောက်တို့ကိုရောထောင်းပါ။
-အိုးထဲကို ဆီနည်းနည်းထည့်ပြီး
ဆီပူလာရင် ငရုတ်သီးဆီသတ်ပါ။
အနံ့မွှေးပြီး ငရုတ်သီးခြောက်လာရင် ငါးထည့်မွှေပါ။
-လက်ဆေးရည်လေးထည့်ပြီး အဖုံးအုပ်တည်ပါ။
ရေခမ်းရင် ချဉ်စော်ကားသီးရည် ထည့်ပါ။
-အရည်ဆူလာရင် အပေါ့အငံမြည်းပြီး
ပင်စိမ်းရွက်အုပ်လိုက်ပါ။
ပင်စိမ်းရွက်အစား နံနံပင်၊ရှမ်းနံနံတို့ကိုသုံးနိုင်ပါတယ်။

Credit: အန်တီလော်ရာရဲ့ဟင်းချက်နည်းများ

image

image

သွင်းဂိုးတွေက မာဆေးလ်မှာ မိမိဦးစားပေးမဟုတ်ဘူးလို့ ဂရင်းဝုဒ်ပြော

ဇန်နဝါရီ ၁၅

ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်က သွင်းဂိုးတွေက မာဆေးလ်အသင်းမှာ သူ့ရဲ့ဦးစားပေး မဟုတ်ဘဲ ပွဲတိုင်းကို အနိုင်ယူချင်တယ်လို့ ပြောခဲ့ပါတယ်။

ဂရင်းဝုဒ်က “သွင်းဂိုးတွေနဲ့ အသင်းကို ပံ့ပိုးပေးနိုင်လို့ ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ဒါပေမယ့် ဂိုးမသွင်းနိုင်ရင် လည်း ကျနော် ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ပွဲရယူနိုင်သရွေ့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ကျနော် ပွဲတိုင်းကို အနိုင်ယူချင်တယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက အငှားကစားခဲ့တဲ့ ဂီတာဖေးအသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂရင်းဝုဒ်ကို မာဆေးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကနေ ပေါင် ၂၃ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းမှာ ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၁၂ ဂိုးအထိ သွင်းယူ ထားတာပါ။

ဂရင်းဝုဒ်ဟာ ဒီဇင်ဘာအတွက် ပြင်သစ်လီဂူး-၁ ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိထားတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ မာဆေးလ်အသင်းက ရန်းစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။

ဒါပေမယ့် ဂရင်းဝုဒ်ဟာ သွင်းဂိုးတွေ သွင်းယူနိုင်တာထက် မာဆေးလ်အသင်းနဲ့ ဆုဖလား အောင်မြင်မှုတွေကို ပိုပြီးရယူချင်နေတာ ဖြစ်ပါတယ်။

မာဆေးလ်အသင်းဟာ ဒီရာသီ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ၁၇ ပွဲ ကစားထားပြီး ရမှတ် ၃၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေကာ အဆင့် ၁ နေရာက ပီအက်စ်ဂျီအသင်းနဲ့ ၇ မှတ်ကွာဟနေတာပါ။

ဂရင်းဝုဒ်ဟာ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ၁၁ ဂိုး သွင်းယူထားတာကြောင့် ဂိုးသွင်း အများဆုံးစာရင်းမှာ လိုင်လီအသင်း တိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်နဲ့အတူ ထိပ်ဆုံးနေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ဂရင်းဝုဒ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
1 နှစ် - ဘာသာပြန်ပါ။

ဖားကန့်မြို့တွင် ကျောက်စိမ်းတူးဖော်သည့် နွံကန်ပြိုကျမှုကြောင့် သေဆုံးသူကလေးရုပ်အလောင်းများ အပါအဝင် စုစုပေါင်းအလောင်း (၂ဝ) ရှာဖွေတွေ့ရှိ

ဇန်နဝါရီ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာတွင် ကျောက်စိမ်းတူးဖော် သည့် နွံကန်ပြိုကျမှုကြောင့် သေဆုံးသူကလေးရုပ်အလောင်းအပါအဝင် စုစုပေါင်းအလောင်း (၂ဝ) ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက် နံနက် ၁ နာရီကျော်တွင် ဆိုင်းတောင်စပေါ့ကျေးရွာသို့ နွံကန်ပေါက်ကျ၍ နေအိမ် အများအပြားနစ်မြုပ်ခဲ့ရပြီး သေဆုံးသူများလည်းရှိသလို ထိုဖြစ်စဉ်နေရာသို့ ကူညီကယ်ဆယ်ရေးများ ရောက်ရှိလာပြီး ရှာဖွေမှုများပြုလုပ်ရာ ထိုနေ့တွင် ကလေး (၄) လောင်းနှင့် လူကြီး (၈) လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်း ဆက်လက်ရှာဖွေရာ ကလေး (၁) လောင်းနှင့် လူကြီး (၅) လောင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယနေ့ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း ရုပ်အလောင်း (၂) လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့သိရသလောက်ကတော့ အဲ့ရွာက မိန်းကလေး (၃) ဦးကတော့ အသက်ရှင်စွာတွေ့တယ်။ သူတို့ မိသားစုတွေကတော့ အသက်ဆုံးရူံးတယ်။ အဲ့မိန်းကလေး (၃) ဦးထဲကနေ (၁) ဦိးကတော့ ဒဏ်ရာရလို့ ဆေးရုံတင်ထားရတယ်။ ဘက်ဟိုးကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ရှာဖွေနေတယ်” လို့ မြေပြင်းအားကူညီကယ်ရေးများ ပြုလုပ်နေသည့် လူမှုကူညီရေးထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်စိမ်းတူးဖော်သည့် နွံကန်ပြိုကျမှုကြောင့် လူနေအိမ် (၅၀) ကျော် ရွှံ့ထဲနစ်မြုပ်သလို လူ ( ၁၀၀) ကျော်လည်းပျောက်ဆုံးနေကြောင်းလည်း သိရသည်။

#centralnewsnaypyiyaw

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

Mononokoe အကြောင်း စပြောရမယ်ဆိုရင် သူ့ရဲ့ အံ့သြဖွယ်ရာ Art Style တွေပဲ ဖြစ်ပါတယ်။

Mononoke the Movie: The Phantom in the Rain (2024)



ပုံမှန် Anime နဲ့ မတူပဲ အရောင်တွေစုံလင်ပြီး ကြည့်နေရတာ လှုပ်ရှားနေတဲ့ ရေဆေးပန်းချီကားချပ်တွေလိုပါပဲ။

မကြည့်တတ်တဲ့လူတွေအတွက်တော့ နည်းနည်းခေါင်းမူးစရာ ဖြစ်နေမလားတော့ မသိပါဘူး။

ကဲ Mononoke ရဲ့ အကြောင်းပြောရမယ်ဆို သူက Supernatural စီးရီးက ညီအစ်ကိုနှစ်ကောင်လို

ဆရာမ ဒဂုန်ခင်ခင်လေးရဲ့ မှော်ဆရာမှတ်တမ်းထဲက အထက်လမ်းအပနှင်ဆရာတွေလိုပဲ

ဒီထဲက ဘဲကြီးကလည်း ဆေးကုန်သည်အဖြစ် ရွာရိုးကိုးပေါက် လျှောက်သွားပြီး

ပရလောက ဖြစ်ရပ်ဆန်းကြယ်တွေကို လိုက်လံဖြေရှင်းပေးတဲ့လူပါ။

သူ့ဆီမှာ ထူးဆန်းတဲ့ ဓားတစ်ချောင်း ရှိနေပြီး အဲဒီ ပရလောကသားတွေကို နှိမ်နှင်းဖို

“သွင်ပြင်သဏ္ဍာန်” “အမှန်တရား” “အကြောင်းရင်း” ဒီ အချက် ၃ ချက်နဲ့ ပြည့်စုံမှ ဓားကို ကိုင်စွဲပြီး သုတ်သင်ဖြေရှင်းပေးတာပါ။
ဒီရုပ်ရှင်မှာကျ ဇာတ်လမ်းက ဂျပန်ရှေ့ခေတ်နန်းတွင်း အပျိုတာ်အတွင်းဆောင်တစ်ခုမှာ အခြေခံထားတာပါ။

image
1 နှစ် - ဘာသာပြန်ပါ။

EARTH Chem Pirepala Insect Repellent Mothballs (Floral) 24pcs/Pack
စျေးနုန်း ၅၀၀၀ကျပ်.
ပိုးမွှား. မှို ရှင်း ရနံ့မွှေး ပရုပ်လုံး
ဂျန်နိုင်ငံမှထုတ်လုပ်တင်သွင်းသော ပစ္စည်းဖြစ်လို့ အရည်သွေးကောင်းပြီးစိတ်ချစွာသုံးနိုင်ပါသည်။
အခန်းအတွင်း ဗီဒိုနှင့် အဝတ်အကန့်များရှိ အနံဆိုး ပိုးမွှား နှင့်မှိုများကို ဖယ်ရှင်းပေးပြီး သင်းရနံ့မွှေးပျံ့စေပါသည်။
ပရုပ်လုံးသေးများပါဝင်သော အထုပ်သေး ၂၄ ထုပ်ပါဝင်ပြီး ၁ထုပ်ကို ၁၂လအထိအသုံးခံပါသည်။
သီးသန့်ချိတ်ဆွဲစရာမလိုပဲ အဝတ်စားများကြား အံဆွဲအတွင်း နှင့်အခန်းတွင်း အလျင်းသင့်သလို့ထားနိုင်သည်။
အဝတ်အစားများကို စွန်းထင်းစေခြင်းမရှိပဲ သန့်ရှင်းမွှေးကြိုင်မှုကိုပေးပါသည်။
ကလေးငယ်များနှင့် ကျန်းမာရေးမကောင်းသူများအတွက်လည်း ဆိုးကျိုးသက်ရောက်မှုမရှိပဲ အဝတ်ဝတ်ဆင်တဲ့အခါ စိတ်ကြည်လင်တက်ကြွမှုကိုလည်းရရှိမှဖြစ်ပါတယ်။
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း ၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.shop.com.mm/shop/zaycho

image