1 နှစ် - ဘာသာပြန်ပါ။

🌺🌺တောင်ဇလပ် ပန်းလေးတွေ ရှိတဲ့ 🌺🌺🌺
ဒီနေရာလေးကို ရောက်ဖူးချင်သေးတယ်...
အရှေ့မြင် အနောက်မြင် တောင် (၇၇၅၂ ပေ)
ရွာငံ (မြစေတီ ရွာ)
#သွားမယ်&တည်းမယ်

image
1 နှစ် - ဘာသာပြန်ပါ။

🌺🌺တောင်ဇလပ် ပန်းလေးတွေ ရှိတဲ့ 🌺🌺🌺
ဒီနေရာလေးကို ရောက်ဖူးချင်သေးတယ်...
အရှေ့မြင် အနောက်မြင် တောင် (၇၇၅၂ ပေ)
ရွာငံ (မြစေတီ ရွာ)
#သွားမယ်&တည်းမယ်

imageimage
+7

1 နှစ် - ဘာသာပြန်ပါ။

#ပုဇွန်ချဉ်ထမင်းကြော်

ပုဇွန်ချဉ်လေးတွေကိုအတုံးလေးလှီးထားပြီး ဆား အချိုမှုန့်လေးနဲ့နယ်ထားပေးပါ။ ထမင်းကိုချေ သကြား ခရုဆီ ကြက်သားမှုန့် ဆနွင်းအနည်းငယ်ထည့်ပြီး နယ်ထားပေးပါ။ ( ဆနွင်းကမထည့်လည်းရပါတယ် ကိုယ်ဆိုထည့်ဖူး မကြိုက်လို့ )

ဆီထည့် ဘဲဥ တစ်လုံး ဖောက်ထည့်ပြီး မွှေ ပြီးမှ ထမင်းချေထားတာထည့် ၃မိနစ်လာက်မွှေပေးပြီးရင်တော့ ပုဇွန်ချဉ်လေးတွေထည့်။ ထမင်းကြော်အနံ့လေးသင်းလာပြီဆို စားလို့ရပါပြီနော်။ အီမှာလည်းမစိုးရိမ်ရတော့ဖူး ပုဇွန်ချဉ်လေးနဲ့ဆိုတော့။ ရေနွေးကြမ်းလေးနဲ့ဆို ရှယ်ဘဲ …

image
1 နှစ် - ဘာသာပြန်ပါ။

လုံခြုံရေးစိုးရိမ်၍ တရုတ်ခရီးသွားများ ထိုင်းခရီးစဉ်များကို ဖျက်သိမ်း

ဘန်ကောက်၊ ဇန်နဝါရီ ၁၅

ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံသားများ လူကုန်ကူးခံရမှုများ ဖြစ်ပွားနေပြီး လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေများ ကြောင့် တရုတ်ခရီးသွားအဖွဲ့များသည် ထိုင်းခရီးစဉ်များကို ဖျက်သိမ်းနေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။

ပုံမှန်အားဖြင့် တရုတ်နှစ်သစ်ကူး အားလပ်ရက် ကာလတွင် တရုတ်ခရီးသွားအဖွဲ့များသည် ထိုင်းကို လာရောက် လေ့ရှိသော်လည်း ယခုနှစ်တွင် ဟိုတယ်ဘွတ်ကင်(ဘိုကင်) တင်မှုများနှင့် လေယာဉ်လက်မှတ် ဝယ်ယူမှု အများအပြားကို ပြန်လည်ဖျက်သိမ်းနေကြသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဟောင်ကောင် အဆိုတော်နှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည့် အာဆန်ချန်း (Eason Chan) သည် ထိုင်းနိုင်ငံတွင် ဖျော်ဖြေရန် စီစဉ်ထားသည့် ရှိုးပွဲကို ဖျက်သိမ်းခဲ့သည်။

အာဆန်ချန်းက ၎င်း၏ရှိုးပွဲကိုကြည့်ရန် ထိုင်းသို့ တရုတ်နိုင်ငံသားများ လာရောက်မည်ဆိုပါက ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း ပြောကြားခဲ့ကာ ရှိုးပွဲကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

မကြာသေးမီကလည်း တရုတ်နိုင်ငံသားများသည် လူကုန်ကူးခံခဲ့ရသည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဟောင်ကောင်အာဏာပိုင်များက ယခုသီတင်းပတ် အစောပိုင်းအတွင်း ထိုင်းသို့ အထူးတာဝန်အဖွဲ့အဖြစ် လုံခြုံရေး ဗျူရို(S ကို စေလွှတ်ထားသည်။

ထိုင်းတွင် တရုတ်နိုင်ငံသားများ ပြန်ပေးဆွဲ ခံရခြင်း မရှိသော်လည်း လူမှောင်ခို ကူးသူများသည် တရုတ်နိုင်ငံသား များကို ထိုင်းနယ်စပ်မှဖြတ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်ခဲ့ကြကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစားရေးရာဌာနမှ အမြဲတမ်းအတွင်းဝန် နတ်သရီယာ သာဝီဗွန် (Natthriya Thaweevong) က ပြောကြား ခဲ့သည်။

ဟောင်ကောင် ဒေသခံများအနေဖြင့် အလွန်များပြားသည့် လစာငွေဖြင့် ကမ်းလှမ်းပြီး အလုပ်ခေါ်မည်ဆိုပါက သတိထားကြရန်နှင့် ထိုအလုပ် ခေါ်ယူမှုများသည် အလိမ်အညာများ ဖြစ်နိုင်ကြောင်း ဟောင်ကောင် အာဏာပိုင် များက သတိပေးထားသည်။

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းရဲတပ်ဖွဲ့သည် ခရီးသွားများအတွက် ဘေးကင်းလုံခြုံရေး အစီအမံများကို မြှင့်တင် ထားပြီး ၂၄ နာရီ အကူအညီပေးနေကြောင်း ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ဟောင်ကောင် အာဏာပိုင် များကို စိတ်ချစေရန် ပြောကြားထားသည်ဟု နတ်သရီယာက ပြောကြားခဲ့သည်။

လက်ရှိတွင် ထိုင်းဟိုတယ်များအသင်း (THA) ၏ မားကက်တင်းဥက္ကဋ္ဌ ပရာချွမ် တန်တီပရာဆတ်ဆွတ် (Prachoom Tantiprasertsuk) ကမူ ယခင်က တရုတ်ခရီးသွားအဖွဲ့များအကြား တည်းခိုလေ့ရှိသည့် ဟိုတယ်များတွင် အခန်းဘွတ်ကင် တင်ထားမှုများကို ခရီးသွားများဘက်မှ ဖျက်သိမ်းမှုများ ရှိနေကြောင်း ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - တရုတ် ခရီးသွားများကို တွေ့ရစဉ်

#centralnewsnaypyitaw

image

တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၂၆ ဦးကို စိစစ်ပြီး ၉ ဦးအား အမှုဖွင့်၊ ၆ ဦးကို တရားစွဲဆို တင်ပို့

ဇန်နဝါရီ ၁၅


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၂၆ ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူပုဂ္ဂိုလ် ၉ ဦးအား အမှုဖွင့် အရေးယူထားပြီးဖြစ်သကဲ့သို့ ၆ ဦးအား တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
1 နှစ် - ဘာသာပြန်ပါ။

ကိုင်ဟာဗက်ဇ်ဟာ ယူနိုက်တက် ကို ရှူံးလို့ ထွက်ခဲ့ရတဲ့ FA ဖလားပွဲစဉ်မှာ အာဆင်နယ်အတွက် ဗီလိန် ဖြစ်ခဲ့ရပါတယ် ။ ပွဲချိန်တွင်း အပိုင်အခွင့်အရေး အပြင် အဆုံးအဖြတ် ပင်နယ်တီကိုလည်း ဝင်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး ။ ဒါကိုပဲ အာဆင်နယ် ပရိတ်သတ်တွေ ကတော့ ဟာဗက်ဇ် အပေါ် အခဲမကြေ ဖြစ်နေခဲ့ရာကနေ သူ့ရဲ့မိသားစုသာမက ကိုယ်ဝန်လွယ်ထားရတဲ့ ဇနီးရဲ့ ရင်သွေးလေးကိုတောင် ရန်ရှာနေကြပြီ ဖြစ်ပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုင်းဟာဗက်က သူ့ရဲ့ လွဲချော်မှု ဟာ သူ့ရဲ့မဟေသီတင်မဟုတ်ပဲနဲ့ ဗိုက်ထဲ မှာပဲ ရှိသေးတဲ့ ရင်သွေးလေးကိုတောင် အသက် အန္တရာယ် ပြု အခြိမ်းခြောက်ခံနေရတယ်လို့ ထုတ်ပြောလာပါတယ်။ ဇနီးဖြစ်သူရဲ့ IG ကိုလည်း " ကိုယ်ဝန် ပြ-တ်ပါစေ.. ၊ အိမ်ထိလာပြီး မင်း ကလေးကို tat ပစ်မယ် " စတဲ့ message တွေ အဆက်မပြတ် ပို့နေကြောင်း ဝန်ခံလာခဲ့ပါတယ် ။

ဟာဗက် ကို အပြစ်တင် ဝေဖန် ရင်တောင် လက်ခံလို့ ရနိုင်ပေမယ့် လူမဖြစ်သေးတဲ့ ရင်သွေးလေးကို ခြိမ်းခြောက်တာတော့ တကယ့်ကို စိတ်ပျက်စရာ Toxic fan တွေလို့ သတ်မှတ်ရမှာ ဖြစ်ပြီး တစ်ဦးတစ်​ယောက်တည်းမဟုတ်ဘဲ အသင်းလိုက် ကစားတဲ့ ဘောလုံးမှာ အနိုင် အရှုံးဆိုတာ ရှိစမြဲမို့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဟာ ဘောလုံးအားကစား ကို များစွာ အရုပ်ဆိုး အကျည်းတန်စေမှာ ဖြစ်ပါတယ် ။

image
1 နှစ် - ဘာသာပြန်ပါ။

55 Cancri e လို့သိပ္ပံနာမည်ပေးထားတဲ့ ဒီဂြိုလ်ကြီးကို ၂၀၀၄ ခုနှစ်က ရှာတွေခဲ့တာဖြစ်ပြီးတော့
ကျနော်တို့ ကမ္ဘာထက် နှစ်ဆကြီးသလို အလေးချိန်က ရှစ်ဆပိုလေးပါတယ် ။
အဲ့ဒီဂြိုလ်ကြီးမှာ တစ်နေ့တာ ကြာချိန်က ၁၈ နာရီရှိပြီးတော့ အပူချိန်ကတော့ 3,600° F အထိရှိပါတယ် ။
ဒီဂြိုလ်ကြီးမှာရှိနေတဲ့ စိန်တွေရဲ့ခန့်မှန်းတန်ဖိုးက လက်ရှိဒေါ်လာပေါက်စျေးနဲ့ဆိုရင် 26.9 nonillion dollars အထိတန်ကြေးရှိမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ် ။
( 1 nonillion ဆိုတာ 1 နောက်မှာ သုံည အလုံး ၃၀ ရှိပါတယ် )

image
1 နှစ် - ဘာသာပြန်ပါ။

ရုရှား-တရုတ်ပူးပေါင်းမှု ကမ္ဘာ့တည်ငြိမ်ရေးအတွက် အဓိကကျ

မော်စကို၊ဇန်နဝါရီ ၁၅

ရုရှားနှင့်တရုတ်ကြားဆက်ဆံရေးတည်ငြိမ်မှုသည် ကမ္ဘာတစ်ဝန်း တင်းမာမှုများမြင့်တက်လာနေချိန်၌ မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်က ၎င်း၏နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်ဟုသိရသည်။

ရုရှားနှင့်တရုတ်ကြားရှိ မိတ်ဖက်ဆက်ဆံရေးသည် ခေတ်မီနိုင်ငံတကာဆက်ဆံရေးတွင် အဓိကတည်ငြိမ်စေမည့် အချက်တစ်ချက်ဖြစ်ကြောင်းလည်း ၎င်းကမှတ်ချက်ပြု ပြောကြားခဲ့သည်။

ဝါရှင်တန်နှင့်နေတိုးအဖွဲ့အပါအဝင် ၎င်းတို့၏မဟာမိတ်များသည် ကမ္ဘာလုံးဆိုင်ရာတင်းမာမှုများနှင့် ထိပ်တိုက်ရင်ဆိုင်ရမှုများမြင့်တက်လာစေရန် ပြုလုပ်လျက်ရှိပြီး သဘောထားကွဲလွဲမှုများဖြစ်စေကာ ဥရောပနှင့်ကျန်နေရာများတွင်ပါ ပြဿနာကိုဖန်တီးလျက်ရှိသည်ဟုလည်း လားရော့ဗ်ကပြောကြားခဲ့သည်။

“နိုင်ငံတကာအရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊မိတ်ဖက်ဆက်ဆံရေးနှင့် အနာဂတ်အစီအစဉ်တွေက အရေးပါပြီး အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

image
1 နှစ် - ဘာသာပြန်ပါ။

အာလူးဆနွင်းမကင်း ပြုလုပ်နည်း

အာလူး......၈၀ကျပ်သား
အုန်းသီး (အေသး).....၁လုံး(အမှုန့်ခြစ်)
အုန်းသီး ကြီးရင် ၁ခြမ်းပဲထည့်ပါ
သကြား.. ...၂၅ကျပ်သား
ထောပတ်.. ...၁၅ကျပ်သား
ဂျုံမှုန့်.....၁၅ကျပ်သား
အုန်းနို့.....ဘူးသေးတ၀က်
နို့မှုန့်......၂ထုပ်(အေသး)
ဆား.....၁ဇွန်း (လက်ဖက်ရည်ဇွန်း)
ဘိန်းစေ့.. ...အနည်းငယ်

အာလူးကို နူးအိအောင်ပြုတ် အခွံခွာပြီး
ကျေအောင်ချေထားပါ(ကြိတ်စက်နဲ့လဲရပါတယ်)
ချေထားတဲ့ အာလူး +အုန်းသီးအမှု့န်+
သကြား+ ထောပတ် +ဂျုံ +ဆား+အုန်းနို့
နို့မှုန့် အားလုံးသမအောင် ရောနယ်ပါ
ထောပတ်သုတ်ထားတဲ့ဘန်း ၉"+၁၁"ထဲ
ထဲ့ အပေါ်ယံညီအောင် ထောပတ်ထပ်ဆမ်းပြီး ညှိပေးပါ ပြီးမှ ဘိန်းစေ့ဖြူးပြီး
အပူချိန် ၂၀၀ံ စင်တီဂရိတ် မိနစ် ၄၀
အပေါ်မီးများများ အောက်မီးနဲနဲ နဲ့ မုန့်ဖုတ်လိုက်ရင်ရပါပြီ
အအေးခံပွှီး ကြိုက်တဲ့ပုံစံ
ဖြတ်လို့ရပါပြီ။

image