ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၂၀၂၀ရွေးကောက်ပွဲအရှုံးကိုပြောင်းလဲရန်_အကြမ်းဖက်လှုံ့ဆော်ရာတွင်_ထရမ့်ပါဝင်ခဲ့
----------------------------------------------------------------------------------
အမေရိကန်ရှေ့နေချုပ် မားရစ် ဂါလန်က ဒေါ်နယ်ထရမ့်ကို စုံစမ်းစစ်ဆေးမှုနဲ့
၂၀၂၀ ရွေးကောက်ပွဲကို လွှမ်းမိုးဖို့ ကြိုးပမ်းမှုများဆိုင်ရာ အထူးအစိုးရရှေ့နေ ဂျက်စမစ်ရဲ့ အစီရင်ခံစာကို ဒီနေ့ လူသိရှင်ကြား ထုတ်ပြန်လိုက်ပါတယ်။
ရွေးကောက်ခံသမ္မတရဲ့ ရာဇ၀တ်မကင်းတဲ့ ကြိုးပမ်းမှုတွေနဲ့ စုံစမ်းစစ်ဆေးမှုအပေါ် တရားရေးဌာနရဲ့ ယုံကြည်မှုကို ပြသလိုက်တာပါ။
ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တုန်းက ရလာဒ်ကို လွှမ်းမိုးဖို့ မကြုံစဖူး ရာဇ၀တ်မကင်းတဲ့ ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တယ်လို့ အထူးအစိုးရရှေနေ ဂျက်စမစ်က အစီရင်ခံစာထားပါတယ်။
၂၀၂၁ ဇန်နဝါရီ ၆ ရက် အဓိကရုဏ်းတွေမှာ ထရမ့်ဟာ သူ့ထောက်ခံသူတွေကို ရုပ်ပိုင်းအကြမ်းဖက်မှုတွေ ကျူးလွန်ဖို့ လှုံ့ဆော်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်ခံရတယ်ဆိုတဲ့ ဇာတ်လမ်းအမှားကို မဟုတ်မှန်းသိသိနဲ့ ဖြန့်ခဲ့တယ်လို့ စမစ်က ဆိုထားပါတယ်။
ဒါပေမယ့် အဲဒီလို ၂၀၂၁ တုန်းက ထရမ့် အာဏာရအောင် ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ရုံးတင်စစ်ဆေးဖို့ ကြိုးပမ်းမှုတွေဟာ ၂၀၂၄ နိုဝင်ဘာမှာ ပြန်အရွေးခံရပြီးနောက် ပျက်ပြားသွားခဲ့တယ်လို့ တရားရေးဌာနက အခုထုတ်ပြန်လိုက်တဲ့ စမစ်ရဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။
ထရမ့်ရဲ့ ပူးပေါင်းကြံစည်သူတွေအပေါ် စွဲချက်တင်ရင် တရားမျှတနိုင်တယ် သူတွေ့ရှိခဲ့ပေမယ့် အပြီးသတ် ကောက်ချက်မချနိုင်ခဲ့ဘူးလို့ စမစ်က ပြောပါတယ်။ အကြောင်းကတော့ နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် စမစ်ဟာ ရာထူးမှ နုတ်ထွက်ခဲ့လို့ပါ။
တကယ်တော့ သမ္မတရာထူး ပြန်ရတော့မယ့်ထရမ့်အတွက် တရားခွင်မှာ ပြစ်ဒဏ်ချမှတ်ခံရဖို့နဲ့ စွဲချက်တင်နိုင်ဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေ လုံလောက်တယ်လို့ အကဲဖြတ်ထားတယ် ဆိုပါတယ်။
အပြာမယ် စထရွမ်မီ ဒယ်နီယယ်ကို နှုတ်ပိတ်ခငွေပေးတဲ့ မှတ်တမ်းတွေ အတုလုပ်မှုနဲ့ ထရမ့်ကို စီရင်ချက်ချပြီးနောက် ရက်ပိုင်းအကြာမှာ စမစ်အစီရင်ခံစာ ထွက်လာတာပါ။
ထရမ့်ဟာ အထူးအစိုးရရှေ့နေ စမစ်ကို တစိုက်မတ်မတ် ဝေဖန်ခဲ့ပြီး သူ့ကိုဆန့်ကျင်အမှုလိုက်တဲ့စမစ်ကို ရာဇဝတ်ကြောင်း စွဲချက်တင်သင့်တယ်လို့ မဟာမိတ်တွေက ထရမ့်ကို အကြံပေးထားပါတယ်။
စမစ်ရဲ့ အစီရင်ခံစာကို ထရမ့်က စိတ်ပျက်စရာလို့ ပြောပြီး အတုအယောင်တွေ့ရှိချက်တွေလို့ ဝေဖန်ခဲ့ပါတယ်။
အစီရင်ခံစာနဲ့အတူ ထရမ့်ရှေ့နေတွေဆီကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၆ ရက်စွဲနဲ့ တရားရေးဌာနကို ပေးပို့ထားတဲ့ စာတစ်စောင်ကိုပါ တရားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ စာထဲမှာ စမစ်လုပ်ခဲ့တာ ဘိုင်ဒင်အစိုးရကိုယ်စားဖြစ်လို့ မကောင်းတဲ့ယုံကြည်မှုနဲ့ ခရူးဆိတ်စစ်ပွဲလိုဖြစ်လို့ အစီရင်ခံစာ ပြင်ဆင်မှုနဲ့ ထုတ်ပြန်ဖို့ ကြိုးပမ်းမှုအားလုံးကို ရပ်စဲဖို့ စမစ်ကို တောင်းဆိုထားပါတယ်။
စမစ်က အထူးအစိုးရရှေ့နေအနေနဲ့ သူ့ဆုံးဖြတ်ချက်တွေဟာ ဘိုင်ဒင်အစိုးရ ဒါမှမဟုတ် တခြားနိုင်ငံရေး ဇာတ်ကောင်တွေ လွှမ်းမိုးခံရတယ်လို့ ထရမ့်ပြောတာ ရယ်စရာကောင်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
စမစ်ဟာ ထရမ့် ရွေးကောက်ပွဲ မနိုင်ခင်ကထဲက တရားဝင် အတားအဆီးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမေရိကန်သမ္မတ ဒါမှမဟုတ် စစ်သေနာပတိချုပ် တာဝန်ထမ်းဆောင်စဉ်အတွင်း သူ့တရားဝင် ဆောင်ရွက်ချက်တွေအတွက် တရားမစွဲနိုင်ဘူးလို့ ရှေးရိုစွဲလွှမ်းမိုး(ထရမ့် ခန့်ထားသူ အများစုပါတဲ) တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် စမစ်ဟာ ထရမ့်အပေါ် တရားစွဲဆိုမှုကို လပေါင်းများစွာ ဆိုင်းငံ့ထားခဲ့ရပါတယ်။
သမ္မတဟောင်းတွေကို ရာဇဝတ်ကြောင်းဆိုင်ရာ တရားစွဲမှုတွေကနေ ကျယ်ကျယ်ပြန့်ပြန့် လွတ်ငြိမ်းခွင့်ပေးဖို့ တရားရုံးချုပ်နဲ့ စမစ် သဘောတူခဲ့ရပါတယ်။
တရားမစွဲပေမယ့် ထရမ့်အပြစ်ရှိကြောင်း အစီရင်ခံစာ ထုတ်ပြန်လိုက်တာြဖစ်ပြီး တခြား စွပ်စွဲချက်တွေ ပါပါသေးတယ်-
• ၂၀၂၀ မှာ ထရမ့်ဟာ ပြည်နယ်အဆင့် ဥပဒေပြုလွှတ်တော်တွေ၊ အမှုဆောင်အရာရှိတွေနဲ့ ဆက်သွယ်ခဲ့ပြီး "မဲရေတွက်တာကို လျစ်လျူရှုပြီး ရလဒ်ပြောင်းအောင် အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တယ်
• ထရမ့်နဲ့ ပူးပေါင်းကြံစည်သူတွေဟာ ၂၀၂၀ ရွေးကောက်ပွဲ သူရှုံးခဲ့တဲ့ ပြည်နယ် ခုနစ်ခုမှာ မသမာတဲ့ မဲဆန္ဒရှင်တွေဆိုပြီး ဝါရှင်တန်ဒီစီကို မှားယွင်းတဲ့ အသိအမှတ်ပြုလက်မှတ်တွေပေးပို့ဖို့ အစီအစဉ်ကို စတင်ခဲ့တယ်။
• ၂၀၂၀ ရွေးကောက်ပွဲမှာ များပြားတဲ့ လိမ်လည်မှုအထောက်အထားတွေ မဖော်ထုတ်နိုင်တဲ့အတွက် တရားရေးဌာနကို စိတ်ပျက်မိပြီး သူ့လိမ်လည်တောင်းဆိုမှုတွေ ဆက်တည်မြဲအောင်နဲ့ ရာထူးဆက်ရအောင် ဖက်ဒရယ်အာဏာကို ကိုင်စွဲဖို့ ထရမ့် ကြိုးပမ်းခဲ့တယ်
• ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲကြေညာဖို့ အထက်လွှတ်တော်ဥက္ကဌ တာဝန်ယူရတဲ့ ဒုသမ္မတ မိုက်ပန့်စ်ကို အကြိမ်ကြိမ် ဖိအားပေးခဲ့ပြီး ပန့်စ်က အကြိမ်ကြိမ် ငြင်းဆိုခဲ့တယ်။
Ref; The Sky News
......
My Notes...
ထရမ့်ဟာ ပထမသက်တမ်းတုန်းကလည်း တရားရေးဌာနရဲ့ အထူးအစိုးရရှေ့နေ ရောဘတ်မြူလာ စုံစမ်းစစ်ဆေးတာ ခံခဲ့ရပြီး အခုတော့ ဂျက်စမစ်နဲ့ ရင်ဆိုင်ရပါတယ်။ ဒီရှေ့နေတွေက ထရမ့်ကိုထောင်ထဲတော့ မထည့်နိုင်ပေမယ့် နာမည်ဆိုးနဲ့ သမိုင်းတွင်ရစ်အောင်တော့ တတ်နိုင်တာ တွေ့ရပါတယ်။
Crd
တရုတ်တွင် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါအသစ် ထွက်ပေါ်ခြင်းမဟုတ်ဟု ပညာရှင်ပြော
DVB
တရုတ်နိုင်ငံတဝန်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုတွေဟာ လူသိများပြီးသား ရောဂါပိုးမွှားတွေကြောင့် ကူးစက်နေတာဖြစ်ပြီး ကူးစက်ရောဂါအသစ်တွေ ထွက်ပေါ်လာတာ မရှိဘူးလို့ ပေကျင်းမြို့တော်ရှိ တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက သုတေသနအဖွဲ့ဝင် သုတေသီ ဝမ်လိပင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Part-1
*တရားရေးမဏ္ဍိုင်နှင့်ပြည်သူ့ရပိုင်ခွင့်များအား ကာကွယ်စောင့်ရှောက်မှု
အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော အစိုးရအဖွဲ့နှင့် အောက်ဘက်အဆင့်ဆင့်ရှိ ၎င်း၏ အမှုထမ်းကြီးငယ်များ ပြည်သူတို့နှင့်ဆက်ဆံရာ၌ တရားဥပဒေနှင့် အညီ ဆောင်ရွက်ကြရန်နှင့် ဥပဒေက ၎င်းတို့အား ခွင့်ပြုထားသည့် လုပ်ပိုင်ခွင့် အာဏာ အကန့်အသတ်ထက် လွန်ကျွံသုံးစွဲမှု မပြုအောင် ထိန်းကျောင်းသည့် အလုပ်ကို တရားစီရင်ရေးမဏ္ဍိုင်ဟု ခေါ်သည့် တရားရုံးများ တရားသူကြီး များက ဆောင်ရွက်ရသည်။
ပြည်သူ တစ်ဦးတစ်ယောက်အနေဖြင့် မိမိ၏ အခြေခံ ရပိုင်ခွင့် ချိုးဖောက်ခံရသည် ရှိသော်၊ သို့မဟုတ် သုံးစွဲခြင်းမပြုနိုင်အောင် တားဆီး ခံရသည် ရှိသော်၊ မိမိနစ်နာမှုအတွက် တိုင်ကြား တောင်းဆိုခွင့်ရှိပြီး၊ အဆိုပါ ချိုးဖောက် တားဆီးသော အာဏာပိုင်အား တရားရုံးက ဥပဒေနှင့်အညီ စစ်ဆေး အရေးယူမှုပြုမည် ဖြစ်သည်။
ဥပမာ၊ နိုင်ငံသားတိုင်းသည် နိုင်ငံအတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့်ရှိသည်ဟု ဖွဲ့စည်းပုံပါ အခြေခံ ရပိုင်ခွင့်များထဲတွင် ပြဋ္ဌာန်းထားသည်ဆိုပါစို့။ အကယ်၍ တစ်စုံတစ်ယောက် သောသူသည် တရားဥပဒေနှင့် ညီညွတ်ပါလျက် မိမိ နေထိုင်လိုသည့်အရပ်၌ နေထိုင်ခြင်းမပြုနိုင်အောင် တားဆီးပိတ်ပင်ခြင်း၊ အင်အားသုံး ရွှေ့ပြောင်းခြင်း ပြုမည်ဆိုက အခြေခံဥပဒေပါ ရပိုင်ခွင့်များ ရုပ်သိမ်း ဟန့်တားခံရသော ၎င်းပုဂ္ဂိုလ်အား တရားရုံးက မိမိ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပြုမည် ဖြစ်သည်။
#ဆက်ရန်ရှိ
ရပ်စောင့်နေတာတောင်
ပြန်လှည့်လာမဲ့သူမရှိတဲ့ ဘဝကြီးမှာ ။
ပြေးထွက်သွားခဲ့ရင်
ဘယ်သူများ လိုက်ရှာနေမလဲလို့
မျှော်လင့်နေမိတဲ့ ငမိုက်သားပါ ။
#စာတို
အပူတွေ မရှိတာရယ်လို့တော့
ဘယ်ဟုတ်ပါ့မလဲ ။
ထွေထွေထူးထူးခေါင်းစဉ်တပ်မရတဲ့
အဆင်မပြေမူတွေထဲ ကိုယ်က
အရာရာကို အေးချမ်းချင်လို့ ခွင့်လွှတ်ခဲ့တာ ။
အပူကို အပူလို့ မသတ်မှတ်ခဲ့တာ ။
ကြုံလာသမျှ ဝင်လာသမျှ အခက်ခဲတွေကို
ပြုံးပြုံးကြီး ရင်ကော့ ခေါင်းမော့ ဖြတ်ကျော်ခဲ့တာ ။
ဘယ်လောက်တောင်
အေးချမ်း သန်မာလိုက်တဲ့ သက်ရှိလေးလဲ
ကြည့်ပါဦး
ခုထိ ခပ်ပြုံးပြုံးလေးပဲ …
#စာရယ်ကဗျာရယ်