1 y - Translate

"အိန္ဒိယ ဟော်ရာရုပ်ရှင်တွေ လက်ရာကောင်းလွန်း
သွားရင် ဘယ်ကားမှ လိုက်မမှီဘူးဆိုတာ
ဒီရုပ်ရှင်က သက်သေပါပဲ"
တကယ်တော့လေ ဟော်ရာ ရုပ်ရှင်တစ်ကား
ကောင်းတယ် မကောင်းဘူးဆိုတာ ဒါရိုက်တာနဲ့
ဇာတ်ညွှန်းရေးဆရာရဲ့ ဦးနှောက်ကြီး အပေါ်မှာ
အများကြီး မူတည်ပါတယ်။
သူတို့ရဲ့ တီထွင်နိုင်မှု အားကောင်းရင်အားကောင်း
သလို ရုပ်ရှင်ကလည်း ပိုကြွလာလေ
ပိုထိတ်လန့်ဖို့ ကောင်းလာလေပါပဲ။
အခု ဒီရုပ်ရှင်ဆိုရင်လည်း တီထွင်တင်ဆက်မှု
ကောင်းသလို ဇာတ်အိမ်တည်ဆောက်မှုနဲ့
သရုပ်ဆောင်အပိုင်းတွေ တစ်အားသဘာ၀
ကျပြီး အားစရာ ကောင်းလှပါတယ်။
ဒီရုပ်ရှင်မှာ လူသားတွေအတွက် ကြောက်ဖို့
အကောင်းဆုံး အရာကို ရိုက်ပြထားပါတယ်
အဲ့တာဘာလဲသိလား ? လူတိုင်းမှာ အချိုးအဆ
မတူညီစွာ ရှိတတ်ကြတဲ့ "လောဘ"စိတ်ပါပဲ။
လူတစ်ယောက် မလိုလောဘ အရမ်းတက်လာ
လေ ကံဆိုးမှု‌ရဲ့ ခံတွင်း၀ဆီ ခြေတစ်လှမ်း
လှမ်းဖို့ နီးစပ်လာလေ ပါပဲတဲ့။
ဟော်ရာ ရုပ်ရှင်ဆိုပေမဲ့ ဘ၀ အကြောင်းတွေ
လူ့စိတ်တွေကို ပညာသားပါပါ ရိုက်ပြထားပါတယ်။
ဒါကြောင့်လည်း အိန္ဒိယမှာပါ မက အနောက်
နိုင်ငံတွေအထိ ၀က်၀က်ကွဲပေါက်ခဲ့ပြီး ဝေဖန်ရေး
ဆရာတွေကြားမှာ ခေတ်သစ် အိန္ဒိယ ဟော်ရာ
ရုပ်ရှင်ဆိုပြီး မျက်နှာပန်း လှခဲ့တာပါ။
IMDB မှာ Rating 8.2/10 အထိ ရထားတာဟာ
ပေါ့သေးသေးတော့ မဟုတ်ပါဘူး ဒါကြောင့်
မကြည့်ရသေးရင် အခု ကြည့်ကြည့်လိုက်ပါ။

Tumbbad 2018

Tumbad (2018) ဟာ ဒါရိုက်တာ Rahi Anil
Barve ရိုက်ကူးပေးထားတဲ့ အိန္ဒိယ စိတ်ကူးယဉ်
ထိတ်လန့်သည်းဖို ရုပ်ရှင်တစ်ကားပါ။
ကိုလိုနီခေတ်မှာ ဇာတ်အိမ် တည်ထားပါတယ်။
ရတနာတွေကို စောင့်ကြပ်ပေးနေတဲ့ ရှေးနတ်
ဘုရား တစ်ပါးဆီကနေ "ဗီနာယက်" ဆိုတဲ့
လူဟာ ရတနာများ ရယူဖို့ကြိုးစားတဲ့
ဇာတ်လမ်းပါ။
အရှေ့မှာလည်း ရတနာတွေကို ယူဖို့ကြိုးစားမိ
ခဲ့တဲ့ သူမှန်သမျှဟာ နတ်ဘုရားရဲ့ ကျိန်စာမိပြီး
အဖြစ်ဆိုးတွေ ဝဋ်ဒုက္ခဆင်းရဲတွေနဲ့ကြုံခဲ့ရပါတယ်။
ဒါပေမဲ့ ဗီနာယက် ဟာ လောဘကြီးတဲ့သူ ဖြစ်တာ
ကြောင့် လောဘနောက်လိုက်ဖို့ ဆုံးဖြတ်တဲ့အခါမှာ
သူကြုံတွေရမဲ့ ခြောက်ခြား စရာ အဖြစ်တွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာပါ။
#horrormovie
#crd

image

ဇန်နဝါရီ ၁၆ ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

imageimage

2025 အဆင့်မြင့် YBS🤭

image

အရမ်းခြစ်မိသွားပြီ

image

image

image

image

image
1 y - Translate

Coffee & Me...🫶☕

image
Thin Zu Aye changed her profile cover
1 y

image