1 y - Translate

တိုက်စစ်မှူး မာလန်းကို ဗီလာအသင်းခေါ်ယူ
---------------------------
ပရီးမီးယားလိဂ်ကလပ် ဗီလာအသင်းဟာ ဒေါ့မွန်အသင်းရဲ့ နယ်သာလန်တိုက်စစ်မှူး မာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းနဲ့ခေါ်ယူလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် မာလန်းအတွက် ပြောင်းရွှေ့ကြေးအပြင် အပိုဆု ကြေး ပေါင် ၂ ဒသမ ၅ သန်းကိုလည်း ထပ်မံပေးရမှာဖြစ်လို့ မာလန်းအတွက် စုစုပေါင်း ပေါင် ၂၁ ဒသမ ၅ သန်း ကုန်ကျမှာဖြစ်ပါတယ်။

ဗီလာအသင်းရဲ့ ရည်မှန်းချက်တွေကိုသိရှိရပြီးနောက် နည်းပြ အမ်မရီနဲ့လည်း အတူလက်တွဲလုပ်ဆောင်ချင်တဲ့ အတွက် ဗီလာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တာလို့ မာလန်းက အသင်းသစ်နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ မာလန်းဟာ ဗီလာအသင်းမှာ ကျောနံပါတ် ၁၇ ကိုဝတ်ဆင်ကစားမှာဖြစ်ပြီး ဒေါ့မွန်အသင်း မှာတုန်းက တွဲကစားခဲ့ဖူတဲ့ နောက်ခံလူ မက်ဆန် ဆီကနေ ဗီလာအသင်းအကြောင်းတွေကို သိခွင့်ရခဲ့တယ်လို့ လည်း မာလန်းက ပြောပါတယ်။

ဗီလာအသင်းဟာ အခုရာသီချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး မာလန်းလို ချန်ပီယံလိဂ် အတွေ့အကြုံရှိကစားသမားကို ခေါ်ယူအားဖြည့်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်လူငယ်အသင်း ကနေ ထွက်ပေါ်လာခဲ့တဲ့ မာလန်းဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းအတွက် ၁၃ ဂိုးသွင်းယူပေးခဲ့သလို ဒေါ့မွန် ကစားသမားဘဝ ပြိုင်ပွဲစုံ ၁၃၂ ပွဲမှာ ၃၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၀ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

image
1 y - Translate

😻

imageimage
1 y - Translate

အင်ဒို၌ ဆိုရှယ်မီဒီယာသုံးရန် အနိမ့်ဆုံးအသက် သတ်မှတ်မည်

ကလေ-းသူငယ်များကို အကာအကွယ်ပေးရန် ရည်မှန်းသည့် ဆိုရှယ်မီဒီယာ အသုံးပြုသူများအတွက် အနိမ့်ဆုံးအသက်အရွယ်သတ်မှတ်ချက်စည်းမျဉ်းထုတ်ရန် အင်ဒိုနီးရှားက စီစဉ်နေသည်ဟု ဆက်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်သည် အသက် ၁၆ နှစ်အောက်ကလေ-းများကို ဆိုရှယ်မီဒီယာသုံးခြင်းမှ တားမြစ်လိုက်သည့် သြစတြေးလျနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့်အလားတူဖြစ်ပြီး အင်စတာဂရမ်၊ ဖေ့စ်ဘုတ်ပိုင်ရှင် Meta မှသည် TikTok အထိပါဝင်သော နည်းပညာကုမ္ပဏီကြီးများသည် ၎င်းတို့ ပလက်ဖောင်းများသို့ ကလေ-းများဝင်ရောက်အသုံးပြုခြင်းကို တားမြစ်ရန် ပျက်ကွက်ပါက ဒဏ်ရိုက်ခံရနိုင်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် အနိမ့်ဆုံးအသက်အရွယ် မည်မျှသတ်မှတ်မည်ဆိုသည်ကို ဝန်ကြီး Meutya Hafid က မပြောသေးပေ။ အစီအစဉ်နှင့် ပတ်သက်၍ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် ဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၃ ရက်အနှောင်းပိုင်းတွင် ဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

လူဦးရေ သန်း ၂၈၀ ခန့်ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် အင်တာနက် ဝင်ရောက်မှုနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ၇၉ ဒဿမ ၅ ရာခိုင်နှုန်းရောက်ရှိခဲ့သည်ဟု အင်ဒိုနီးရှား အင်တာနက်ဝန်ဆောင်မှုပေးသူများအသင်းက လူပေါင်း ၈,၇၀၀ ကို ကောက်ယူခဲ့သော စစ်တမ်းအရ သိရသည်။

image
1 y - Translate

Good Night 😴😴😴

1 y - Translate

ကိုရီးယားနိုင်ငံသို့ EPS လုပ်သား ၁၄၄ ဦးစေလွှတ်
-----------------------
ကိုရီးယားနိုင်ငံကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ကတစ်ဆင့် EPS စနစ်နဲ့ မြန်မာအလုပ်သမား ၁၄၄ ယောက်ကို ဇန်နဝါရီ ၁၅ ရက်က စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ လုပ်သားတွေစေလွှတ်ရာမှာ ကုန်ထုတ် လုပ်ငန်းအတွက် လုပ်သားသစ် ၁၀၇ ယောက်၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းအတွက် လုပ်သားသစ် ၃၇ ယောက် စုစုပေါင်း ၁၄၄ ယောက် စေလွှတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုရီးယားကို EPS စနစ်တစ်မျိုးတည်းနဲ့ပဲ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက စေလွှတ်နေ တာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံကို လုပ်သားတစ်သောင်းကျော်စေလွှတ်သွားဖို့ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီးလုပ်သားတွေပါ စေလွှတ်သွားမယ်လို့ သိရပါတယ်။

ဟော

image
1 y - Translate

😅

image

မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့် အဖွဲ့အား ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL ၃၀ ပုလင်းနှင့်အတူ မန္တလေးမြို့တွင် ဖော်ထုတ်ဖမ်းဆီးရမိ

ဇန်နဝါရီ ၁၅

မန္တလေးမြို့တွင် မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့် အဖွဲ့အား ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL ၃၀ ပုလင်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၄၁(A)လမ်း၊ ၆၁ x ၆၂ လမ်းကြားတွင် မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရရှာဖွေစစ်ဆေးခဲ့ရာ စောဖြိုးအောင်၊ လင်းလင်းအောင်၊ လှိုင်ဖြိုးထွေး(ခ)ကိုထွေးနှင့် အောင်မျိုးသိန်း(ခ)တာတီးတို့ ၄ ဦးကို TOYOTA CROWN မော်တော်ယာဉ်တစ်စီး၊ ပလတ်စတစ် ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိတရားခံများ၏ ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်ရှိ စောဖြိုးအောင်၏ နေအိမ်မှ တစ်ပုလင်းလျှင် ၁၀၀ မီလီလီတာစီပါ PHENSEDYL ၃၀ ပုလင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာနေ ကိုစိုင်း(ခ)အားချိန်၏ အစီအမံဖြင့် ချမ်းအေးသာစံမြို့နယ်နေ အောင်သူ(ခ)စိန်သောင်းမှ တာဝန်ခံ၍ လှိုင်ဖြိုးထွေး၊ သန့်ဇင်ထွန်း၊ လင်းလင်းအောင်နှင့် ဇော်မျိုးသိန်းတို့အား သယ်ဆောင်ခိုင်းပြီး ချမ်းအေးသာစံမြို့နယ်နေ စောဖြိုးအောင်မှ မန္တလေးမြို့တွင် ဘိန်းဖြူများဝယ်ယူ၍ မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ပြီး မြန်မာ-အိန္ဒိယနယ်စပ်နေ ကီရန်းမှ ပြန်လည်ရောင်းချခြင်း ဖြစ်ကြောင်းနှင့် ကလေးမြို့မှ မန္တလေးမြို့သို့ PHENSEDYL များ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဘိန်းဖြူရောင်းချပေးခဲ့သည့် အောင်သူနှင့် သန့်ဇင်ထွန်းတို့အား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် SUZUKI Ciaz မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ PHENSEDYL များ ရောင်းချပေးခဲ့သူ လှိုင်မျိုးထွန်း(ခ)သီလွန်းအား မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့၍ ၎င်းတို့ကို ဥပဒေအရအရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage