Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နည်းပြအာမိုရင်၏ အစီအစဉ်ကို မယုံကြည်စရာ အကြောင်းမရှိဟု ဖာနန်ဒက်စ်ပြော
နည်းပြအာမိုရင်ရဲ့ ကစားကွက် အစီအစဉ်တွေအပေါ် မယုံကြည်စရာ အကြောင်းမရှိကြောင်း အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ နည်းပြသစ် အာမိုရင်လက်အောက်မှာ ၃ ယောက်တန်းခံစစ်နဲ့ ကစားနေပြီး ရလဒ်မကောင်းချိန်မှာ ကစားကွက်ခင်းကျင်းမှုအပေါ် ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့တာပါ။
အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကတော့ ရလဒ်မကောင်းချိန်မှာ ဝေဖန်ဖို့က လွယ်ကူကြောင်း၊ အသင်းနည်းပြမှာ ကိုယ်ပိုင်ဘောလုံးအတွေးအခေါ်ရှိပြီး ကစားသမားတွေဘက်ကလည်း နားလည်လက်ခံမှုနဲ့ ယုံကြည်မှုရှိကြောင်း ပြောပါတယ်။
အသင်းတိုက်စစ်ပိုင်းက ဂိုးတွေ ပိုမိုသွင်းယူနိုင်ဖို့လိုတယ် ဆိုတာကိုလည်း နည်းပြအာမိုရင်က ပြောပြထားပြီး အသင်းသားအားလုံးကလည်း လက်ခံကြောင်း၊ အသင်းတိုက်စစ်ပိုင်းက လူငယ်တွေများပေမဲ့ အားလုံးက ဂိုးသွင်းယူနိုင်စွမ်းရှိကြတဲ့ သူတွေချည်းဖြစ်ကြောင်း ဖာနန်ဒက်စ်က ပြောသွားပါတယ်။
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဇန်နဝါရီ ၁၆
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၉၆ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၀၀၀၀၀ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၆၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၆၅၀ ကျပ်
ဝယ်ဈေး - ၄၅၅၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၂၀ ကျပ်
ဝယ်ဈေး - ၃၃၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၇၀ ကျပ်
ဝယ်ဈေး - ၄၆၄၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၄၂ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၀ ကျပ်
ဝယ်ဈေး - ၁၀၀၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၂ ကျပ်
ဝယ်ဈေး - ၆၁၆ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၇၇ ကျပ်
ဝယ်ဈေး - ၂၈.၉၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၆၉ ကျပ်
ဝယ်ဈေး - ၅၂.၂၉ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၉ ကျပ်
ဝယ်ဈေး - ၃.၁၀ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၆၅ ကျပ်
ဝယ်ဈေး - ၅၅၁၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၈၀ ကျပ်
ဝယ်ဈေး - ၂၈၀၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၃၀ ကျပ်
ဝယ်ဈေး - ၃၁၄၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၉၆ ကျပ်
ဝယ်ဈေး - ၅၈၀ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၆၂ ကျပ်
ဝယ်ဈေး - ၁၂၂၉ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
#သတင်းဟင်းလေးအိုးကြီး
အများနဲ့မတူတဲ့ ဆံပင်ပုံစံ၊ သီချင်းသီဆိုဟန်တွေနဲ့ နိုင်ငံကျော်rapperကြီး ဘရိတ်ကီကတော့
လက်ရှိမှာအနုပညာအလုပ်တွေကို ရပ်နားထားတာ ကြာခဲ့ပါပြီ
မြန်မာတွေရဲ့နှစ်သစ်ကူး တန်ခူးလမှာတော့ အဆိုတော်မေ နဲ့သီဆိုထားတဲ့ (အားကိုးမယ်နော်)
သီချင်းလေးကနှစ်တိုင်းပြန်ပေါ်နေမှာမို့ အနုပညာအလုပ်တွေဘလောက်ပဲရပ်နားထားပါစေ
အားလုံးကတော့ ဘရိတ်ကီ ကိုအမှတ်ရနေကြမယ်လုိ့ထင်ပါတယ်နော်
ပရိသတ်တစ်ဦးအပြင်မှာဆုံတုန်းအမှတ်တရရိုက်ကူးထားတဲ့ ပကာသနတွေမပါတဲ့ ဘရိတ်ကီတို့မိသားစုလေးကလည်း ချစ်စရာလေးနော်
ကင်းမွန်အချိုချက်🦑
===========
ကင်းမွန်ကိုသန့်စင်ပါ။ အညှီနံ့ပျောက်အောင် သံပုရာရည်များများညှစ်ပြီး နယ်ပေးပါ။ ပြီးရင်ရေပြန်ဆေးချပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူနီထောင်းထားပါ။ ဆီထည့်ပါ။ ဆီဆူရင်ကြက်သွန်ဖြူနီထည့်ဆီသပ်။ ခရုဆီ ပဲငံပြာရည် ငရုတ်ကောင်း သကြား ဆား အချိုမှုန့် ထည့်ပြီးမွှေပေးပါ။ အနံ့မွှေးပြီဆို ကင်းမွန် ထည့်ပါ။ ( ရေမစစ်ထားခဲ့ရင် ရေဗလပွနဲ့ အကြာကြီးတည်ရပါလိမ့်မယ်။ ပြည်ကြီးငါး ပုဇွန် ကင်းမွန်တို့ ဆိုတာ ၅မိနစ်လောက်တည်ရင်ကိုစားလို့ရနေတဲ့ အသားတစ်မျိုးပါနော် ) ထွက်လာတဲ့အချိုရည်တွေခမ်းရင် ကင်းမွန်အချိုချက်ဟင်းလေးရပါပြီ။