ရေငုပ်ပြမယ်ဟုဆိုကာ ရေငုပ်ပြရာမှ ဆယ်ကျော်သက်အရွယ် Grade-6 ကျောင်းသား ရေနစ်သေဆုံးမှုဖြစ်ပွား

ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရုံးညောင်ပင်ရပ်ရှိ ရုံးညောင်ပင်စက်လှေ ဆိပ်နှင့် ဧရာဝတီမြစ်ရေချိုးဆိပ်တွင် ဇန်နဝါရီလ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က ရေငုပ်ပြမယ်ဟုဆိုကာ အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ရေငုပ်ရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ညောင်ဦးမြို့နယ် မီးသတ်စခန်းထံမှ သိရသည်။

အမှတ် (၆) ရပ်ကွက်၊ တက်သိမ်း(မ)ရပ်တွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် မောင်ခန့်ခန့်ဦး(Grade-6 ကျောင်းသား) မှာ ၎င်း၏ သူငယ်ချင်း နှစ်ဦးနှင့်အတူ ရေဆင်းချိုးရင်း ရေငုပ်ပြမယ်ဟု ဆိုကာ ရေငုပ်ပြရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

ရေနစ်ပျောက်ဆုံးသူကို ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျွမ်းကျင်ရေငုပ်သမားများ ၊ စက်လှေသမားများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ စက်လှေ ၂ စီးဖြင့် ပိုက်ကွန်တိုက်ရှာဖွေခြင်း၊ ရေငုပ်ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၅၀ တွင် ရေနစ်သေဆုံးသော ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

သေဆုံးသူလူငယ်၏ ရုပ်အလောင်းကို ဂရုဏာရှင် နာရေးအခမဲ့ကူညီမှုအသင်းပိုင်ယာဥ်ဖြင့် ခုတင် ၂၀၀ ဆံ့ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+4

နစကကို ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေး ဦးစားပေးရန် အာဆီယံပြော

ဘန်ကောက်၊ ဇန်နဝါရီ ၂၀

မြန်မာအစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ကြီးထွားနေချိန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေခြင်းကို ဦးစားပေး မလုပ်ဆောင်သင့်ဘဲ ဆွေးနွေးညှိနှိုင်းမှုနှင့် ရန်လိုမှုများအား ချက်ချင်းအဆုံးသတ်ရန်သာ ဦးစားပေး ဆောင်ရွက်သင့်ကြောင်း အာဆီယံနိုင်ငံများက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အားလုံး အနေဖြင့် တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ခွင့်ပြုပေးရန် အာဆီယံနိုင်ငံများက အစည်းအဝေး တက်ရောက်လာ သည့် မြန်မာကိုယ်စားလှယ်အား တိုက်တွန်းခဲ့သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်က (Mohamad Hasan) ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ အစီအစဉ်ကို မလေးရှားနိုင်ငံက သိချင်နေပါတယ်။ ရွေးကောက်ပွဲက ဦးစားပေး လုပ်ဆောင်ရမယ့် အရာ မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေးက ဦးစားပေး လုပ်ဆောင်ရမယ့် အရာဆိုတာကို ကျနော်တို့က မြန်မာနိုင်ငံ ကို ပြောခဲ့ပြီးပါပြီ” ဟု ဟက်ဆန်က ပြောသည်။

ဇန်နဝါရီ ၁၉ ရက်တွင် လန်ကာဝီ (Langkawi) ကျွန်းတွင် ပြုလုပ်သည့် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကိုရယူခဲ့သည့် ၂၀၂၁ ခုနှစ် အစောပိုင်း ကတည်းက နိုင်ငံရေး အကျပ် အတည်းနှင့် ရင်ဆိုင်နေရပြီး လက်ရှိတွင် တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအထူးသံတမန်အဖြစ် သံတမန်ဟောင်း တစ်ဦးဖြစ်သည့် အိုသ်မန် ဟာရှင်မ် (Othman Hashim) ကို ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် လူဦးရေ၏ ၃ ပုံ ၁ ပုံကျော်ဖြစ်သည့် လူပေါင်း သန်း ၂၀ နီးပါးသည် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

အိုသ်မန်သည် မြန်မာနိုင်ငံသို့ မကြာမီ အချိန်အတွင်း သွားရောက် လိမ့်မည်ဟုလည်း မိုဟာမက်က ပြောသည်။

အိုသ်မန်သည် အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အဖွဲ့အစည်းအားလုံးကို စည်းရုံးမည်ဖြစ်သည်။

“ကျနော်တို့ ဆန္ဒကတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့၊ ရန်လို တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ဖြစ်ပါတယ်။ ဒါက အရမ်းကို ရိုးရှင်းပါတယ်။ မြန်မာနိုင်ငံ အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း တားဆီးခြင်း မပြုဖို့လည်း ကျနော်တို့ ဘက်က ဆန္ဒရှိနေပါတယ်” ဟု မိုဟာမက်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တွေ့ရစဉ်

#centralnewsnaypyitaw

image

မရနိုင်တဲ့ မေတ္တာတွေကို မတောင့်တတာ ကောင်းပါတယ် ။

မေတ္တာပေးရင် မေတ္တာပြန်ရရမှာပေါ့ဆိုပြီး
ကလေးအတွေးတွေနဲ့
ကိုယ်ချစ်မိတဲ့ လူတစ်ယောက်ဆီက
ကိုယ့်ကို ပြန်ချစ်လာမှာပေါ့ ဆိုပြီး
မျှော်လင့်မနေတာကောင်းပါတယ် ။

တချို့လူတွေ
ချစ်ပေးတာကို သိပ်လိုချင်သလောက်
နည်းနည်းလေး ပြန် ငဲ့ကြည့်ဖို့တောင်
ပျက်ကွက်တတ်တာ များပါတယ် ။

တစ်ခါတစ်လေကျတော့ …
ကိုယ့် ဘယ်လောက်ချစ်ပေးချစ်ပေး
မလုံလောက်ရတာနဲ့
မလိုအပ်တာနဲ့
ကိုယ်သာ … တန်ဖိုးမဲ့သွားရတာမျိုးလည်း
ကြုံရတတ်တယ် ။

တစ်နေ့ကျရင် … ဆိုတဲ့အတွေးဟာ
မျှော်လင့်ချက်ကို ဆွဲဆန့်ဖို့ ကောင်းသလောက်
ဖြစ်မလာရင် …
သိပ်နာကျင်ဖို့ ကောင်းတာမျိုးလေ

ကိုယ့်အတွက်မို့
ခက်ခဲနေတတ်ပေမယ့်
တခြားတစ်ယောက်နဲ့ဆို
လွယ်လွယ်ကူကူ ဖြစ်ပျက်သွားတာတွေချည်းပဲမို့

မရနိုင်တဲ့ မေတ္တာကိုဆို မတောင့်တတာ ကောင်းပါတယ်

#ကျေးကို
#crd

image

Me&my fri:3

#funny

image
1 y - Translate

Turistas (2006) အသည်းငယ်သူများမကြည့်သင့်ပါ
========================
နာမည်ကျော်တဲ့ နေရာဒေသတွေကိုခရီးသွားခြင်းမှာလည်း ကောင်းကွက်တွေရှိသလို မထင်ရှားတဲ့ဆိုးကွက်တွေ လည်း ရှိနေတတ်ပါတယ် ဘရာဇီးကို ခရီးထွက်လာကြတဲ့ တိုးရစ်တသိုက်ဖြစ်တဲ့ အဲလက်စ် နဲ့ ဘီး တို့ မောင်နှမ နှစ်ယောက်၊ဘီးရဲ့သူငယ်ချင်း အေမီ၊ တစ်ကိုယ်တော် ခရီးသွားလေး ပရူ၊ ခရီးထွက်ရင်း ဗရုတ်ကျနေတဲ့သူငယ်ချင်းနှစ်ယောက် ဖင်းနဲ့ လီယမ်ဘတ်စ်ကားတစ်စီးကို အတူစီးလာကြပြီးနောက်မှာပဲ မမျှော်လင့်တဲ့ မတော်တဆဖြစ်ရပ်ကြောင့်ဘတ်စ်ကားကို ထားခဲ့ပြီး နီးစပ်ရာမြို့ကို လမ်းလျှောက်သွားဖို့ စိတ်တူကိုယ်တူ ပေါင်းစည်းမိကြတဲ့ သူတို့အစပိုင်းမှာတော့ ဘရာဇီး နိုင်ငံရဲ့ ကမ်းခြေတွေ၊ အလှပဂေးလေးတွေ၊ ဖျော်ရည်ယမကာတွေကြောင့်နိဗ္ဗာန်လို့ ထင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ သူတို့မမြင်နိုင်ခဲ့တဲ့ ကြောက်မက်စက်ဆုပ်ဖွယ်ကောင်းတဲ့မကောင်းမှု (ငရဲ) များကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရချိန်မှာတော့ဒီဇာတ်လမ်းရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ကတော့ “Take The Plane” ပါ။
#movie

image

လုံးဝကွဲထွက်နေတဲ့ vibeနဲ့
ငါတို့ မန်းလေးကဆိုပြီး ထုတ်ကြွားလို့ရမယ့်
ကော်ဖီဆိုင်အသစ်လေး
Because Cafe
လမ်း ၆၀ ၄၀-၄၁ကြား။

image

လုံးဝကွဲထွက်နေတဲ့ vibeနဲ့
ငါတို့ မန်းလေးကဆိုပြီး ထုတ်ကြွားလို့ရမယ့်
ကော်ဖီဆိုင်အသစ်လေး
Because Cafe
လမ်း ၆၀ ၄၀-၄၁ကြား။

image

လုံးဝကွဲထွက်နေတဲ့ vibeနဲ့
ငါတို့ မန်းလေးကဆိုပြီး ထုတ်ကြွားလို့ရမယ့်
ကော်ဖီဆိုင်အသစ်လေး
Because Cafe
လမ်း ၆၀ ၄၀-၄၁ကြား။

image

လုံးဝကွဲထွက်နေတဲ့ vibeနဲ့
ငါတို့ မန်းလေးကဆိုပြီး ထုတ်ကြွားလို့ရမယ့်
ကော်ဖီဆိုင်အသစ်လေး
Because Cafe
လမ်း ၆၀ ၄၀-၄၁ကြား။

image

လုံးဝကွဲထွက်နေတဲ့ vibeနဲ့
ငါတို့ မန်းလေးကဆိုပြီး ထုတ်ကြွားလို့ရမယ့်
ကော်ဖီဆိုင်အသစ်လေး
Because Cafe
လမ်း ၆၀ ၄၀-၄၁ကြား။

image