1 နှစ် - ဘာသာပြန်ပါ။

Nay Pyi Taw seeks proposals for new condominium project

Nay Pyi Taw Development Committee called for developers and real estate companies with whole investments to submit Expression of Interest for condominium projects on 30 acres of land near Diplomatic Zone in Danatheikdi Ward, Zabuthiri Township, Nay Pyi Taw, the tendering committee stated.
EOI forms and guidelines can be available at the Engineering Department of Nay Pyi Taw Development Committee from 28 January 2025 and EOI forms must be submitted by 4 pm on 11 February 2025
Developers and companies can contact the Engineering Department via 067 8108212 for further enquiries. — NN/KK

image

ကျွဲက ဘာသိမှာလဲ

1 နှစ် - ဘာသာပြန်ပါ။

သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ “သစ္စာလွန် နှောင်ကြိုး ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားကျင်းပ

ဇန်နဝါရီ ၂၉

Cineverse Production က သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ “သစ္စာလွန် နှောင်ကြိုး ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးခြင်း အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၉ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုမှ အိမ်ထောင်ရေး ဇာတ်ကားလေးပါ။ ကျွန်တော်က ဒီကားမှာ ဆရာဝန်တစ်ယောက်နေရာ ကာရိုက်တာမြင်တွေ့ရမှာပါ။ ကျွန်တော်က အိမ်ထောင်ရေး ဇာတ်တွေ ရိုက်တာက ရှားပါတယ်။ အရင်က သရဖူဆိုတဲ့ ဇာတ်ကားမှာ အိမ်ထောင်သည်အနေနဲ့ လုပ်ခဲ့ဖူးတယ်။ ဒီဇာတ်ကားနဲ့မှ ဒုတိယမြောက်ဇာတ်ကားဖြစ်မယ် ထင်ပါတယ်။ ဒီကားက အရမ်းလောင်နေရတဲ့ သုံးပွင့်ဆိုင်ဇာတ်တော့ မဟုတ်ပါဘူး။ ခပ်အေးအေးနဲ့ ဇာတ်လေးက သွားထားပါတယ်။ မမြတ်လေး@အေးမြတ်သူနဲ့ ကိုယ်က အိမ်ထောင်သည်တွေပေါ့နော်။ ဒီဇာတ်ကားကို ကမ်းလှမ်းထားတာ ကြာပြီမို့ ဒီနှစ်မှ ရိုက်ဖြစ်တာပါ”လို့ သရုပ်ဆောင် ကျော်ဆုက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း Johnny၊ ဇာတ်ညွှန်း ခေတ်ရှေးညိုက ရေးသားပြီး ဒါရိုက်တာ MAUI က သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံကို လာမယ့် ဖေဖော်ဝါရီ တတိယပတ်လောက်မှာ ပင်းတယမြို့နယ်ဘက် သွားရောက်ရိုက်ကူး ပုံဖော်သွားမယ်လို့ သိရပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ ကျော်ဆု၊ ဒေါင်းဝေ၊ ရဲထွဋ်မင်းခေါင်၊ ဈာန်ထူး၊ အကယ်ဒမီအေးမြတ်သူ၊ ခင်စန်းဝင်း၊ သီရိမြတ်သွယ်၊ မြတ်လဲ့လဲ့ကို၊ အောင်ခန့်ကျော်၊ မင်းခန့်၊ ရဲရင့်ထွန်း၊ ခီဆာခင်၊ ဟေရတီလင်း၊ အေးရွှေရည်အောင်နဲ့ အခြားသရုပ်ဆောင်တွေလည်း ပါဝင်ကြမှာဖြစ်ပါတယ်။

#celecele

imageimage
+4
1 နှစ် - ဘာသာပြန်ပါ။

ပိတ်ရက်ဆိုတော့ မာလာရှမ်းကောလေး မှာစား 😋

image

1 နှစ် - ဘာသာပြန်ပါ။

ဘယ်သူတွေရပြီးကြပီလဲ

image
1 နှစ် - ဘာသာပြန်ပါ။

ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ
ဘယ်လိုဖြစ်လာသလဲ

ဟိုးတုန်းကတော့ ရန်ကုန်ဟာ
ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့
ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။

အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက
ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။
ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော
ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ
ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။
မွန်ဝေါဟာရအရ ကုန်းမြင့်ပေါ်က စေတီ လို့
အဓိပ်ပါယျရပါတယျ။

၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ
ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍
စတင်ပြောင်းလဲခဲ့ပါတယ်။
အဲဒီနောက် ကုန်းဘောင်ခေတ် ၊
ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး
ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ
မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့
အဓိကအက်ဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။

ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊
စမ်းချောင်း စတဲ့ မြို့နယ်ခွဲပေါင်းများစွာနဲ့
ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
ထိုမြို့တွေရဲ့အမည် ဟာ ဘယ္ကေန
ဖြစ်ပေါ်လာပါသလဲ။ အမ်ားစုကေတာ့ မွန်နာမည်
အခေါ်အဝေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။
မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ်
မျှဝေလိုက်ပါတယ်။

ကမာရွတ် -
မြန္ဘာသာ ဖြစ်ပြီး ကမာဆိုတာ ရေကန် ၊
ရွတ် ဆိုတာ ရတနာ ဖြစ်ပါတယ်။
ရတနာကန် ဆိုတဲ့ အဓိပ်ပါယျပေါ့။
အင်းလျားကန်ကို ရှေးတုန်းက ခေါ်တဲ့နာမည်ပေါ့။

ကျောက်တံတား -
ကုန်းဘောင်ခေတ်ဦးတုန်းက
ဆူးလေတစ်ဝိုက်ဟာရေပတ်လည်ဝိုင်းနေတဲ့
နရောပါ။ အဲဒီအနီးအနားမှာ ဘုရားဘက်ကို
ကူးသွားနိုင်တဲ့ ကျောက်တံတားကြီးတစ်ခု
ရွိခဲ့ဖူးရာကေန ဒီနာမည် ဖြစ်လာပါသတဲ့။

ကြည့်မြင်တိုင် -
မွန်ဘာသာအမည် ကမနျဋျုငျက
ဆင်းသက်လာတာပါ။ မြို့ရိုးရှိတဲ့ မြို့လို့
အဓိပ်ပါယျရပါတယျ။

ကံဘဲ့ -
မွန်ဘာသာအမည် ခပင်း(ခပေင်) ကို
မြန်မာဘာသာနဲ့ ခေါ်ရာ ကေန ကန်ဘဲ့ ဆိုပြီး
ဖြစ်လာတာပါ။ အဓိပ်ပါယျက ကသစ်ပင် ဖြစ်ပါတယ်။

ကုက္ကိုင်း -
မြန္ဘာသာ ကော့ကောင်း က ဆင်းသက်
လာတာ ဖြစ်ပါ တယ်။ ကော့ဆိုတာ ကုန်း၊
ကောင်းဆိုတာက မရွေးပင်ကိုခေါ်တာမို့
အစကေတာ့ မရွေးပင်ကုန်းလို့ ခေါ်တဲ့နေရာပါ။

စမ်းချောင်း -
စတင်တည်ထောင်စအချိန်မှာ တောင်ကုန်းဖြစ်ခဲ့ပြီး အဲဒီတောင်ကုန်းတွေကြားမှာ စမ်းချောင်းကလေးတစ်ခု စီးဆင်းနေ ပါသတဲ့။ အဲဒီစမ်းချောင်းကို အစွဲပြုပြီး ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဆင်မလိုက် -
ရှေးအခါက နွံထူတဲ့အရပ်ဖြစ်တာကြောင့်
ဆင်တွေဟာ အဲဒီနေရာရောက်ရင်
ဆက်မသွား ၊ ဆက်မလိုက်တော့ပဲ
ရပ်တန့် သွားတတ်ရာကနေ ဆင်မလိုက် ဆိုပြီး
ဖြစ်လာပါသတဲ့။

တာမွေ -
မွန်အမည် တာမွေ ကေန တိုက်ရိုက်
ဆင်းသက်လာပါတယ်။ ထန်းပင်တစ်ပင် ဆိုတဲ့
အဓိပ်ပါယျဖွဈပါတယျ။

ပုဇွန်တောင် -
မြန္ဘာသာ ပုဇွန်ဒေ ကလာတာပါ။
တောင်ကုန်းငါးခု လို့ အဓိပ်ပါယျရပါတယျ။
အဲဒီကုန်းတွေက မလွှကုန်း ၊ မအူကုန်း ၊
သစ်ဆိမ့်ကုန်း ၊ ချစ်တီးကုန်း နဲ့
ပုရွက်ဆိတ်ကုန်း တို့ဖြစ်ပါတယ်။

ဗဟန်း -
ဗဟန်းဆိုတာကလည်း မြန္ဘာသာကေန
ဆင်းသက်လာပြီး အဝါရောင်ရှိတဲ့မြေလို့
အဓိပ်ပါယျရပါတယျ။ ရှေးအခါက ကန့်ထွက်တဲ့
အရပ်ဒေသ ဖြစ်ခဲ့ဟန် တူပါတယ်။

ဘောက်ထော် -
မြန္ဘာသာ ပေါက်ထောကနေလာပြီး
ရွှေဟင်္သာလို့ အဓိပ်ပါယျရပါတယျ။

မင်္ဂလာဒုံ -
မွန်အမည် ဍုံဒရိုင်မငေ ကေန
ဆင်းသက်လာပါတယ်။ အဓိပ်ပါယျက
မင်္ဂလာသမင်မြို့ ဖြစ်ပါတယ်။
အဲဒီကေန မြန်မာဘာသာ တိုက်ရိုက်
ယူသုံးရာကေန မင်္ဂလာဒုံမြို့ဆိုပြီး ဖြစ်လာပါတယ်။

မြေနီကုန်း -
၁၈၄၁ခုနှစ် သာယာဝတီမင်းလက်ထက်
အခုမြို့မကျောင်းနား က ကွင်းပြင်မှာ
အောင်မြေရန်နှင် နန်းမြို့တည်ဆောက်စဉ်
မြို့တော်တံခါးတွေထဲမှာ မြေနီကုန်းတံခါး
ဆိုတာ ပါ ပါတယ်။ အဲဒီတံခါးကေန ထွက်လိုက်ရင် အနီရောင်တောင်ကုန်းငယ်ကလေးကို တွေ့ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

လသာ -
ရန္ကုန္ကို အင်္ဂလိပ်တွေသိမ်းပြီး
မြို့ကွက်ရိုက်ရာမှာ လမ်းနာမည်ကို
သူတို့အရာရှိတွေရဲ့အမည်တွေပေးခဲ့ပါတယ်။
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာပါဝင်ခဲ့တဲ့
ကတ်ပတိန်လတ္တာ (Capt.Lattar) ကို
ဂုဏ်ပြု တဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။
လတ္တာလမ်းကို မြန်မာလိုခေါ်ခဲ့ကြရာမှာ
လသာလမ်း ဆိုပြီးဖြစ်လာပါတယ်။
အဲဒီနားတဝိုက်ကိုလည်း လသာရပ် ဆိုပြီး
ခေါ်ခဲ့ကြပါတယ်။

လမ်းမတော် -
သာယာဝတီမင်း ရန်ကုန်မြို့ကိုကြွလာစဉ်တုန်းက သငေ်္ဘာဆိပ်ကနေ အောင်မြေရန်နှင်နန်းမြို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဘုရင်သွားတဲ့လမ်းမ ဖြစ်တာကြောင့် တော်တပ်ခေါ်ရာနေ လမ်းမတော် ဆိုပြီးဖြစ်လာပါတယ်။

အင်းစိန် -
မြန္ဘာသာ အန်းစိန်(အင်စိင်)ကေန
ဆင်းသက်လာပြီး ဆင်တွေရေကစားရာအရပ် လို့ အဓိပ်ပါယျရပါတယျ။

image

ဝန်ထမ်းတွေရဲ့ သပိတ်ကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရထားပြေးဆွဲမှုတွေ ရပ်ဆိုင်း

ဒါကာ၊ ဇန်နဝါရီ ၂၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရထားဝန်ထမ်းတွေဟာ အချိန်ပိုအတွက် အကျိုးခံစားခွင့် တောင်းဆိုမှုအဖြစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်မှောက်နေတာကြောင့် ဒီကနေ့မှ မီးရထားပြေးဆွဲမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။

အချိန်ပိုလုပ်ခနဲ့ ပင်စင်ခံစားခွင့်တွေကြောင့် ကာလရှည်ကြာ အငြင်းပွားမှုမှာ ရထားဝန်ထမ်းတွေ အလုပ်ထုတ်ခံခဲ့ရပြီး တောင်းဆိုချက်တွေကို လက်ခံဖို့ လာမယ့်တနင်္လာနေ့ထိ အာဏာပိုင်တွေကို အချိန်ပေးထားတယ်လို့ အလုပ်သမား သမဂ္ဂက ပြောပါတယ်။

အလုပ်သမားတွေရဲ့ သပိတ်မှောက်မှုကြောင့် ခရီးသည်တင်ရထား ၄၀၀ ကျော်ရဲ့ လုပ်ငန်းလည်ပတ်တာတွေ ထိခိုက်ခဲ့ပြီး မြို့တွင်း ပို့ဆောင်ရေး ၁၀၀ ကျော်နဲ့ ကုန်တင်ရထား သုံးဒါဇင်ကျော်တို့ပါဝင်ကာ ဒီရထားတွေနဲ့ နေ့စဉ် ခရီးသည် နှစ်သိန်းငါးသောင်းကို ပို့ဆောင်နေပေးနေတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ အရေးကြီးလမ်းကြောင်းအချို့မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားဝန်ဆောင်မှုတွေမှာ ရထားစီးခရီးသည်တွေအနေနဲ့ ရထားကြိုတင်လက်မှတ်တွေကို အသုံးပြုပြီး စီးနင်းနိုင်မယ်လို့ ပြောပါတယ်။

မီးရထားဌာနက ဝန်ထမ်းတွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ အစွမ်းကုန်ကြိုးပမ်းနေပြီး ဘဏ္ဍာရေးဝန်ကြီးနဲ့လည်း ဆွေးနွေးမှုများလုပ်ဆောင်နေကာ အလုပ်သမားများကို သပိတ်ရုပ်သိမ်းပေးရန် ရထားဝန်ကြီးဌာနက တိုက်တွန်းစထားသည်။

ရထားမောင်းသူတွေ၊ လက်ထောက်တွေ၊ တွဲစောင့်နဲ့ လက်မှတ်စစ်စတဲ့ လူအင်အားမလုံလောက်မှုကြောင့် ရထားဝန်ထမ်းတွေဟာ သတ်မှတ်နာရီထက်ပိုပြီး အလုပ်လုပ်ကို်ငနေကြရပါတယ်။ ဒါပေမယ့်လည်း အချိန်ပိုအလုပ်အပေါ် အခြေခံပြီး ပင်စင်ခံစားခွင့်တွေကို ၂၀၂၁ ခုနှစ်မှာ အစိုးရက ရုပ်သိမ်းပြီးနောက် အလုပ်သမားတွေရဲ့ ကန့်ကွက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref:Reuters
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

ကိုယ်တိုင်ကြော်ထားတာလေး စားကြပါဦး 😋

image
1 နှစ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့မှု အခွန်ကင်းလွတ်ခွင့် ရရှိ

ဇန်နဝါရီ ၂၉

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့ရာ၌ လာမည့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ဩဂုတ်လ ကုန်အထိ (၇)လကြာကာလအတွင်း အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းထံမှ သိရပါတယ်။

“ပြောင်းကတော့ ယခုနှစ်ထဲမှာ ထိုင်းနိုင်ငံကို အများဆုံးပို့မှာဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ သူတို့နိုင်ငံကလည်း ၇ လတာအတွင်းမှာ အခွန်ကင်းလွတ်ခွင့်ပေးထားတာဖြစ်တဲ့အတွက် အဲဒီကာလကို ချိန်ကိုက်ပြီး တင်ပို့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်စတဲ့နိုင်ငံတွေကို တင်ပို့သွားမှာ ဖြစ်ပါတယ်။ ယခုနှစ် ပြောင်းတင်ပို့မှုဟာ ယခင်နှစ်ကထက် တိုးလာမယ့်အခြေအနေမျိုးဖြစ်ပါတယ်”ဟုအသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောသည်။

မြန်မာနိုင်ငံသည် ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌ ပြောင်းတန်ချိန် (၁ ဒသမ ၁၁)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ နိုဝင်ဘာလအတွင်း၌ ပြောင်းတန်ချိန် (၁ ဒသမ ၈၈)သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၄၄၇)သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်းသိရ သည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် ပြောင်းတင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအစား ရေကြောင်းကုန်သွယ်မှု ဆိပ်ကမ်းများဖြစ်သည့် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်း၊ ရွှေမဲဆိပ်ကမ်း နှင့် မင်းထက်မင်းဆိပ်ကမ်း တို့မှ အဓိတင်ပို့နေကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် ကော့သောင်းဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းလမ်းဖြင့် တင်ပို့နေသည့်အပြင် ကုန်းတွင်းနယ်စပ် တာချီလိတ်မှတဆင့်လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image