28 ပတ် - ဘာသာပြန်ပါ။

❤️❤️❤️

image
28 ပတ် - ဘာသာပြန်ပါ။

❤️❤️❤️

imageimage
+6
28 ပတ် - ဘာသာပြန်ပါ။

🍲 #ကြက်ပဲပြား

ကြက်သား - ၂၀ ကျပ်သား
ပဲပြား - ၃ တုံး
ကိုရီးယားမုန်ညှင်း - ၁၀ ပင်
ဆီ - ၂ စွန်း
ပဲငံပြာရည် - အနည်းငယ်
ငရုတ်သီးအနှစ် - အနည်းငယ်
ဝိုင် - အနည်းငယ်
ကြက်သွန်ဖြု - အနည်းငယ်
ပြုလုပ်နည်း
ကြက်သားကို ရေဆေးပြီး အရွယ်တော်အတုံးလေးများတုံးပါ။ ဆား၊ ငရုတ်ကောင်းမှုန့်၊
သကြား၊ ပဲငံပြာရည်တို့ဖြင့် နှယ်ထားပါ။ ကိုရီးယားမုန်ညှင်းကို ရေဆေးပြီး ဇကာဖြင့် စစ်ထားပါ။
ကြက်သွန်ဖြူကိုထောင်းထားပါ။ ပဲပြားများကို အနှစ်တိုက်ထားပါ။ ဆီအိုးတည်ပြီး ဆီကျက်လျှင် ကြက်သွန်ဖြူဆီသတ်၍ ကြက်သားများကို ထည့်ကာ နီလာသည်အထိကြော်ပေးပါ။
ကြက်သားကျက်ပါက စစ်ထားပြီး ကျန်သည့်ဆီတွင် ငရုတ်သီးအနှစ်ထည့် ပဲငံပြာရည်၊ သကြား၊ ဆားအနည်းငယ်စီထည့်၍ ကြော်ထားသောကြက်သားများထည့်မွှေပါ။
ပြင်ဆင်ရန်မှာ ပန်းကန်အောက်တွင် ကိုရီးယားမုန်ညှင်းများ ခင်းလိုက်ပါ။ အပေါ်မှချက်ထားသော ကြက်ပဲပြားများကို ခင်းလိုက်ပါ။ ပိုသော ကိုရီးယားမုန်ညှင်းများကို ဘေးတွင်စီထည့်၍ စားသုံးနိုင်ပါပြီ။

image
28 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့အန္တရာယ်အရှိဆုံးအိမ်
The Cliff House by Modscape သည် သည်းထိတ်ရင်ဖိုစရာပင်လယ်ရှုခင်းများနှင့် စွန့်စားခန်းနေထိုင်မှုအတွေ့အကြုံကိုပေးဆောင်ရန် ဒီဇိုင်းထုတ်ထားသည့် ချောက်ကမ်းပါးဘေးတွင် တွယ်ကပ်နေသော ငါးထပ်အိမ်တစ်လုံးဖြစ်သည်။
သင်္ဘောကိုယ်ထည်ပေါ်ရှိ အုတ်တံတိုင်းများဖြင့် မှုတ်သွင်းထားသောကြောင့် အိမ်သည် တည်ငြိမ်မှုအတွက် သံမဏိတံများဖြင့် ကျောက်ချထားသည်။
၎င်းတွင် အိပ်ခန်းသုံးခန်း၊ ဧည့်ခန်းနှင့် မီးဖိုချောင်၊ အားလုံးတွင် ကြမ်းပြင်မှ မျက်နှာကြက်ပြတင်းပေါက်များပါရှိပါတယ်။
ဝင်ခွင့်သည် အပေါ်ထပ်ရှိ ကားဂိတ်မှတစ်ဆင့် ဓာတ်လှေကား သို့မဟုတ် လှေကားဖြင့် အခြားအဆင့်များသို့ ချိတ်ဆက်ထားသည်။
အိမ်ဒီဇိုင်းသည် ရင်သပ်ရှုမောဖွယ်မြင်ကွင်းများကို မီးမောင်းထိုးပြရန် သေးငယ်သောအတွင်းအခန်းများကို အသုံးပြု၍ သဘာဝကျောက်သားမျက်နှာနှင့် သမုဒ္ဒရာနှင့် ဆက်စပ်မှုကို တိုးမြှင့်ရန် ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

🚨 အယ်နာဆာအသင်းဟာ အက်စတွန်ဗီလာတို-က်စ-စ်မှူး ဂျွန်ဒူရမ် ကို ယူရို ၇၇ သန်း+ အပိုဆုကြေးနဲ့ ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ 🇸🇦🔵🟡

[Source - Fabrizio Romano]

image
28 ပတ် - ဘာသာပြန်ပါ။

တောင်ကိုရီးယား လေဆိပ်မှာ လူ ၁၇၆ ယောက် လိုက်ပါလာတဲ့ ခရီးသည်တင်လေယာဉ်ဟာ မထွက်ခွာခင်မှာ မီးလောင်
အင်္ဂါနေ့ ညမှာ တောင်ကိုရီးယားမှ Gimhae နိုင်ငံတကာ လေဆိပ်မှာ Air Busan လေကြောင်းလိုင်းရဲ့ Airbus လေယာဉ်ဟာ ဟောင်ကောင်ကို ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာ လေယာဉ်အမြီးပိုင်းဟာ မီးလောင်သွားခဲ့ပါတယ်။ အဲဒီလေယာဉ်မှာ လူပေါင်း ၁၇၆ ယောက် လိုက်ပါလာပြီး ၁၆၉ ယောက်က ခရီးသည်နဲ့ ၇ ယောက်က လေယာဉ်ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း အားလုံးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပါတယ်။ လူ ၃ ယောက်ကတော့ အသေးစား ဒဏ်ရာရသွားခဲ့ပြီး မစိုးရိမ်ရပါဘူး။
မီးသတ်သမားတွေက ၁ နာရီကြာ မီးငြိမ်းသတ်ပြီးနောက် ည ၁၁ နာရီ ၃၁ မိနစ်မှာ မီးငြိမ်းသွားခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းကို လက်ရှိမှာ မသိရသေးဘူးလို့ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒီဇင်ဘာလတုန်းကလည်း Jeju Air ခရီးသည်တင်လေယာဉ်ဟာ တောင်ကိုရီးယားမှ Muan နိုင်ငံတကာ လေဆိပ်မှာ မတော်တဆမှု ဖြစ်ပွားပြီး လေယာဉ်ပေါ်ပါတဲ့ လူ ၁၈၁ ယောက်မှာ ၂ ယောက်ပဲ အသက်ရှင်ပြီး ကျန်တဲ့ လူအားလုံး ‌ေ-သဆုံးသွားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ လေကြောင်း သမိုင်းမှာ လူသေမှုအများဆုံး ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

လေထုညစ်ညမ်းမှုဖြစ်စဥ်၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ပါဝင်လာနိုင်

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုများကြောင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ယင်း လေထုညစ်ညမ်းမှုဖြစ်စဥ်၌ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ပါဝင်လာနိုင်ကြောင်း သိရသည်။

ထိုသို့ ပါဝင်လာနိုင်ကြောင်းကို မွန်ပြည်နယ် က ရင်ပြည်နယ် မိုးလေဝသသတိပေးထုတ်ပြန်ချက်မှ ဇန်နဝါရီ ၂၈ ရက်က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြည်နယ်(၂)ခုအတွင်း လေထုညစ်ညမ်းမှုဖြစ်စဥ်အား အထူးသတိပြုရမည့်ဒေသများမှာ မော်လမြိုင်၊ ဇာသပြင်၊ ဂျိုင်းမြစ်ဝှမ်းဒေသများ၊ ကျိုက်မရော၊ မုဒုံ၊ ကတိုး၊ ပေါင်၊ သထုံ၊ ဘားအံ၊ ဘီးလင်း၊ ကျိုက်ထိုတို့ဖြစ်ကာ ယင်း ဒေသများတစ်ဝိုက်တွင် နံနက်ပိုင်းနှင့်ညနေပိုင်းတို့၌ လေထုညစ်ညမ်းမှုအန္တာရာယ် ကြုံတွေ့လာနိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံတွင်လည်း လေထုညစ်ညမ်းမှုမှာ နေရာအနှံအပြားဖြစ်ပေါ်လာနိုင်ပြီး အထူးသဖြင့် ဘန်ကောက်မြို့တစ်ဝိုက်နှင့် အယုဒ္ဓယ၊ ချိုင်နက်၊ နခွန်ဆဝမ်၊ ပိကျစ်၊ ဟစ်ဆနူလော့၊ ခွန်ကန်၊ ကာလာဆင်၊ ပထုန်ဌာနီ၊ နခွန်နရတ်၊ ဆမွတ်ပရာကန်ဒေသများတစ်ဝိုက်၌ လေထုညစ်ညမ်းမှုအန္တ ရာယ်ပြင်းပြင်းထန်ထန်ကြုံတွေ့လာနိုင်မည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် လေထုညစ်ညမ်းမှုအန္တရာယ်ကြုံတွေ့လာနိုင်မည့် ဒေသများတွင်နေထိုင်သူများအနေဖြင့် နှာခေါင်းစည်း(Mask)တပ်ဆင်၍ ဂရုစိုက်နေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

image

#လက်ပံပွင့် ဆေးဖက်ဝင်ပုံ
( ၁ ) ဆီးချိုရောဂါသမားအတွက် လက်ပံပွင့်ကိုပြုတ်စားပါ။လက်ပံပွင်ကိုဟင်းချိုချက်စားပါ။
( ၂ ) သွေးတိုးရောဂါသမားအတွက် ဇီသီးနဲလက်ပံပွင်ရောပြီးဟင်းချိုချက်စားပါ။
( ၃ ) မီးယပ ်ရောဂါသမားအတွက် လက်ပံအခေါက်ပြုတ်ပြီးသောက်ပါ။
( ၄ ) လေးဖက်နားသမားအတွက် လက်ပံပင်အမြစ်ကိုသွေးပြီးသောက်ပါ။ပြီးလျှင်ခြေဆစ် လက်ဆစ်ကို လိမ်းပေးပါ။
#ကျန်းမာရေးဗဟုသုတ

image

၂၄နာရီအတွင်း
ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးနှင်းမိုးတွေအနည်းငယ်ရွာနိုင်ပြီး
နေပြည်တော်ဧရိယာ ပဲခူးတိုင်း ဧရာဝတီတိုင်း ဒေသတွေမှာ နေရာကျဲကျဲ မိုးအနည်းငယ်ရွာနိုင်ပါတယ်
ISSUED TIME
30/01/2025 8:23am(MMT)

image
28 ပတ် - ဘာသာပြန်ပါ။

ဝါရှင်တန်တွင် ခရီးသည်လေယာဉ်နှင့် စစ်ရဟတ်ယာဉ် တိုက်မိ
------------------------
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာရှိတဲ့ ရီဂင် အမျိုးသားလေဆိပ်အနီးမှာ ဗုဒ္ဓဟူးနေ့က အမေရိကန် ဘလက် ဟော့ခ် စစ်ရဟတ်ယာဉ်နဲ့ ခရီးသည်တင် လေယာဉ်တစ်စင်း ဝေဟင်မှာ တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ ဖယ်ဒရယ် လေကြောင်း အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးတာဝန်ရှိတွေက ပြောပါတယ်။

ခရီးသည်တင်လေယာဉ်ဟာ လေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းကို ဆင်းသက်ဖို့ ချဉ်းကပ်လာချိန်မှာ အခုလို စစ်ရ ဟတ်ယာဉ်နဲ့ တိုက်မိခဲ့တာပါ။ လတ်တလောမှာ ထိခိုက်သေဆုံးမှုကို မသိရသေးပါဘူး။ အဲဒီခရီးသည်တင် လေ ယာဉ်ဟာ လေကြောင်းအမှတ် ၅၃၄၂ ဖြစ်ပြီး ကန်ဆပ်စ် ပြည်နယ် ဝီချစ်တာ ကနေ ထွက်ခွာလာခဲ့တဲ့ လေယာဉ် ဖြစ်တယ်လို့ လေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အိမ်ဖြူတော်ကလည်း အဲဒီမတော်တဆဖြစ်စဉ်မှာ စစ်ရဟတ်ယာဉ်တစ်စင်းလည်း ပါဝင်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။

ဒီဖြစ်စဉ်ကြောင့် ရီဂင် အမျိုးသားလေဆိပ်မှာ လေယာဉ် အတက်အဆင်း အားလုံးကို ရပ်နားထားလိုက်ရပြီး အရေး ပေါ်ကယ်ဆယ်ရေးသမားတွေက လေယဉ်မတော်တဆဖြစ်စဉ်ကိုသွားရောက်ပြီး ကယ်ဆယ်တုံ့ပြန်ရေးလုပ်ငန်း တွေ ဆောင်ရွက်နေပါတယ်။ လေဆိပ် ပင်မအဆောက်အဦကိုတော့ ဆက်လက် ဖွင့်ထားဆဲဖြစ်တယ်လို့ ရီဂင် အမျိုးသားလေဆိပ်က ထုတ်ပြန်ထားပါတယ်။

image