ကျွဲတပ်ဆုံ X-rayဂိတ်မှာ စစ်ဆေးမှုကြန့်ကြာလို့ ကားတွေပိတ်မိမှု အခြေအနေပိုဆိုးလာနေ

ဇန်နဝါရီ ၃၀

မန္တလေးတိုင်း ၊ သာစည်မြို့နယ်ရှိ သာစည် - ကလောလမ်းပိုင်းပေါ်က ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေတင်းကြပ်ပြီး ကြန့်ကြာမှုတွေရှိနေတာကြောင့် နေ့စဥ်နဲ့အမျှကားတွေ အများအပြားပိတ်မိပြီး အခြေအနေကပိုဆိုး လာနေ တယ်လို့သိရပါတယ်။

ကျွဲတပ်ဆုံဂိတ်က ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ သာစည် - ကလောလမ်းပေါ်က စစ်ဆေးရေးဂိတ်ဖြစ်တာကြောင့် စစ်ဆေးမှု ကြန့်ကြာတာဟာ ကုန်စည်စီးဆင်းရေးကို နှောင့်နှေးကြန့်ကြာပြီး သီးနှံတွေပျက်စီးမှုရှိသလို ခရီးသွားတွေအတွက်လည်းအချိန်ကြန့်ကြာမှုတွေဖြစ်ပြီး ဒုက္ခရောက်နေ တယ်လို့သိရပါတယ်။

ကျွဲတပ်ဆုံဂိတ်မှာ ကားတွေအချိန်ကြာမြင့်စွာဆောင့်ဆိုင်းရတာကြောင့် ကားတွေပိတ်ဆို့နေတဲ့အခြေအနေက တနေ့ထက်တနေ့ပိုဆိုးလာတယ်လို့သိရပါတယ်။

" ကျွဲတပ်ဆုံဂိတ်မှာက နေ့တိုင်းကားပိတ်ပါတယ်။ကုန်ကားတွေလည်း ပိတ်မိသလိုအိမ်စီးကားတွေလည်းပိတ်မိတယ်။ကုန်ကားတွေက ကုန်စိမ်းသီးနှံတွေများတယ်။တချို့ကုန်စိမ်းတွေဆိုပျက်စီးတဲ့အထိရှိကြတယ်။ခုတောင်အခြေအနေကဆိုးနေတာ ရှေ့လျှောက်နေကပြင်းလာပြီဆိုတော့ခုလိုသာ ဆက်ပိတ်မိနေရင်ကုန်ကားတွေပိုဒုက္ခရောက်မှာ။သူတို့က ဂိတ်ရောက်ရင် လုံခြုံရေးအရဆိုပြီး ကုန်စိမ်း ကားတွေ ရော အိမ်စီးကား တွေကိုပါ ဂိတ်မှာ X-R+ray စက်နဲ့ အစစ်အဆေးခံရတယ်။ ကားပေါ်မှာ ပါတဲ့သူတွေက လမ်းလျှောက်ပြီး အစစ်ခံရတယ်။ဒါအခုသူတို့လက်ရှိစစ်ဆေးနေတဲ့ပုံပါ။X-ray စက်ကြီးရှိရက်နဲ့ကြန့်ကြာနေတာ သိပ်တော့နည်းမကျဘူး။" လို့ ရှမ်းတောင်ကနေ ကုန်စည်ပို့နေသူ ကပြောပြပါတယ်။

ကျွဲတပ်ဆုံဂိတ်မှာ စစ်ဆေးမှုကြန့်ကြာတာကြောင့် ကုန်တင်ကားတွေက အချိန်တရက် ကနေ နှစ်ရက်လောက်အထိ ဂိတ်မှာပိတ်မိတတ်ပြီး အိမ်စီးကတွေကတော့ အနည်းဆုံး၂နာရီကနေ၇ နာရီလောက်အထိစောင့်ဆိုင်းရတဲ့အတွက် ညပိုင်းဂိတ်ပိတ်ချိန်ရောက်ပါကညအိပ်ပြီးစောင့်ဆိုင်းရတယ်လို့သိရပါတယ်။

ဒါကြောင့် ကုန်ကားတွေအနေနဲ့ ရှမ်းပြည်နယ်ထွက် သီးနှံတွေကို သယ်ယူပို့ဆောင်ရာမှာ လတ်ဆတ်ပြီးလမ်းခရီးကြန့်ကြာမှုဒဏ်ခံနိုင်တဲ့သီးနှံတွေကိုသာအဓိက တင်ပို့နေကြရတယ်လို့သိရပါတယ်။

" စောင့်ရတဲ့ ကားကများတော့ အကြာ ကြီးကို စောင့်ရတယ်။ ဂိတ် ပိတ်ချိန်ကလည်း မမှန်တဲ့အပြင် ကား အရေအတွက် အပေါ် မူတည်ပြီး စောင့်ရတော့ ကြာချိန်က တယောက်နဲ့တယောက်တော့မတူနိုင်ဘူး။ကျွန်တော်မနေ့ကပြန်လာတာ ၇ နာရီလောက်စောင့်ခဲ့ရပါတယ်။သူတို့က ရှမ်းပြည်ဘက်သွားတဲ့ကားဆိုရင်သိပ်မစစ်ဘဲလွှတ်တယ်။ရှမ်းပြည်ဘက်ကဆင်းတဲ့ကားကိုတော့ တော်တော်လေးစစ်တာတွေ့ရတယ်။" လို့ ကျွဲတပ်ဆုံဂိတ်ကိုဖြတ်ပြီးပြန်လာတဲ့နောက်ထပ် ခရီးသွားပြည်သူ ကပြောပါတယ်။

ကျွဲတပ်ဆုံဂိတ်ကို ဖြတ်သန်းသွားလာမယ့် ခရီးသွားတွေအနေနဲ့ စားစရာနဲ့သောက်ရေသန့်တွေယူဆောင်သွားကြဖို့ ခရီးသွားအချင်းချင်းအကြံပြုမှုတွေရှိနေ ပါတယ်။

အဆိုပါကျွဲတပ်ဆုံဂိတ်မှာတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်လောက်ကတည်းက စစ်ဆေးမှုတင်းကြပ်မှုကြောင့် ကားတွေကြန့်ကြာမှုတွေရှိလာကာ အချိန်ကြာမြင့်စွာဆောင့်ဆိုင်းရပြီးကားပိတ်ဆို့မှုတွေရှိနေတာဖြစ်ကြောင်း၊ ခုထိလည်းကားပိတ်ဆို့မှုကလျော့မသွားတဲ့အပြင်ပိုဆိုးလာနေတာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ တုန်းကလည်းကျွဲတပ်ဆုံ X- ray ဂိတ်မှာ စစ်ဆေးမှုကြန့်ကြာလို့ ကားတွေအများအပြားပိတ်မိမှုကြောင့် ဒုက္ခရောက်ခဲ့ရပါတယ်။

Photo - CJ

#သတင်းဟင်းလေးအိုးကြီး

image
image
image
28 w - Translate

Battlefield Effect အသစ် လာဖို့ရှိပါတယ် 💥
Mode ကတော့ (3) မျိုးရှိပါတယ် ❗️
> No 1 က Map ထဲမှာ Bush(ချုံ) 12 ခုအထိတိုးထည့်ပေးပါမယ်။
> No 2 က Jungle နဲ့ Lord နားက Wall တွေကိုအပေါက်တွေဖောက်ပြီး Wall နဲအောင်လုပ်ပေးမှာဖြစ်ပါတယ်။
> No 3 က Turtle နဲ့ Lord က်ိုထိလိုက်ရင် အဝိုင်းပေါ်လာပြီး အဝိုင်းထဲနေတဲ့သူအကုန် 20% Cooldown ရပါမယ်။
……….
Rank တစ်ပွဲမှာ ဒီ 3 မျိုးထဲက တစ်မျိုးသာပါပါမယ်။ ✅
Hero Draft Pick စပြီဆိုတာနဲ Mode တစ်ခုကို အလိုအလျောက်ရွေးပေးမှာဖြစ်ပြီး အဲ့ပွဲကျတဲ့ Mode နဲ့ဆော့ရပါမယ်။ ❤️
ပြီးတော့ ပွဲစပြီး 5 မိနစ်နေမှ Battlefield Effect တွေက စတင်အသက်ဝင်ပါမယ်။
Early ပိုင်း 5 မိနစ်ကတော့ ပုံမှန်လိုပဲဖြစ်နေမှာပါ။ ❤️
ဒီ Battlefield Effect က အချိန်အကန့်အသတ်နဲ့ ခနပဲလာမှာဖြစ်ပြီး အမြဲတမ်းအတွက်မဟုတ်ပါဘူး။ ☹️
ဆိုတော့ Rank ပျော်စရာကောင်းနဲ့ စိတ်လှုပ်တရှားဆော့ရအုံးမှာပါပဲ 🫶🏻
ဒါကြီးကိုမကြိုက်တဲ့သူတွေကျတော့လည်း မွန်းတွန်းကိုဆဲပေါ့ 🤪

image
28 w - Translate

ပရိတ်သတ်အချစ်တော် နာနာရဲ့ပြောင်းလဲမှု

image
28 w - Translate

•အာဆင်နယ်အသင်းဟာ ဒီနေ့ ဗီလာတိုက်စစ်မှူး အိုလီဝဒ်ကင် ကို ပေါင် သန်း ၆၀ လောက်တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုလုပ်ခဲ့ပေမယ့် ဗီလာက ချက်ချင်းပယ်ချသွားခဲ့ပါတယ် ❌
[Fabrizio]🌕

image
28 w - Translate

𝐇𝐄𝐑𝐄 𝐖𝐄 𝐆𝐎🚨🟡
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ဗီလာတိုက်စစ်မှူး ဂျွန်ဒူရမ် ကို ယူရို ၇၇ သန်း+အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့သဘောတူညီနိုင်ခဲ့ပါပြီ။

image

ဇောက်ပြဿနာရှာမည့်အချိန် ငါ့ဦးနှောက် :

image
28 w - Translate

ဝိန်းရွန်းနီနောက်ပိုင်း ဒုတိယအသက်ငယ်ဆုံး အင်္ဂလန်နိုင်ငံသား ချန်ပီယံလိဂ်ဟက်ထရစ်ရှင်ဖြစ်ခဲ့တဲ့ မော်ဂန်ရော်ဂျာ 🥶🟣

image

ကြာသပတေးနေ့ မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image
image
image

ဇန်နဝါရီ ၃၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဇန်နဝါရီ ၃၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image