1 y - Translate

ထရိုဂျင် ဆင်ဒရုမ်း ( Trojan Syndrome )
ထရွိုင်မြို့ကို ဆယ်နှစ်ဆယ်မိုး တိုက်ပြီး မနိုင်တဲ့အခါမှာတော့ ဂရိတွေက အကြံထုတ်ပြီး မြင်းရုပ်ကြီးကို ထားခဲ့ကြ တယ်။ အဲဒီအချိန်မှာ ဂရိတွေ အလွန်အားကိုးတဲ့ အားခိလိစ်လည်း သေပြီ။ ဒီအကြံရတာက ဟိုးမားရဲ့ Iliad ထဲမှာ မကြာခဏ ကိုးကားလေ့ရှိတဲ့ “ဂရိတွေထဲမှာ ဉာဏ်အကောင်းဆုံး၊ ပရိယာယ်မာယာ အများဆုံးလူသား” လို့ ခေါ်တဲ့ ဩဒီးစီးယပ်စ်ပဲ။ ဩဒီးစီးယပ်စ်က Epeius ဆိုတဲ့ လက်မှု ပညာသည်တစ်ယောက်နဲ့ အလွန်ကြီးမားတဲ့ မြင်းရုပ်ကြီးလုပ် ၊ အဲဒီအထဲမှာ ဂရိစစ် သားတွေ ဝင်ပုန်းအောင်းပြီး ပင်လယ်ကမ်းစပ်မှာထားခဲ့တာ။
✍️ မင်းခက်ရဲ
ထရိုဂျင်တွေက ဂရိတွေ ပြန်သွားကြပြီ အထင်နဲ့ အားရဝမ်းသာစွာ ထွက်လာကြတယ်။ မြင်းရုပ်ကြီးကို မြင်တယ် ။ အဲဒီမြင်းရုပ်ကြီးဟာ နတ်ဘုရားတွေ ပေးတဲ့ လက်ဆောင်ပါ ဆိုပြီး ထရွိုင်မြိုထဲကို သွင်းဖို့ လုပ်ကြသတဲ့။ ဒါကို တားတဲ့ ရှေ့ဖြစ်ဟော နှစ်ယောက်ရှိတယ်။ တစ်ယောက်က ထရွိုင်ဘုရင်ပရီယန်ရဲ့ သမီး ကတ်စင်ဒရာတဲ့။ သူက နတ်ဘုရား အပိုလိုရဲ့ ကျိန်စာသင့်နေတာ။ သူရှေ့ဖြစ်ဟောက မှန်တယ်။ ဒါပေမယ့် ဘယ်သူမှ မယုံကြည်ဘူး။ သူကလည်း ဒီမြင်းရုပ်ကြီးကို သာ ထရွိုင်မြို့ထဲကို သွင်းရင် ထရွိုင်မြို့ ပျက်စီးရလိမ့်မယ်တဲ့ ။ ထုံးစံအတိုင်း ကတ်စင်ဒရာ ပြောတဲ့ စကား ဘယ်သူမှ မယုံကြ ဘူး။
နောက်တစ်ယောက်ကတော့ လာအိုကွန်း ဆိုတဲ့ ဘုန်းကြီးပဲ ။ ဒီအကြောင်း တွေက ဟိုးမားရဲ့ Iliad မှာလည်း မပါတော့ဘူး။ Odyssey မှာလည်း မပါဘူး။ Virgil ရဲ့ Aeneid ထဲမှာပဲ တွေ့ရတော့မယ်။ Aeneid ထဲမှာ လာအိုကွန်းပြောတဲ့ နာမည်ကျော် စကားက “Tiemo Danaos et dona ferents” ဆိုတဲ့ စကားပဲ။ “ဂရိတွေပေးတဲ့ လက်ဆောင်ကို ငါကြောက် တယ် တဲ့”။ လာအိုကွန်းက ပြောတယ်။ ဒီမြင်းရုပ်ကြီးဟာ ထရွိင်မြို့ ပျက်စီးဆုံးရှုံးခြင်းကို ယူဆောင်လာလိမ့်မယ်လို့ သတိ ပေးတယ်။ ပြီးတော့ လာအိုကွန်းက အဲဒီမြင်းရုပ်ကြီးကို လှံနဲ့ ထိုးပြီး စမ်းသပ်တယ်။ ဒါပေမယ့် လာအိုကွန်းပြောတဲ့ စကားကိုလည်း အကြောင်းကြောင်းကြောင့် မယုံကြဘူး။
ဒီတော့ မြင်းရုပ်ကြီးကို ထရွိုင်မြို့ထဲ တပျော်တပါးသွင်း ၊ ဆယ်နှစ်လောက် စစ်တိုက်ခဲ့ရတဲ့ ဒဏ်ကြောင့် ပျော်ပါး သောက်စားကြနဲ့ ၊ ထရွိုင်မြို့ကျဆုံးခဲ့တယ်။ ဒီလိုနဲ့ ဘာသာစကားဝေါဟာရတစ်ခု ပေါ်လာတယ် ။ ထရိုဂျင် ဆင်ဒရုမ်း ( Trojan Syndrome) တဲ့။ တိုင်းပြည်တစ်ခု ဒါမှမဟုတ် လူတစ်ယောက်ဟာ ကိုယ်တိုင်းပြည် အန္တရာယ်ရှိတဲ့အရာကို အန္တရာယ် ရှိမှန်း မသိ ၊ ကိုယ့်ရဲ့ အကျိုးအမြတ်ပဲ၊ ကိုယ်အသာစီးပဲ လို့တွေးပြီး လက်သင့်ခံလိုက်တာမျိုးကို ထရိုဂျင်ဆင်ဒရုမ်း လို့ခေါ် တယ်။ ကိုယ့်ကိုဖျက်ဆီးမယ့်အရာကို နတ်ဘုရားတွေပေးတဲ့ လက်ဆောင်လို့ ထင်နေတာမျိုး။
✍️ မင်းခက်ရဲ
* Troy ရုပ်ရှင်ကားထဲမှာတော့ အားခိလိစ် (Brad Pitt) က မြင်းရုပ်ကြီးနဲ့ အတူပါသွားပြီး ထရွိုင်မြို့သိမ်း တိုက်ပွဲမှာ ထရိုဂျင်မင်းသား ပဲရစ် (Paris) ရဲ့ မျှားချက်နဲ့ သေခဲ့ရတယ်။ Troy ရုပ်ရှင်ကားထဲက ဒိုင်ယာလော့ခ်တွေကို တော်တော်လေး သဘောကျမိတယ်။ ဇတ်သိမ်းခန်းမှာ ဩဒီးစီးယပ်စ် (Sean Bean ကြီး) ပြောခဲ့တဲ့ စကားတွေကလည်း အရမ်းလှပတယ်။ သမိုင်းမှာ လူတိုင်းအတွက် သင်ခန်းစာ ပုံစံအမျိုးမျိုး ပေးခဲ့တဲ့ Troy စစ်ပွဲအကြောင်းကိုတော့ အမြဲတမ်းကြိုက်ခဲ့တယ်။

image
1 y - Translate

ဟွန်ဒိုင်းရဲ့ နျူကလီးယား ကုန်တင်သင်္ဘော
ကမ္ဘာ့ကုန်သွယ်ရေး၏ အသက်သွေးကြောဖြစ်သော ပင်လယ်ရေကြောင်းပို့ဆောင်ရေးသည် ရာစုနှစ်ပေါင်းများစွာ ကတည်းက လူသားတို့၏ စီးပွားရေးနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့သော် ပုံမှန်လောင်စာဆီများကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည် ယနေ့ခေတ်တွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
ဤအခြေအနေတွင် တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော် သင်္ဘောတည်ဆောက်ရေးကုမ္ပဏီကြီး Hyundai Heavy Industries (HHI) က နျူကလီးယားစွမ်းအင်သုံး ကုန်တင်သင်္ဘောများ တည်ဆောက်ခြင်းဖြင့် ပင်လယ်ပြင်ခရီးလမ်း၏ အနာဂတ်ကို ပုံဖော်ရန် ကြိုးပမ်းလျက်ရှိသည်။
HHI ၏ အဆိုအရ ကုမ္ပဏီသည် အသေးစား မော်ဂျူလာ ဓာတ်ပေါင်းဖို (SMR) နည်းပညာကို အသုံးပြုကာ ကုန်တန်ချိန် ၁၅,၀၀၀ အထိ သယ်ယူနိုင်သော နျူကလီးယားစွမ်းအင်သုံး ကုန်တင်သင်္ဘောများကို တည်ဆောက်ရန် စီစဉ်နေသည်။
ဤသင်္ဘောများသည် ပုံမှန်လောင်စာဆီများကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်သော ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်ရုံသာမက၊ လောင်စာဆီကို သိုလှောင်ထားရန် နေရာကိုပါ သက်သာစေသောကြောင့် ကုန်တင်နိုင်စွမ်းကိုလည်း ပိုမိုတိုးမြှင့်ပေးနိုင်သည်။
ထို့အပြင် SMR နည်းပညာသည် ပိုမိုလုံခြုံစိတ်ချရပြီး ထိန်းသိမ်းရလွယ်ကူသော နျူကလီးယားစွမ်းအင်ကို ပေးစွမ်းနိုင်သောကြောင့် ပင်လယ်ပြင်သွားလာရေးတွင် အသုံးပြုရန် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာသည်။
HHI ၏ ကြိုးပမ်းမှုသည် ပင်လယ်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို ရေရှည်တည်တံ့သော အနာဂတ်ဆီသို့ ဦးတည်စေမည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်။ နျူကလီးယားစွမ်းအင်ကို အသုံးပြုခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ရုံသာမက၊ လောင်စာဆီကုန်ကျစရိတ်ကိုလည်း သက်သာစေနိုင်သည်။
ထို့အပြင် နျူကလီးယားစွမ်းအင်သုံးသင်္ဘောများသည် ပိုမိုမြန်ဆန်စွာ သွားလာနိုင်သောကြောင့် ကုန်ပစ္စည်းများကို ပိုမိုအချိန်တိုအတွင်း ပို့ဆောင်နိုင်မည်ဖြစ်သည်။ ဤအချက်များသည် ကမ္ဘာ့ကုန်သွယ်ရေးကို ပိုမိုထိရောက်ပြီး ရေရှည်တည်တံ့စေရန် အထောက်အကူပြုမည်ဖြစ်သည်။
သို့သော် နျူကလီးယားစွမ်းအင်သုံးသင်္ဘောများ တည်ဆောက်ခြင်းနှင့် အသုံးပြုခြင်းတွင် စိန်ခေါ်မှုများလည်း ရှိနေသေးသည်။ နျူကလီးယားစွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲမှု၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ၊ နှင့် နည်းပညာဆိုင်ရာ အခက်အခဲများသည် ဖြေရှင်းရမည့် အဓိက ပြဿနာများဖြစ်သည်။
သို့သော် HHI ကဲ့သို့ ကုမ္ပဏီကြီးများ၏ ကြိုးပမ်းမှုနှင့်အတူ ဤစိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်နေကြသည်။

image
1 y - Translate

Nvidia ရဲ့ ကမ္ဘာ့ အသေးဆုံး AI စူပါကွန်ပြူတာ လာပြီ
===============================
Nvidia က Consumer Electronics Show (CES) 2025 မှာ Project DIGITS အမည်ရ ကမ္ဘာ့ အသေးဆုံး AI စူပါကွန်ပြူတာကို ပြသလိုက်ပါတယ်။ ဒီဇိုင်းက Apple Mac Mini နဲ့ တူညီပြီး ဒေါ်လာ ၃,၀၀၀ သတ်မှတ်ထားပါတယ်။
AI စူပါကွန်ပြူတာဟာ 200 Billion AI Model တွေကို Run နိုင်ပါတယ်။ AI ဝါသနာရှင်တွေ၊ AI Researcher တွေနဲ့ ဒေတာ Scientist တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Project Digits မှာ AI Model တွေကို ဖန်တီးနိုင်၊ စမ်းသပ်နိုင်ပြီး Cloud Server ကို တင်နိုင်ပါတယ်။
လက်ဖဝါး အရွယ်လောက်ပဲ ရှိပြီး တော်တော် သေးပေမယ့် GB10 Superchip ပါတဲ့အတွက် AI စွမ်းရည် တော်တော်မြင့်မားပါတယ်။ 128GB Memory နဲ့ 4TB Storage ထည့်သွင်းထားပါတယ်။
Nvidia က AI စူပါကွန်ပြူတာကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

?
နောက်ထွက်မယ့် Xiaomi 15 Ultra နဲ့ ရိုက်ကူးထားတဲ့ Xiaomi SU7 Ultra ကား မောင်းနှင်မှု
====================================================
Xiaomi ဟာ ဒီလ ၂၆ ရက်နေ့မှာ Xiaomi 15 Ultra ဖုန်းနဲ့ Xiaomi SU7 Ultra လျှပ်စစ်ကားကို ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ အဲဒီဖုန်းနဲ့ ကားအတွက် Teaser Video တစ်ခုကို ကုမ္ပဏီက မျှဝေလိုက်ပါတယ်။ ရှန်ဟိုင်း နိုင်ငံတကာ ကားမောင်းကွင်းမှာ SU7 Ultra ကားမောင်းတာကို 15 Ultra နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ပေါက်ကြားသတင်းတွေအရ Xiaomi 15 Ultra မှာ စွမ်းရည်မြင့် Snapdragon 8 Elite Chip ပါလာနိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Main 1 Inch Sensor, 50MP Ultrawide, 50MP Short-range Telephoto နဲ့ 200MP Long-range Periscope Telephoto ကင်မရာ ၄ လုံး တပ်ဆင်ထားနိုင်ပါတယ်။ 90W Wired, 50W Wireless Charging ပါတဲ့ 6,000mAh Battery ထည့်သွင်းထားနိုင်ပါတယ်။
Xiaomi SU7 Ultra ကားရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ယွမ် ၈၁၄,၉၀၀ (ဒေါ်လာ ၁၁၁,၀၀၀ ဝန်းကျင်)နဲ့ ရောင်းချမှာ ဖြစ်ပြီး အောက်တိုဘာလ ကတည်းက ကြိုတင်မှာယူခွင့်ပြုထားပါတယ်။ မိတ်ဆက်ပွဲပြီးတာနဲ့ ကားကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

1 y - Translate

ပါချုပ်ဆရာတော်ဘုရားကြီးကို မိသားစုလိုက် ဖူးမြော်ခွင့်ရခဲ့တဲ့ ရွှေထူးတို့ ဇနီးမောင်နှံ 🙏🙏🙏

သူတို့ဇနီးမောင်နှံကတော့ ကျောင်းထိုင်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးနဲ့ ပါချုပ်ဆရာတော်ကို ဖူးမြော်ခွင့်ရခဲ့တာလို့ဆိုပါတယ်။ ပါချုပ်ဆရာတော်ဘုရားကြီးဟာ ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူတွေရဲ့ ကြည်ညိုလေးစားမှုခံရတဲ့ ဆရာတော်တစ်ပါးပါ။ ဆရာတော့်ကိုဖူးမြော်ခွင့်ရဖို့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဆန္ဒတွေလည်းဖြစ်ပါတယ်။ ရွှေနှစ်ရွှေကတော့ ဆရာတော်ဘုရားကြီးကို ကြည်ညိုဖူးမြော်လိုက်ရလို့ ဝမ်းသာပီတိဖြစ်နေကြတာပါ။

image
1 y - Translate

ငါးပူတင်းမှာရှိတဲ့ တက်ထရိုဒိုတော့ဆင်(Tetrodotoxin - TTX) အဆိပ်ဓာတ်
တက်ထရိုဒိုတော့ဆင် (Tetrodotoxin - TTX) သည် အလွန်ပြင်းထန်ပြီး အာရုံကြောကိုထိခိုက်စေနိုင်သော အဆိပ်တစ်မျိုးဖြစ်သည်။
တက်ထရိုဒိုတော့ဆင် အဆိပ်သည် ငါးပူတင်းတွင် အဓိကတွေ့ရှိရပြီး အခြားပင်လယ်သတ္တဝါများတွင်လည်း တွေ့ရှိနိုင်သည်။
ဂျပန်နိုင်ငံတွင် ငါးပူတင်းကို "Fugu" ဟုခေါ်ပြီး အထူးလိုင်စင်ရထားသော စားဖိုမှူးများမှသာ ချက်ပြုတ်ရောင်းချခွင့်ရှိသည်။ အကြောင်းမှာ တက်ထရိုဒိုတော့ဆင်သည် အလွန်အန္တရာယ်များသောကြောင့် ဖြစ်သည်။
တက်ထရိုဒိုတော့ဆင်သည် အာရုံကြောဆဲလ်များ၏ လုပ်ငန်းဆောင်တာကို နှောင့်ယှက်ခြင်းဖြင့် အာရုံကြောစနစ်ကို ထိခိုက်စေသည်။
ကြွက်သားများကို အားနည်းစေပြီး အသက်ရှူလမ်းကြောင်းကို ထိန်းချုပ်သော ကြွက်သားများကိုပါ ထိခိုက်ပါက အသက်ရှူရပ်တန့်ခြင်းအထိ ဖြစ်စေနိုင်သည်။
တက်ထရိုဒိုတော့ဆင် အဆိပ်သင့်ပါက အချိန်တိုအတွင်း သေဆုံးနိုင်ချေရှိသည်။
တက်ထရိုဒိုတော့ဆင် အဆိပ်သင့်ခြင်း၏ လက္ခဏာများ -
🔹ပါးစပ်နှင့် လျှာထုံကျင်ခြင်း
🔹ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း
🔹ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
🔹ကြွက်သားများ အားနည်းခြင်း
🔹အသက်ရှူရခက်ခဲခြင်း
🔹သတိလစ်ခြင်း
တက်ထရိုဒိုတော့ဆင်သည် အပူဒဏ်ကိုခံနိုင်သော အဆိပ်ဖြစ်သည်။ ထိုအပြင် တက်ထရိုဒိုတော့ဆင်အတွက် အဆိပ်ဖြေဆေးလည်းမရှိပါ။

image

帕安(ဘားအံ )

image