47 w - Translate

AI Assistant များစွာပါဝင်သွားမယ့် AI Phone

တော်တော်များများသိကြတဲ့ TMobile ရဲ့ မိခင်ကုမ္ပဏီလို့ဆိုရမယ့် Deutsche Telekom ကနေ AI Phone ကို ဖန်တီးနေတယ်လို့ MWC 2025 မှာ ကြေညာလာတာပါ။

ဒီ AI Phone ကို Perlexity AI နဲ့ ဖန်တီးထားတဲ့အပြင် Perplexity AI လည်း built-in ပါဝင်လာမယ့်သဘောပါပဲ။ ဒါ့အပြင် Google Cloud AI, ElevenLabs, Picsart နှင့် အခြား AI tools တွေကိုလည်း support ပေးမယ်လို့ဆိုပါတယ်။ (တကယ့်ကို AI Phone ပါပဲ)

image
47 w - Translate

Samsung MX မှာ အကြီးဆုံးဖြစ်တဲ့ chief TM Roh နေရာမှာ Choi won-joon ကို အစားထိုးခန့်အပ်မယ်လို့ သိရပါတယ်။
Choi won-joon အကြောင်း
Choi won-joon က ဆမ်ဆောင်းမှာ ထင်ရှားတဲ့လူတဦးဖြစ်ပြီး Galaxy S25 series ရဲ့ အောင်မြင်မှုကြောင့် အခုလို promote ဖြစ်လာတာလို့ ပြောပါတယ်။
Choi ဟာ ဆိုးလ်နေရှင်နယ်တက္ကသိုလ်ကနေ မာစတာဘွဲ့ရရှိထားသူဖြစ်ပြီး အမေရိကန်ရှိ စတန်းဖို့ဒ်တက္ကသိုလ်ကနေလည်း ပါရဂူဘွဲ့ ရရှိထားသူတယောက်ဖြစ်ပါတယ်။
၂၀၁၆ မှာ Samsung Electronics ကို စတင်ဝင်ရောက်လာခဲ့ပြီး ထုတ်ကုန်ဖန်တီးတဲ့အဖွဲ့မှာ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

image

*#မျှစ်ရခိုင်ချက်နည်း*



မျှစ်ကို အစိပ် ရှည်ရှည်လေးစိပ် ရေစိမ်ထားပါ..
ငရုတ်သီးစိမ်း မိမိစားနိုင်သလောက်ကိုကျက်အောင်ပြုတ်

ငပိစိမ်းစား အနည်းငယ် ကြက်သွန်နီ နနွင်း ဆား ဟင်းချိုမှုန့် တို့ပါရောထောင်း

ရေစိမ်ထားတဲ့မျစ်တွေဆယ်ပြီး ရောနယ် ဆီထည့် ပါ မျှစ်မြုပ်လုနီးပါးရေထည့် ပြီးအဖုံးအုပ်ချက်ပါ

ရေခမ်းခါနီးရင် အရသာ မြည်းပါ လိုအပ်ရင် အရသာထပ်ဖြည့်ပေးပြီး ချလို့ရပါပြီရှင်..

Credit Ni Ni Win

image
47 w - Translate

ညက အယ်လ်နာဆာတို့ အီရန်မှာ အာရှချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို သွားကစားခဲ့ရပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒို လိုက်ပါသွားခြင်းမရှိဘဲ ဆော်ဒီမှာသာ နေခဲ့တာပါ။ ၂၀၂၃ က ဖြစ်ရပ်တခုကြောင့် သူ နေခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၃ တုန်းကလည်း အယ်လ်နာဆာဟာ အဲဒီအသင်းနဲ့ပဲ သွားကစားခဲ့ရတာပါ။ ရော်နယ်ဒိုလိုက်ပါသွားခဲ့ပြီး အီရန်မှာ နာမည်ကြီးနေတဲ့ ခြေထောက်နဲ့ပန်းချီဆွဲသူ မသန်စွမ်းအမျိုးသမီးငယ်တဦးကို သူ တွေ့ဆုံပေးခဲ့ပါတယ်။ လက်ဆောင်တွေချင်းအပြန်အလှန် ပေးခဲ့ပြီး ရော်နယ်ဒိုက ပွေ့ဖက်ပေးကာ ခေါင်းကိုလည်း နမ်းရှုံ့ခဲ့ပါတယ်။

အီရန်မှာ ကိုယ်နဲ့လက်ထပ်ထားတဲ့ အမျိုးသမီးမဟုတ်ရင် အဲလိုမျိုးလုပ်တာက ထောင်ဒဏ်နဲ့ ကြိမ်ဒဏ် ချမှတ်လို့ရတဲ့ ဥပဒေပြဌာန်းထားတာပါ။ ရော်နယ်ဒိုအပေါ်ဝေဖန်မှုတွေ၊ တရားစွဲမယ်ဆိုပြီး အသံတွေပါ ထွက်ခဲ့ပါသေးတယ်။ တကယ်တော့ဖြစ်မလာသလို အီရန်အစိုးရကလည်း အရေးယူမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် အခုတခါတော့ အလားတူဖြစ်ရပ်တွေ မဖြစ်အောင် ရော်နယ်ဒိုက ကြိုရှောင်လိုက်ပုံရပါတယ်။

image
47 w - Translate

M3 Chip အသစ်နဲ့ iPad Air အသစ်ကို Apple ကနေ တိတ်တခိုး မိတ်ဆက်သွားပါတယ်။

သူနဲ့တွဲသုံးလို့ရမယ့် magic keyboard အသစ်ကိုလည်း ကြေငြာသွားပြီး အရင်‌ iPad Air တွေနဲ့လည်း တွဲပြီးအသုံးပြုနိုင်မှာပါ။

၁၁လက်မ iPad Air ကို ဒေါ်လာ ၆၀၀ ၊ ၁၃လက်မ iPad Air ကို ဒေါ်လာ ၈၀၀ နဲ့ ရောင်းချမှာဖြစ်ပြီး အပြာ၊ခရမ်း၊အဖြူနဲ့မီးခိုးရောင်ထဲက ရွေးချယ်နိုင်မှာပါ။

image
47 w - Translate

မီးလင်းတဲ့ Nothing Phone (3a) စီးရီးကို MWC 2025 မှာ မိတ်ဆက်လိုက်ပါတယ်။

ဖုန်းနှစ်လုံးစလုံးမှာ telephoto lens နဲ့ ဒီဇိုင်းပိုင်းကလွဲလို့ ကျန်တဲ့အပိုင်းတွေ အကုန်နီးပါး တူတူပါပဲ။

- 6.7inches Amoled 120hz Full HD+
- Snapdragon 7s Gen 3
- 5000 mAh + 50W fast charging
- IP 64
- 50MP + 50MP + 8MP back cameras
- 50MP for 3a Pro | 32MP for 3a (Selfie)

image
47 w - Translate

"ဆာလာက အရမ်းထူးချွန်တဲ့ကစားသမားပါ၊ ဒီရာသီမှာဆို ဘယ်သူ့ထက်မဆို သူက ပိုကောင်းမွန်ခဲ့ပါတယ်၊ ဒါက သံသယဖြစ်စရာကိုမရှိဘူး၊ ဘလွန်းဒီအောဆုနဲ့ သူ ထိုက်တန်နေပါပြီ"
- နေမာ

image
47 w - Translate

Tecno က သူတို့ရဲ့ Camon 40 စီးရီးကို ကြေငြာသွားပါတယ်။
Camon 40 | 40 Pro | 40 Pro 5G | 40 Premier ဆိုပြီး လေးမျိုးလာမှာပါ။ ဈေးအပေါဆုံး Camon 40 မှာ 120hz Amoled၊ Mediatek G100၊ 5200 mAh နဲ့ 45W တို့ကို သုံးထားပါတယ်။
ဈေးအများဆုံး 40 Premier မှာတော့ LTPO Amoled 144hz၊ Dimensity 8350၊ 50MP ကင်မရာသုံးလုံး၊ IP68/69 နဲ့အတူ 70W အမြန်အားသွင်းစနစ်တို့ကို ထည့်ပေးထားပါတယ်။

image
47 w - Translate

real madrid vs atletico madrid
ညက တော့သွားတဲ့ ရီးရဲလ် နဲ့ အေတီကိုပွဲကတော့ တော်တော်ကိုမိုက်တာပါ။၂ဖက်လုံးကလဲ သေသေချာချာ ကန်သွားခဲ့ပြီးတော့ သွင်းသွားတဲ့ဂိုးတွေတိုင်းကလည်း တကယ် quality ပြည့်ပြည့် နဲ့ ဂိုးတွေကြီးပါပဲ ။ဒုတိယအကျော့ကတော့ဘယ်လိုလာမလဲတော့မသိပါဘူး တော်တော်တော့ရင်ခုန်ဖို့တော့ကောင်းနေပါပြီ။

နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
---------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန် ရာနှုန်း ၆၀ ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image