Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဩစတေးလျနိုင်ငံမှာဆေးလိပ်တစ်ဗူးဝယ်ရသောငွေနှင့်အောက်ပါအစားအသောက်များဝယ်ယူနိုင် (၁၃/၁၀)
❇️ ဩစတေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆေးလိပ်စျေးအကြီးဆုံးနိုင်ငံဖြစ်သည့်အလျောက် ဆေးလိပ်တစ်ဗူးဝယ်ရန် ကုန်ကျစားရိတ်နှင့် အစားအသောက်များဝယ်ယူပါက ဆေးလိပ်တစ်ဗူးအစား အောက်ပါအစားအ သောက်များရရှိကြောင်း စျေးဝယ်သူတစ်ဦးက ထောက်ပြခဲ့သည်။ ဆေးလိပ်အလိပ် ၃၀ ပါသောဆေးလိပ်တစ်ဗူးဟာ $၆၀ လောက်ရှိပြီး အောက်ပါ အစားအသောက်များသည် $၅၆.၁၉ သာကျသင့်သည်ဟု သူကနှိုင်းယှဉ်ပြီးပြထားသည်။ သူထောက်ပြသော စျေးနှုန်းကိုလည်းအောက်ပါအတိုင်းတွေ့ရသည်။ (ထပ်ဖြည့်- တို့မြန်မာနိုင်ငံဖွားများစားသုံးနေသော ဆန်၂၀ kg တစ်အိတ်သည် $၄၅-၅၀ လောက်သာရှိပြီး၊ ပုံမှန်မိသားစုတစ်စု က ၂ ပတ်လောက်စားရသည်။ ဆေးလိပ်တစ်ဗူးဝယ်ရသောငွေနှင့် ဆန်တစ်အိတ်ဝယ်လို့ရသည်။)
Brushed potatoes 2kg - $5.50
Carrots 1kg - $1.40
Frozen peas 1kg - $1.99
Frozen green beans 1kg - $1.99
Apples 1kg - $2.90
Bananas - $1.62 (54 cents each)
Chip varieties 20-pack - $4
Full cream milk 2L - $2.39
Table spread 500g - $1.40
Strawberry yoghurt 1kg - $3.50
Dried spaghetti 500g - $2
Rigoletto pasta sauce 500g - $1.80
Cheese slices 500g - $3.90
Beef mince 500g - $6
Beef sausages 600g - Two for $10
Two loaves of white bread - $2.60
Wheat biscuit 1.12kg - $3.20
▶️Total grocery cost: $56.19
Sr: daily mail
မန်စီးတီးကစားသမားဘ၀ ပြိုင်ပွဲစုံ သွင်းဂိုး(၁၀၀)ပြည့်ခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားလ်
မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်လယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းနားလ်ဟာ ခရစ်စတယ်ပဲလေ့စ်နဲ့ ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)တွင် အသင်းအတွက် သွင်းဂိုး (၂)ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ဒီဘရိုင်းနားလ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ကစားရခက်တဲ့ ပဲလေ့စ်ကို နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသွင်းဂိုးများဟာ ဘယ်လ်ဂျီယံကွင်းလယ်လူ ရဲ့ စီးတီးကစားသမားဘ၀ပြိုင်ပွဲစုံ (၁၀၀)ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ဒီဘရိုင်းနားလ်သည် အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၇၂)ပွဲကစားရာတွင် ရာပြည့်ဂိုးသွင်းယူနိုင်ခြင်းဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ရာပြည့်ဂိုးသွင်းယူနိုင်သည့် (၁၈)ဦးမြောက် ကစားသမားဖြစ်လာခဲ့ကြောင်း သိရသည်။(၂၀၁၅-၁၆)ရာသီတွင် မန်စီးတီးအသင်း၌ စတင်ကစားခဲ့သော ဒီဘရိုင်းနားလ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၆၇)ဂိုး၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၁၅)ဂိုး၊ လိဂ်ဖလားပြိုင်ပွဲတွင် (၁၀)ဂိုး၊ FA ဖလားပြိုင်ပွဲတွင် (၈)ဂိုး စုစုပေါင်း(၁၀၀)ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ်🌿
ရိဒ်ရေကန် (Rih Lake) (သို့မဟုတ်) အသည်းပုံရေကန်❤️
☘️နိုင်ငံအေးချမ်းတဲ့ တစ်နေ့ရောက်အောင်သွားလည်မယ်
ရိဒ်ရေကန်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့မှာ ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၂၉၆၆) ပေမြင့်တဲ့ နေရာတွင် ရှိပါတယ်။ အိန္ဒိယ-မြန်မာ နယ်နိမိတ်ဖြစ်တဲ့ တီယိုချောင်း နဲ့ (၂)မိုင်ခန့်အကွာတွင် တည်ရှိပြီး အပျော်စီး စက်လှေဖြင့် ရိဒ်ရေကန်လေးကို လေ့လာနိုင်ပါတယ်။ အကျယ်အဝန်း(၃)မိုင်ရှိတဲ့ ရိဒ်ရေကန်ဟာ သဘာဝအတိုင်းအသည်းနှလုံးပုံသဏ္ဍာန်ဖြစ်တည်နေတာဖြစ်ပြီး ရေကန်ရဲ့ ပတ်လည်မှာ မိုးမခပင်ပုလေးများ သဘာဝအတိုင်း ဝန်းရံကွက်ထားပါတယ်။ ရိရေကန်လေးသို့ သွားလည်ချင်တယ်ဆို်ရင်တော့ ကလေး-တီးတိန်-ရိခေါဒါရ် လမ်းကြောင်းဖြင့်လည်းကောင်း၊ ဂန့်ဂေါ-ဟားခါး-ဖလမ်း-ရိခေါဒါရ် လမ်းကြောင်းဖြင့်လည်းကောင်း သွားရောက်လည်ပတ်နိုင်ပါတယ်။